Team

Words
149
Reading
1 min
Listen
Play
8y

image
လုပ်ငန်းရှင်ဆိုတာ team leader ပဲ။
ဝန်ထမ်းဆိုတာ team member ပဲ။
member သက်သက်ကောင်းနေလို့လည်းမရ။
leader သက်သက်ကောင်းနေလို့လည်းမရ။
leader မကောင်းရင် member တွေ လည်းဘာမှ မတတ်နိုင်။
member ကောင်းမရရင်လည်း leader ကောင်းက ဘယ်လိုမှ ရှေ့ဆက်သွားလို့မရနိုင်။

ဒီခေတ်က team နဲ့ သွားမှ အောင်မြင်တဲ့ခေတ်။ တစ်ယောက်ကောင်း တစ်ကိုယ်ကောင်း သူရဲကောင်းခေတ်က ကုန်ခဲ့ပြီ။

အတော်များများကိစ္စတွေမှာ ကိုယ့်လုပ်နိုင်စွမ်း limit၊ ကိုယ့် ရွေးချယ်ခွင့် limit တွေက အ၇မ်းကို နည်းလွန်းသလိုပဲ။

လူတစ်ယောက်ရဲ့ အတွေးတွေဟာ သူ့စိတ်အခြေနေ နဲ့လည်းဆိုင်တယ်လို့ ယူဆတယ် ။ ခုလတ်တလော စိတ်တွေကျနေလို့ လည်းအဲ့လိုတွေးမိတာဖြစ်နိုင်တာပဲ။

အဲ့တာလည်းအတော်ကြီးမားတဲ့ပြဿနာ။ ကိုယ့်အတွေးတိုင်းကို ကိုယ်တိုင် ယတိပြတ်မှန်တယ်လို့ မထင်နိုင်တဲ့ပြဿနာက အတော်ဆိုးတယ်။
တစ်ခုခုတွေးမိရင် ငါ ဒီလိုတွေးတာ က ပကတိ အခြေနေကြောင့်ဟုတ်ပါ့မလား။ စိတ်အဆင်ပြေနေလို့ တွေးမိတာလား။ စိတ်အဆင်မပြေလို့တွေးမိတာလား ဆိုတာမျိုး။ နောက် ဘယ်လိုဖြစ်ဖြစ် စိတ်ကတွေးကြတာတပဲမို့ အတွေးတွေဟာ မှန်တာမှားတာလည်းမဟုတ်ဘဲ အတွေးသက်သက်ပါပဲ လားဆိုတာမျိုး ပြန်ပြန် တွေးနေမိတာတွေကနေ ဘယ်တော့မှ ကိုယ့်အယူအဆ ကိုယ့်အတွေးကို ယတိပြတ်အမှန်တရားလို ဖက်တွယ်မထားဖြစ်တော့တဲ့ အကြောင်းတစ်ချက်ပဲ။

အဲ့တာကြောင့် ကျွန်တော်တော့ ဒီလို ထင်တယ်။ ဒီလိုယူဆတယ်လို့သာ အမြဲပြောဖြစ်တာများတယ်။ ဒါကတော့ ဒီလိုပဲ ဆို ယတိပြတ် မပြောချင်တော့တာ။

တစ်ခါတစ်လေတော့လည်း ကိုယ်ဟာ တိကျသေချာတဲ့ အယူအဆ ဘာမှ မရှိတဲ့သူလို့ပြော၇မလိုပဲ။ အီမာန် မရှိသူပေါ့။ ယုံကြည်မှု မရှိသူပေါ့။ ယုံကြည်ချက်မဲ့နေတာလား ဆိုတော့လည်း မဟုတ်ဘူး။ လူတိုင်းက တစ်ခုခုကိုတော့ ယုံကြည်နေကြတာချည်းပဲလေ။ ကိုယ်တကယ်သိပြီးတာကိုယုံတာ နဲ့ မသိလည်းသူများပြောတာကို ယုံတာ။ အဲ့လောက်ပဲ ကွဲပြားမယ်။
ကိုယ့်စိတ်မှာ ယုံကြည်ချက်တွေက ပြောင်းနေတာ ပြောင်ေးနဦးမယ်ဆိုတာကို သိနေလို့ ကိုယ့်ယုံကြည်ချက်တွေကို အပြည့်အ၀ အသေ ဖက်မထားတော့တာ။ ဆိုလိုတာက အမြဲမှန်နေတဲ့ ခိုင်မာတဲ့ အမှန်ရယ်လို့ လက်ခံစရာ ဘာကိုမှ မတွေ့သေးတာ။ ဆိုတော့ ခံယူချက် မခိုင်မာတဲ့သူလို့လည်းပြောနိုင်ပါတယ်။

စပြောတုန်းကတော့ မိသားစုကနေ လုပ်ငန်းရှင် အဲ့ကနေ နိုင်ငံတစ်ခု ကမ္ဘာတစ်ခုအထိ ပြောမလို့ပဲ။ အဲ့ကနေ ဘယ်ရောက်သွားလဲ မသိဘူး။ အစကိုလည်းပြန်မသွားချင်တော့ဘူး။
:)
Please Follow bonebone@bonebone

Team | Ecency