✏📜📜📝

bokaung(48)
Published in
#esteem
Words
586
Reading
3 min
Listen
Play
8y

မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းနဲ့
မြို့သာ စက်မှု့ဥယျာဉ်မြို့တော် စီမံကိန်း

ယခင်အစိုးရ လက်ထက်မှာ

  • တံတားဦး အပြည်ဆိုင်ရာလေဆိပ် ။
  • အာဆီယံ အမြန်လမ်းမကြီးစီမံကိန်း ။
  • ရန် -မန်းအမြန်လမ်းမကြီး ။
  • ဆီမီးခုံ ရေနက်ဆိပ်ကမ်း
    ( ဧရာဝတီ မြစ်နဘေး )
  • မြို့သာစက်မှု့ဥယျာဉ်မြို့တော် စီမံကိန်း ။
  • ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ်
    ထုတ်လုပ်ရေး စီမံကိန်း ။
  • ရဲရွာရေအားလျှပ်စစ်ထုတ်လုပ်ရေး ။
  • ဆည်တော်ကြီးရေအားလျှပ်စစ်ထုတ်လုပ်ရေး ။
  • မြင်းခြံ နဲ့ပြင်ဦးလွင်မှာရှိတဲ့
    သံမဏိ စက်ရုံ တွေ ။
  • ပခုက္ကူတံတား ( ဧရာဝတီ )
  • ရတနာပုံတံတား( ဧရာဝတီ )
    စစ်ကိုင်း မန်းလေး ။
    စတဲ့စီမံကိန်းတွေဟာ တခုနဲ့တခု ဆက်ဆက်နေတယ်လေ ။
    ဒီနေရာမှာ ပင်မအရေးကြီးဆုံး လိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ်ဓါတ်အား လုံလောက်စွာရရှိရေးကို ကန့်ကွက် ရပ်ဆိုင်းလိုက်တာက လုပ်ငန်းအားလုံးကို လေးလံ ထိုင်းမှိုင်းသွားစေတဲ့
    အချက်ဖြစ်တယ် ။

ထုတ်ကုန်သွင်းကုန်များအတွက် ကုန်စည်စီးဆင်မှု့ လွယ်ကုချောမွှေ့စေရန် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ အနေနဲ့

  • ရေလမ်း ( ဆီမီးခုံဆိပ်ကမ်း ဧရာဝတီ )
  • လေလမ်း
    (တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ် )
  • ကုန်းလမ်း
    ( အာဆီယံအမြန်လမ်းမကြီးနဲ့ ရန်- မန်း
    အမြန်လမ်းမကြီးတို့ဟာ
    အဆင်သင့်ဖြစ်နေပါပြီ ။ )

အဓိကလိုအပ်နေတာ အချို့က ……
*** လျှပ်စစ်ဓါတ်အား
လုံလောက်စွာရရှိရေးဖြစ်ပါတယ် ။

ယခုအချိန်မှာ ဒုတိယလိုအပ်ချက်က ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အစိုးရရဲ့ ပြည်ပရင်းနှီးမြှုပ်နံ့မှု့ဆိုင်ရာ ဥပဒေနဲ့ စီးပွားရေးမူဝါဒ ရှင်းလင်းပြတ်သားဖို့
လိုနေတာပါ ။
( ဒီနေရာမှာ တိုင်းရင်းသားဒေသလက်နက်ကိုင်များအနေနဲ့ အားလုံး ငြိမ်းချမ်းရေးလက်မှတ်ထိုးပြီးမှ ဖြစ်နိုင်မယ်လို့ပြောတာမဟုတ်ပါ ။ ပြည်တွင်းဆူပူသောင်းကျန်းမှု့နဲ့ လက်နက်ကိုင်ပစ်ခက်နေမှု့လျှော့ချနိုင်လျှင်ဖြစ်နိုင်ခြေရှိသော်လည်း အစိုးရ၏ စီပွားရေးနဲ့ ရင်နှီးမြှုပ်နှံ့မှု့ မူဝါဒက အခက်အခဲ မဖြစ်ဖို့ လိုပါတယ် ။ )

  • မြို့သာ စက်မှု့ဥယျာဉ်မြို့တော် စီမံကိန်းကြီးအတွက် ကျွမ်းကျင် လုပ်သားအင်အား လိုအပ်ချက် ရှိနိုင်ပါတယ် ။
    သို့သော်လည်း များစွာမခတ်ခဲပါ ။
    ၎င်း စီမံကိန်းတည်နေရာသည် မန်းလေးတိုင်းဟုဆိုသော်လည်း
    မန်းလေး - စစ်ကိုင်း -မကွေး တိုင်းဒေသ၏ တြိဂံနယ်မြေတွင်ရှိနေခြင်း နဲ့အတူ ပြည်ပထွက်၍ အလုပ်နေသူ လုပ်ခဲ့ဖူးသူ များစွာရှိနေတဲ့ ပြည်ပ စက်ရုံ အလုပ်ရုံများမှ အတွေ့အကြုံရှိလုပ်သားအင်အား များစွာရှိတဲ့ နယ်မြေဖြစ်ပါတယ် ။

ယခင်အစိုးရများအနေနှင့် သင်တန်းတွေပေး၍ အတွေ့အကြုံ တွေ လုပ်ငန်းတွေ သင်ကြားပေးခြင်းမဟုတ်ပဲ မိမိကိုယ်တိုင်ပြည်ပတွင် အလုပ်လုပ်၍ လေ့လာစေခြင်းဖြင့် ၎င်းစီမံကိန်းအတွက်လိုအပ်သော လုပ်သားများစွာအတွက် လေ့ကျင့်ပြုစု ပျိုးထောင်ပေးခဲ့ပါတယ် ။

ဒီလောက်ဆိုရင် သဘောပေါက်သင့်ပါတယ် ။ မြန်မာပြည် စီးပွားရေးဖွံ့ဖြိုးတိုးတတ်မှု့ဘာကြောင့် ဘယ်သူတွေကြောင့် လေးလံထိုင်းမှိုင်းခဲ့ရသလဲ ဆိုတာ ကိုယ်တိုင်သာစဉ်းစားကြည့်ပါ ။

အဓိကကတော့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို
ဘယ်သူတွေ ဘာ့ကြောင့်
ကန့်ကွက်ခဲ့တာလဲ ။
၎င်း စီမံကိန်းကို အရင်အစိုးရလက်ထက်မှာလုပ်မယ်ဆိုတော့ မကောင်းဘူး ကန့်ကွက်တယ် ။
ငါ့အစိုးရလက်ထက်မှာလုပ်ရင်တော့ ကောင်းတယ် မကန့်ကွက်နဲ့ လျှာမရှည်နဲ့ ကန့်ကွက်ရင်ထောင်ချမယ် ဆိုတဲ့ပုံစံမျိုးလုပ်လာရင်တော့ …………
ဟာသပဲ ……ဟာ့ဟာ့တော့မပေးဘူး ဘာပေးမယ်သိချင်လား ……???

      မြစ်ဆုံ ဆန်းစစ်ချက်

အခုတလော International Finance Corporation (IFC) က ရေအားလျှပ်စစ်က ပြောတယ်ဆိုပြီး မြေပုံနဲ့ တကွ တက်လာတာရှိပါတယ်။ ပဋိပက္ခကြောင့် စစ်ပွဲတွေကြောင့် ဆည်ဆောက်ရင် အကုန်အကျများမယ်လို့ အနီဖျော့ရောင် ပြတာကိုလည်း ဆည်ပဲ မဆောက်သင့်သလို ဝါဒဖြန့်တာတွေ တွေ့ရတယ်….။

ဒီနေရာမှာ ဒီပြင် အဖွဲ့အစည်းတွေရဲ့ စံတွေလဲ ရှိနိုင်တယ်။ ဒါပေမယ့် ကမ္ဘာ့ဘဏ်ရဲ့ စံကိုပဲ အဓိက ယူကြရမှာပါ။။

ဘယ်အဖွဲ့အစည်းက ဆောက်သင့်တယ် … ဘယ်အဖွဲ့အစည်းက မဆောက်သင့်ဘူး ဆိုတာတွေ နားယောင်မယ့် အစား ကိုယ့်ဘာသာ ဆုံးဖြတ်နိုင်အောင် ကမ္ဘာ့ဘဏ်က ဆည်ကြီးတွေအနက် ဘယ်လို ဆည်ကြီးတွေဟာ သဘာဝ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ရှိမရှိဆိုတာ သတ်မှတ်ချက်တွေ ထုတ်ထားခဲ့တယ်။

ဒီ သတ်မှတ်ချက်တွေနဲ့ တိုက်ဆိုင်ပြီး ကိုယ်ပိုင် ဦးနှောက်နဲ့ စဉ်းစားလိုက်ရင်တောင် မြစ်ဆုံဟာ ဆောက်သင့်တဲ့ နေရာလား မဆောက်သင့်ဘူးလားဆိုတာ သိသာနိုင်ပါတယ်။

ကမ္ဘာ့ဘဏ်က ထုတ်ဝေတဲ့ Good Dams and Bad Dams စာအုပ်မှာ.....

၁. ရေဖုံးလွှမ်း ဧရိယာ များရင်
၂. ဒေသခံလူမျိုးများနဲ့ သဘာဝ တောရိုင်းတိရိစ္ဆာန်များ ဆုံးရှုံးမှုများရင်
၃. ဇီဝ မျိုးစိတ်တွေ ရေလွှမ်းမှုများရင်
၎. ဆည်ရေတိမ်ပြီး နှုန်းပို့ချမှု မြန်ရင်
၅. အောက်ပိုင်းမှာ မြစ်လက်တက်ကြီးများ ထပ်မရှိတော့ရင်
၆. ရေမြုပ်သစ်တော ဆွေးမြေ့ပျက်ဆီးမှုမြန်ပြီး ညစ်ညမ်းဖြစ်စေရင်
၇. ကူးစက်ရောဂါများ ပြန့်ပွားစေမည်ဆိုရင်
၈. ရေမှော်များ ပေါက်ဖွားမှု များပြားလာမယ်ဆိုရင် Bad Dams တွေလို့ ကမ္ဘာ့ဘဏ်က ဆိုတယ်။

၁. ရေဖုံးလွှမ်း ဧရိယာ များရင် ဆိုထားရာမှာ မြစ်ဆုံဆည်ဟာ ရေဖုံးလွှမ်းဧရိယာ များတယ် ဆိုကြပေမယ့် ပမာဏတူ အမေရိကန်ရှိ Grand Coulee Dam (6000 mw) နဲ့ ယှဉ်မယ်ဆိုရင်တော့ မတိမ်းမယိမ်းသာ ရှိပါတယ်။ အမေရိကန်ဆည်ကြီးဟာ 125 sq-miles ရှိပြီး မြစ်ဆုံဆည်ဟာ 137 sq-miles ရှိပါတယ်။

၂… ဒေသခံလူမျိုးများနဲ့ သဘာဝ တောရိုင်းတိရိစ္ဆာန်များ ဆုံးရှုံးမှုများရင်ဆိုထားရာမှာ မြစ်ဆုံဟာ ဒေသခံလူမျိုး ၂၀၀၀ ကျော်သာ ရွှေ့ပြောင်းပေးရတော့ အခြားဆည်ကြီးများထက် စာရင် အလွန့်ကိုနည်းပါးပါတယ်။ တရုတ် Three George Dam မှာ လူ ၂ သန်း ကျော်ရွေ့ခဲ့ရပြီး အာဖရိက ဆည်ကြီးတွေမှာ လူသိန်းချီ ရွှေ့ခဲ့ရတာတွေရှိပါတယ်။ သဘာဝ တောရိုင်း တိရိစ္ဆာန်ဟာလည်း မရှိသလောက်ပါပဲ။

၃။ . ဇီဝ မျိုးစိတ်တွေ ရေလွှမ်းမှုများရင် …
ပျောက်ကွယ်တော့မယ့် ဇီဝမျိုးစိတ်မျိုး မရှိသလောက်နည်းပါးပြီး မြောက်အမေရိကတိုက် ကမ္ဘာ့ဒု အကြီး Itaipu ရေကာတာကြီး ဇီဝ မျိုးစိတ် သန်းနဲ့ ချီ ရွှေ့ပြောင်းရတာနဲ့ စာရင် ရီစရာတောင် ကောင်းပါတယ်။

၎။ ဆည်ရေတိမ်ပြီး နှုန်းပို့ချမှု မြန်ရင်
အမြင့်ပေ ၄၅၀ကျော် ရှိတဲ့ အတွက် ရေတိမ်စရာ မရှိသလို ခေတ်မှီဆည်တွေမှာ နှုန်းလွှတ်ပေါက်တွေ တတ်ဆင်ထားကြတာမို့ ဒီအချက်ကလည်း စိုးရိမ်စရာမရှိပါဘူး။

၅. အောက်ပိုင်းမှာ မြစ်လက်တက်ကြီးများ ထပ်မရှိတော့ရင်
ဆိုထားတော့ မြစ်ဆုံဆည်အောက်မှာ ချင်းတွင်းမြစ် မူးမြစ် မြစ်ငယ် မြစ်လို မြစ်လက်လက်ကြီးများစွာနဲ့ မြစ်လက်တက်ငယ်များစွာ ထပ်ရှိနေတဲ့ အတွက် လုံးဝကို စိုးရိမ်စရာ မရှိတော့တာပါ။

၆။ ရေမြုပ်သစ်တော ဆွေးမြေ့ပျက်ဆီးမှုမြန်ပြီး ညစ်ညမ်းဖြစ်စေရင်
ရေမြုပ်သစ်တောဆိုတာလည်း မြန်မာနိုင်ငံမှာ သစ်တောတွေ အပြောင်ရှင်းပြီး သလောက် ဖြစ်နေတော့ စိုးရိမ်စရာ မရှိတော့ဘူး။ လက်ကျန် တောငယ်ကိုလည်း အပြောင်းရှင်းပြီး ရေလှောင်တာမျိုးလဲ လုပ်လို့ ရကြတော့ ဆွေးမြေ့ ညစ်ညမ်းစရာ မရှိပါဘူး။

နံပါတ် ၇ နဲ့ ၈ ကူးစက်ရောဂါများ ပြန့်ပွားစေမည်ဆိုရင် ရေမှော်များ ပေါက်ဖွားမှု များပြားလာမယ်ဆိုရင် Bad Dams တွေလို့ ကမ္ဘာ့ဘဏ်က ဆိုထားတော့ ကချင်ပြည်နယ် မြစ် ချောင်းတွေဟာ သန့်စင်လှပါတယ်။ ရေကို အောက်ထိ ကျောက်စရစ်များကို ကောင်းစွာ ထွင်းဖောက်မြင်နိုင်တဲ့ အထိ သန့်စင်ပါတယ်။ နှုန်းလဲ မရှိသလောက် နည်းပါတာကိုး။ ဒါအပြင် ရေသန့်ပေးတဲ့ စက်ရုံတွေ ကမ်းခြေမှာ တည်ဆောက်ပေးထာမှာမို့ ကူးစက်ရောဂါပြန့်ပွားမှာ ရေမှော်ပေါက်ပွားမှု များပြားမှာမျိုးတွေ မရှိနိုင်လောက်ပါဘူး။

အရင်က US က ကန့်ကွက်ဖူးလို့ World bank ကတောင် ဆည်ကြီးတွေ ကူညီတာ ဆယ်စုနှစ် တခုကျော် ရပ်လိုက်သေးတယ်။ ဒါပေမယ့် ၂၀၁၅ Paris agreement မှာတော့ ဆည်တွေကို သန့်စင်စွမ်းအင်ထဲ ပြန်ထည့်ပြီး ကူညီဖို့ သဘောတူလိုက်ပြီ။ ရေအားလျှပ်စစ် ထုတ်လုပ်မှုတွေ ၂ ဆ တိုးကြတော့မှာဖြစ်တယ်။

ကမ္ဘာမှာ ဧရာဝတီက နံပါတ် ၅၅ ခုမြောက် အရှည်ဆုံးမြစ်။ သူ့ထက်ရှည်တဲ့ မြစ်ပေါင်း ၅၂ မြစ်ဟာ ရေကာတာ ဆောက်ပြီး ဖွံ့ဖြိုးရေးအတွက် အသုံးချနေကြပြီ။ တချို့ ရေခဲနေတတ်တဲ့ မြစ် ၂ ခုလောက်ကလွဲပြီး ရေကာတာ မရှိတဲ့ မြစ်ကြီး မရှိတော့ဘူး။ မြန်မာနိုင်ငံမှာသာ မဆလလက်ထက် ပညာရေးနိမ့်ပါးပြီး ဗဟုသုတနည်းပါးခဲ့ရာမှ ရေကာတာ ဆောက်သင့် မဆောက်သင့် အသားကုန် ငြင်းနေရတုန်း ဖြစ်တယ်။

အချို့တိုင်းပြည်တွေမှာ Export ဝင်ငွေ ကို ရေအားလျှပ်စစ်က ၅၀% အထက်ဖြည့်ပေးနေတာတွေ ရှိတယ်။ မြန်မာကတော့ ရေအားလျှပ်စစ် အငြင်းပွားပြီး ရှေ့မတိုးနိုင်တာမို့ ရေအားလျှပ်စစ် ၈၀% ကျော်ထုတ်တဲ့ လာအိုကတောင် ၃၀၀ မီဂါဝပ် ဝယ်ယူ ပြန်သွင်းဖို့ စာချုပ်ချုပ်ရတဲ့ အခြေအနေရောက်ခဲ့ပြီ။

ဧရာဝတီထက် ၂ ဆလောက် ရှည်တဲ့ မဲခေါင်မြစ်မကိုတောင် ပိတ်ပြီး လာအိုက ဆည်ဆောက်ခဲ့တာဖြစ်တယ်။ လာအိုဟာ ရေအားလျှပ်စစ် ရသလောက် တည်ဆောက်ပြီး အာရှတိုက် ဘက်ထရီအိုးကြီး အဖြစ်လည်းကောင်း၊ တိုးတက်မှုအမြန်ဆုံး နိုင်ငံ အဖြစ်လည်းကောင်း ဘွဲ့ခံနေတာကို သင်ခန်းစာယူသင့်ပါပြီ။

image
bokaung@bokaung

✏📜📜📝 | Ecency