☺ ✏ ✏ ✉

bokaung(48)
Published in
#esteem
Words
1143
Reading
6 min
Listen
Play
8y

🗣နေ့စဉ်သုံး လျပ်တပြက် အင်္ဂလိပ်ဝါကျတိုများ


No, nothing serious! = ဟင့်အင်း... သိပ်လည်း အရေးမကြီးပါဘူး။
No of eggs were not bought. = ကြက်ဥတစ်လုံးမှ မဝယ်ခဲ့မိဘူးဟေ့။
No of eggs were not broken. = ကြက်ဥ တစ်လုံးမှ မကွဲခဲ့ပါဘူး။
No of fruits were not brought. = သစ်သီးတစ်လုံးမှ မယူလာခဲ့မိဘူးကွာ။
No offence(UK) No offense(USA) = စိတ်မရှိပါနဲ့/ထိခိုက်ပြီး ပြောတာ မဟုတ်ရပါဘူး။
No one but me! = ငါကလွဲပြီး ဘယ်သူမှ မရှိဘူး။
No one can make me change my mind. = ဘယ်သူမှ ငါ့စိတ်ကို ပြောင်းလဲအောင် မလုပ်နိုင်ပါဘူး။
No one can match him. = သူ့ကို ဘယ်သူမှ မယှဉ်နိုင်ဘူး။
No one can stop me doing what I want. = ငါလုပ်ချင်လို့လုပ်တာကို ဘယ်သူမှ လာတားလို့ မရဘူးကွ။
No one can touch him as an actor. = မင်းသားတစ်ဦးအနေနဲ့တော့ သူ့ကို ဘယ်သူမှ မမီဘူး ဗျ။
No one else of my acquaintance was as rich or successful. = ကျွန်မသိတဲ့ လူတွေထဲမှာ အခြားဘယ်သူမှ ဒီလောက်ချမ်းသာအောင်မြင်တာ မရှိခဲ့ပါဘူးရှင်။
No one has laid claim to the property. = ဘယ်သူမှ ပိုင်ဆိုင်မှုကို မကြေညာကြဘူး။
No one is above the law. = တရားဥပဒေအထက်မှာ ဘယ်သူမျှမရှိ။
No one is allowed to talk back. = ဘယ်သူမှ ပြန်ခံပြောခွင့်မရှိပါဘူး။
No one is allowed to use it without permission. = ဒါကို ခွင့်ပြုချက်မရဘဲ ဘယ်သူမှ ယူသုံးခွင့်မရှိပါဘူး။
No one is gonna take it away. = ဒါကို ဘယ်သူမှ လုယူလို့မရတော့ပါဘူး။
No one is insight. = တစ်ယောက်မှ မမြင်ပါလား။
No one is to sit here. = ဒီမှာ ဘယ်သူမှ မထိုင်ရပါဘူး။
No one arrived but me. = ကိုယ်ကလွဲလို့ ဘယ်သူမှ မရောက်လာခဲ့ကြသေးဘူး။
No one eaten but me. = ငါကလွဲလို့ ဘယ်သူမှ မစားကြသေးပါဘူး။
No one has ever asked me to star in a film. = ဘယ်သူကမှ ကျွန်တော့်ကို ရုပ်ရှင်မင်းသားလုပ်ပါလို့ မတောင်းဆိုကြပါဘူးဗျာ။
No one owned up to breaking the window. = ပြတွင်းပေါက်မှန် ဘယ်သူကြောင့်ကွဲတယ်ဆိုတာ ဘယ်သူမှ ဝန်မခံကြဘူး။
No one really knows why he agreed to do the film. = ဒီရုပ်ရှင်ကို ကားရိုက်ဖို့ သူ ဘာဖြစ်လို့ လက်ခံလိုက်သလဲဆိုတာ ဘယ်သူမှ မသိကြပါဘူး။
No one replied but me. = ကျွန်တော်ကလွဲလို့ ဘယ်သူမှ အကြောင်းမပြန်ခဲ့ကြဘူး။
No one seeks my opinion anymore. = တစ်ဦးတစ်ယောက်ကမှ ကျွန်တော့်သဘောထားကို မမေးမြန်းကြတော့ဘူး။
No one seems to know how the building caught fire. = အဆောက်အအုံကို ဘယ်လိုမီးစလောင်တယ်ဆိုတာ ဘယ်သူမှ သိပုံမရပါဘူး။
No one through he would amount too much. = ဘယ်သူမှ သူ့ကို အကြီးအကျယ်အောင်မြင်လိမ့်မယ်လို့ ထင်မထားကြပါဘူး။
No one understand me! = ငါ့ကို ဘယ်သူမှ နားလည်မပေးကြပါဘူး။
No one was listening to her, but she ploughed on regardless. = ဘယ်သူမှ သူမစကားကို နားမထောင်ကြပေမယ့် သူမကတော့ ဆက်တွန်းပြီး ပြောခဲ့တာပဲ။
No one will hire me because I don't have job experience. = လုပ်ငန်းအတွေ့အကြုံမရှိလို့ ကျွန်တော့်ကို ဘယ်သူမှ မငှားရမ်းကြပါဘူး။
No one will love her as much as I do. = ကျွန်တော် သူမကို ချစ်သလို ဘယ်သူမှ သူမကို မချစ်လောက်ပါဘူး ဗျာ။
No one will love him as much as I do. = ကျွန်မ သူ့ကို ချစ်သလောက် သူ့ကို ဘယ်သူမှ ချစ်မှာ မဟုတ်ပါဘူးရှင်။
No other hotel here is as good as this one. = ဒီမှာ အခြားဘယ်ဟိုတယ်မှ ဒီဟိုတယ်လောက် မကောင်းဘူးဗျ။
No other one in the class is as talkative as you. = အတန်းထဲမှာ ဘယ်သူမှ မင်းလောက် စကားမပေါပါဘူး။
No pain, no gain. = အနာမခံရင် အသာမစံရပါဘူး။
No parking beyond this point! = ဒီအမှတ်အသားကကျော်ပြီး ကားမရပ်ပါနဲ့ ဗျ။
No poison can kill positive thinker. = အကောင်းမြင်သမားကို ဘယ်အဆိပ်နဲ့မှ သတ်လို့မရပါဘူး။
No peeing here. = ဒီမှာ အပေါ့မသွားပါနဲ့။
No peeking! = ချောင်း မကြည့်ပါနဲ့။
No problem. = ရပါတယ်။ ပြဿနာမရှိပါဘူး။
No reason! = အကြောင်းပြချက် မရှိပါဘူး / ဒါကတော့ ဒီလိုပါပဲ။
No reason not to do. = မလုပ်နိုင်စရာ အကြောင်းမရှိပါဘူး။
No reason not to go. = မသွားနိုင်စရာ အကြောင်းမရှိပါဘူး။
No reason not to know. = မသိနိုင်စရာ အကြောင်းမရှိပါဘူး။
No reason not to say. = မပြောနိုင်စရာ အကြောင်းမရှိပါဘူး။
No rice.Just soup. = ထမင်းတော်ပါပြီ။ စွပ်ပြုတ်ရည်ပဲပေးပါ။
No skin off my back! = ရပါတယ်ဗျာ/ ပါးပါးလေးပါ။
No skin off my nose! = ရပါတယ်ဗျာ/ ပါးပါးလေးပါ။
No skin off my teeth! = ရပါတယ်ဗျာ/ ပါးပါးလေးပါ။
No smoke without fire. = ဟုတ်ရင်ကျော်...ပုပ်ရင်ပေါ်လိမ့်မယ်။

I would like to think. = ကိုယ်လည်း အဲ့လိုပဲ ထင်တာပါပဲ။ ထင်ချင်ပါတယ်။
I would like to think about it. = ကျွန်တော်က အဲ့ဒီကိစ္စကို စဉ်းစားစေချင်တာပါ။
I would like to travel all over the world. = ကျွန်တော် ကမ္ဘာအနှံ့ကို လည်ပတ်ခရီးသွားချင်ပါတယ်။
I would like to travel this summer. = ဒီနွေရာသီမှာ ခရီးထွက်ချင်တယ်ကွာ။
I would like to visit a nightclub. = ကိုယ် ညကလပ်တက်ချင်တယ်ကွာ။
I would like to walk around. = ကိုယ် ဒီနားပတ်ပတ်လည်ကို သွားချင်တယ်။
I would like to watch TV. = ကျုပ် တီဗွီကြည့်ချင်တယ် ဗျာ။
I would like you to beat around the bush. = ငါ က မင်းကို သွယ်ဝိုက်ပြီးတော့ ပြောစေချင်တာ။
I would like you to forgive her. = ငါက မင်း ကောင်မလေးကို ခွင့်လွှတ်စေချင်တာပါ။
I would like you to help them. = ငါက မင်းအနေနဲ့ သူတို့ကို ကူညီစေချင်တာပါ။
I would like you to introduce Mya Mya. = ကိုယ်က မင်းကို မြမြနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
I would like you to meet Mg Mg. = ကိုယ် မင်းကို မောင်မောင်နဲ့ တွေ့ဆုံစေချင်တယ်။
I would like you to teach English. = ကိုယ်က မင်းကို အင်္ဂလိပ်စာ သင်ပေးစေချင်တာ။
I would like you to try best. = ငါကတော့ မင်းကို အကောင်းဆုံး ကြိုးစားစေချင်တာလေ။
I would love a cup of coffee. = ကျွန်တော် ကော်ဖီတစ်ခွက်လောက် သောက်ချင်လိုက်တာ ဗျာ။
I would love to. = ငါ သဘောကျတယ်/ငါကြိုက်တယ်/ငါလိုချင်တယ်။
I would love to come, but it's a question of time. = ငါ သိပ်ကိုလာချင်ပါတယ်...ဒါပေမယ့် ခက်တာက အချိန်ပဲ။
I would love to come, only I have to work. = ကိုယ် အရမ်းလာချင်ပါတယ် ဒါပေမယ့် ကိုယ့်မှာ အလုပ်ရှိနေလို့ပါ။
I would love to go back home. = ကိုယ် အိမ်ပြန်ချင်ပြီ ကွာ။
I would love to go to Paris. = ကျွန်မ ပါရီမြို့ကို သွားချင်တယ်ရှင်။
I would love to learn English. = ကျွန်တော် အင်္ဂလိပ်စာ လေ့လာသင်ယူချင်တယ်။
I would love to move to a new city. = ကိုယ် မြို့သစ်တစ်ခုကို ပြောင်းရွှေ့ချင်တယ်။
I would love to read a lot of books. = ငါ စာအုပ်အများကြီး ဖတ်ချင်တယ်။
I would love to sing a song. = ကျွန်တော် သီချင်းတစ်ပုဒ် သီဆိုချင်ပါတယ်။
I would love to teach Science. = ကျွန်တော် သိပ္ပံဘာသာရပ် သင်ပေးချင်ပါတယ်။
I would never have thought of that in a million years. = ငါဖြင့် ဒါကို ဘယ်တော့မှ မစဉ်းစားမိခဲ့ပါဘူးကွာ။
I would never think poorly of you. = ကိုယ် မင်းကို ဘယ်တော့မှ အထင်သေးမှာ မဟုတ်ပါဘူး။
I wouldn't be seen dead in a dress like that! = ဒီလို ဝတ်စုံမျိုးတော့ သေတောင်မှ မဝတ်ဘူးဟေ့။
I wouldn't bet on it. = ဖြစ်မယ် မထင်ပါဘူး။ ငါတော့ မပြောရဲဘူး။
I wouldn’t call it a great film. = ဒါကို ငါကတော့ ရုပ်ရှင်ကောင်း တစ်ခုလို့ မသတ်မှတ်ပါဘူးကွာ။
I wouldn't dream it. = ဒါကို စိတ်ကူးထဲတောင် မထည့်ဘူး။
I wouldn’t dream of allowing you to pay. = မင်းကို ငွေပေးချေဖို့ အိမ်မက်တောင် မက်လိမ့်မယ် မဟုတ်ဘူးကွ။
I wouldn't dream of apologizing to her. = ကိုယ် သူမကို တောင်းပန်ဖို့ စိတ်ကူးတောင်မရှိဘူး။
I wouldn't dream of approaching her. = ကျုပ် သူမကို ချဉ်းကပ်ဖို့ /ချစ်ရေးဆိုဖို့ ဝေးပါသေးတယ်။
I wouldn’t dream of asking them for money. = ငါ သူတို့ဆီက ငွေတောင်းဆိုဖို့ရာက စိတ်ကူးတောင်မရှိပါဘူးဟာ။
I wouldn't dream of complaining. = ငါ စောဒကတက်ဖို့ စိတ်တောင် မကူးမိပါဘူး။
I wouldn't dream of going abroad. = ငါ နိုင်ငံခြားသွားဖို့ အိပ်မက်တောင် မမက်ဘူး။
I wouldn't dream of going without you. = ငါကတော့ မင်းမပါဘဲ လုပ်မှာဟုတ်ဘူးဗျ။
I wouldn’t dream of leaving this great job. = ဒီလိုကောင်းတဲ့ အလုပ်ကနေထွက်ဖို့ ကျွန်တော် စိတ်တောင်မကူးဖူးပါဘူးဗျာ။
I wouldn't dream of loving you. = မင်းကို ချစ်ဖို့ စိတ်ကူးလို့တောင် မရပါဘူး။
I wouldn't drink any more if I were you. = ငါသာ မင်းနေရာမှာဆိုရင် နောက်ထပ် အရက်မသောက်တော့ဘူး။
I wouldn't give him one red cent for that car. = ငါ သူ့ကို အဲ့ဒီကားအတွက် ပိုက်ဆံခြူးတစ်ပြားမှ ပေးလိမ့်မယ် မဟုတ်ဘူးဟေ့။
I wouldn't hurt her feelings for the world. = ဘယ်လိုပဲဖြစ်ဖြစ် သူမရဲ့စိတ်ကို ထိခိုက်အောင် ငါလုပ်မှာ မဟုတ်ပါဘူး။
I wouldn't know. = ငါ ဘယ်သိလိမ့်မလဲ/ငါနဲ့ဆိုင်တဲ့ကိစ္စမှ မဟုတ်တာ။
I wouldn't like to get stuck. = ကျွန်တော် အလိမ်မခံချင်တော့ဘူး ဗျာ။
I wouldn't like to give up my aim. = ငါ့ရည်ရွယ်ချက်ကို လက်မလျှော့ချင်ဘူး။
I wouldn't like to join with you if you don't invite me by yourself. = မင်းကိုယ်တိုင် ငါ့ကို မဖိတ်ဘူးဆိုရင် ငါလည်း မလာချင်ပါဘူးကွာ။
I wouldn't like to keep in touch with her. = ငါ သူမကို မဆက်သွယ်ချင်တော့ဘူး။
I wouldn't like to take charge of it. = အဲ့ဒါကို ငါတာဝန်မယူချင်တော့ဘူး။
I wouldn't like to take pity on them. = သူတို့ကို ကျွန်တော် မသနားချင်တော့ဘူး ဗျာ။

@@ချစ်ခင်လေးစား တန်ဖိုးထားလျက်..
image

bokaung@bokaung

☺ ✏ ✏ ✉ | Ecency