📖✏✏📝

bokaung(48)
Published in
#esteem
Words
262
Reading
2 min
Listen
Play
8y

မော်ဒယ်လ် ရွှေအိမ်စည်က ပြောတယ် -
မိန်းကလေးတစ်ယောက် ဖင်ပြောင်လမ်းလျှောက်လာရင်တောင် မကြည့်ဘဲနေရမှာက ယောက်ျားတွေရဲ့အလုပ်လေ။ သူတို့ဘာလို့ကြည့်လဲ။ အဲ့ဒါ ယောက်ျားတွေရဲ့အပြစ်ပဲ... တဲ့။

ယောက်ျားတွေအားလုံးကို ကိလေသာအာသဝေါကင်း ရဟန္တာတွေလို့ သတ်မှတ်ထားတယ်ထင်ပါရဲ့။ ဘုရားကဟောတယ် ဇာတကပါဠိတော်မှာ "မိန်းမတို့ ပျက်စီးကြောင်း (၂၅)ပါး"ကို။ အဲ့ဒီအထဲမှာ "လက်ကတီးကြား, နို့ အစရှိသော အင်္ဂါကြီးငယ်တို့ကို ပြတတ်ခြင်း" ဆိုတဲ့ အယုတ်တရားတစ်ခုပါတယ်။ နောက်.. သုတ္တနိပါတ် အဋ္ဌကထာမှာလည်း "မိန်းမတို့ လျှပ်ပေါ်ရာ(၅)မျိုး" ဆိုပြီး ပြတယ်။ အဲ့ဒီအထဲ "တန်ဆာဆင်ခြင်း၌ လျှပ်ပေါ်ခြင်း" ဆိုတဲ့ အယုတ်တရားတစ်ခုပါဝင်ပြန်တယ်။ ဆိုတော့... ဒါတွေဟာ ဘယ်သူ့အပြစ်လဲ ဘယ်သူ့အယုတ်တရားလဲ။ ခွေးချီးမြင်ရင်တော့ ခွေးချီးကြိုက်တတ်တဲ့ ယင်ကတော့ အုံကြမှာပဲ။ ဒီတော့ ယင်လာမှာကြောင်ရင် ခွေးချီးမပါနဲ့လို့ပဲ ပြောချင်တယ်.
သူတော်ကောင်းတို့၏ အကြံ(၃)မျိုး
✨✨✨✨✨✨✨✨✨✨
၁။ မိမိ ဆင်းရဲခြင်းငှာ မကြံခြင်း၊
၂။ သူတစ်ပါး ဆင်းရဲခြင်းငှာ မကြံခြင်း၊
၃။ မိမိ သူတစ်ပါး ဆင်းရဲခြင်းငှာ မကြံခြင်း၊
တိုင်ပင်ပုံ ဆွေးနွေးပုံကိုလည်း ဤနည်းမှီ၍မှတ်ပါလေ။

သူတော်ကောင်းတို့၏ စကား(၄)မျိုး
✨✨✨✨✨✨✨✨✨✨
၁။ မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂။ ချောပစ်ကုန်းတိုက် စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ ရုန့်ရင်းကြမ်းတမ်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၎။ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
(မ၊၃။၇၃။)

သူတော်ကောင်းဟု သိနိုင်သော အပြောအဆို(၄)မျိုး
✨✨✨✨✨✨✨✨✨✨✨✨✨✨✨
၁။ သူတစ်ပါး ကျေးဇူးမဲ့ကို မေးသော်လည်း မပြောဘဲ နေတတ်သူ၊
၂။ သူတစ်ပါး ကျေးဇူးကိုမူ မမေးပါဘဲ ပြောတတ်သူ၊
၃။ မိမိ ကျေးဇူးမဲ့ကို မမေးပါဘဲ ပြောတတ်သူ၊
၎။ မိမိ ကျေးဇူးကိုမူ မေးသော်လည်း မပြောဘဲ နေတတ်သူ၊
(အံ၊၁။၃၈၉။)
မြန်မာတွေကျတော့ တရားဟောရတာ သိပ်မခက်ဘူး။ ဒါဟာ ဘုရားဟောပိဋကတ်ဖြစ်တယ်လို့ တိတိကျကျ မိန့်လိုက်ရင် complain မတက်ကြတာများတယ်။ ဘာလို့လဲဆိုတော့ ရတနာသုံးပါးကို အရမ်းကြည်ညိုကြတဲ့အတွက်လို့ ဆိုရမှာပါပဲ။ ကြည်ညိုကြတဲ့အထဲ စွဲပြီးတော့ကိုကြည်ညိုကြတာလည်းပါတယ်။ အဲ့သလိုပဲ ဝါဒတစ်ခုကို စွဲပြီဆိုရင် အင်မတန်ချွတ်ဖို့ခက်တယ်လို့ ဘုရားဟောဖူးတယ်။ နိုင်ငံခြားသားတွေကျတော့ သူတို့ကိုတရားဟောရင် Why မေးခွန်းတွေက တောက်လျှောက်ကို မေးတတ်တယ်။ စိတ်ဆိုးလို့လည်းမရဘူး သူတို့လက်ခံနိုင်တဲ့အထိ အသေးစိတ်ရှင်းပြရတာတွေရှိတယ်။ ဒီနေရာမှာ အဘိဓမ္မာဒေသနာက အဲ့ဒီအခက်အခဲတွေကို များစွာကူညီဖြေရှင်းပေးနိုင်တယ်။ သူက ပုဂ္ဂိုလ်မဖက်ဘဲ သဘာဝတရားတွေရဲ့ ဓမ္မသက်သက်ကိုပဲ ခွဲခြမ်းစိတ်ဖြာပြီးဟောထားခဲ့တဲ့ ကျမ်းဖြစ်နေလို့ပဲ။ သုတ္တန်ကျတော့ ပုဂ္ဂိုလ်စရိုက်ကိုလိုက်ပြီး ဟောရတာဖြစ်လို့ လူတိုင်းနဲ့မကိုက်လှဘူး။ တစ်ချို့ရှိတယ် ဘုရားမဟောတိုင်း အမှားလို့ ယူလိုက်တာတွေ။ အဲ့ဒါ မဟုတ်ဘူးနော်။ ဘုရားမဟောပေမယ့် အမှန်တရားတွေရှိသေးတယ်။ ဘုရားက မလိုအပ်လို့မဟောခဲ့တာတွေ အများကြီးရှိတယ်။ ဒီလိုနားလည်ထားရမယ်။ အခါတပါး မြတ်စွာဘုရားဟာ အင်ကြင်းတောကိုကြွတော့ အင်ကြင်းရွက်တစ်ချို့ကိုကောက်ယူပြီး ရဟန်းတွေကို ပြောတယ်။ "ရဟန်းတို့ ငါဘုရားသိတဲ့တရားဟာ အင်ကြင်းတောထဲက အရွက်တွေလောက်ရှိပြီး ဟောတဲ့တရားတွေကတော့ ငါဘုရားလက်ထဲက အင်ကြင်းရွက်တွေလောက်ပဲရှိတယ်"တဲ့။ ဒါကြောင့် မြတ်စွာဘုရားဟာ မလိုအပ်လို့ မဟောခဲ့တဲ့တရားတွေ အများကြီးရှိတယ်လို့ဆိုရမယ်။ အခုကြည့်လေ.. လူတွေကို၊ သိထားတာတွေများပေမယ့် မလိုအပ်ရင် စကားအကုန်မပြောကြဘူးမလား။ အဲ့သဘောပဲ မလိုအပ်ရင် မြတ်စွာဘုရားလည်း မဟောဘူး။ ဒါပေမယ့် ဘုရားဟောတရားကို ဥပမာ - သစ္စာလေးပါးလို့ဟောတဲ့တရားကို သစ္စာငါးပါးရှိတယ်လို့တော့ လွဲပြောလို့မရဘူး၊ နောက် သစ္စာသုံးပါးပဲရှိတယ်လို့ လွဲပြောလို့မရဘူး။ ဒါဆိုရင် ဘုရားဟောနဲ့ဆန့်ကျင်သွားပြီ။ အဲ့သလို နားလည်ထားရမယ်။

ပါချုပ်ဆရာတော်ဘုရားကြီး၏
ဓမ္မသင်္ဂဏီသင်တန်းမှ-
လောကုတ္တရာ ဖလသမာပတ်(ဖိုလ်)ဆိုတာ
လောကီ ဈာနံသမာပတ်(ဈာန်သမာပတ်)လိုမျိုး အောက်အောက်ဆင်းပြီး ဆိုင်ရာဆိုင်ရာ ဖိုလ်ကို ဝင်စားလို့မရဘူးနော်။ တစ်ချို့တရားသမားတွေက ရတယ်ပြောနေကြတယ်။ ဒါ မှားတယ်နော်။ ဥပမာ ➡ သကဒါဂါမ်ပုဂ္ဂိုလ်က သောတာပတ္တိဖိုလ်ကို ဝင်စားလို့မရဘူး၊ အနာဂါမ်ပုဂ္ဂိုလ်က သကဒါဂါမိဖိုလ်ကို ဝင်စားလို့မရဘူး၊ ရဟန္တာက အနာဂါမိဖိုလ်ကို ဝင်စားလို့မရဘူး။ မရဘူးဆိုတာ Level မတူတော့လို့၊ Levelမတူတဲ့အတွက် အောက်အောက်ဖိုလ် ပြန်မဖြစ်တော့ဘူး၊ လောကီဈာန်လို အောက်ကိုလျှော့ချလို့မရတော့လို့ပဲ။ လောကီဈာန်သမာပတ်ကျတော့ အထက်အထက်ဈာန်ရပုဂ္ဂိုလ်က အောက်အောက်ဈာန်ကို အလိုရှိတိုင်း ဝင်စားလို့ရတယ်။ အဲ့သလိုကွာခြားတယ်။

မှီး ➡ ဓမ္မသင်္ဂဏီ

image

bokaung@bokaung

📖✏✏📝 | Ecency