စိုက်ပျိုးတဲ့အခါ အဖျက်ပိုးများလဲတွေ့လာရနိုင်ပါတယ်။ ဖျက်ပိုးတွေအလုပ်လုပ်တာပြောပြပါမယ်
ဖျက်ဆီးတက်သောပက်ကျိနှင့် ပျိုးပင်များကိုစားသော အကောင်များသည် ဖရဲပျိုးပင်များနှင့် ဘောင်ပေါ်တွင
် ဖုံး အုပ်ထားသော အရာများဖြစ်သောဥပမာကောက်ရိုးသစ်ရွက်ခြောက်ကို ကြိုက်ကြပါတယ် ထို့ ကြောင့် ဖရဲပင
ပေါက်များ အားအနည်းဆုံးအချိန်မှာအပင်ပေါက်ကာစအရွယ.် ရောက်လျှင် ဘောင်ပေါ် ကို ဖုံးအုပ်ပေးရပါမယ်
အပင်ပေါက်ကာစအချိန်တွင်ပက်ကျိများသည် မိနစ်ပိုင်းအတွင်း ဖရဲပင် ပေါက်များကို စားသောက်ဖျက်ဆီးပစ်နိုင်ပါတယ်
ဖရဲမြစ်များသည် မြေဆီလွှာ အပေါ်ယံကြော တွင်သာ ဖြန့်ကျက်တည်ရှိနေပြီး အစိုဓာတ်များစွာ လိုအပ်ပါတယ်မြေကြီးကို
အခြောက်မခံသင့်ပါဘူး မြေကြီးကို တစ်ခုခုပေါ့ဥပမာ ကောက်ရိုးဖြင့် ဖုံးပေးခြင်းဖြင့် အစိုဓာတ်ကို ထိန်းထားနိုင်ပါတယ်
ထိုသို့ဖုံးပေးခြင်းဟာဆိုရင် ပေါင်းများကိုလည်း နှိမ်နင်းပြီးသားဖြစ်စေပါတယ် ပေါင်းပင်များသည် ဖရဲအမြစ်များကို
နှောက်ယှက်သဖြင့် ပေါင်းများအား လုံးဝမပေါက်စေသင့်ပါဘူးဖရဲပင်များသည် အစာအဟာရကိုတော့
အလွန်လိုအပ်သော အပင်များဖြစ်ပါတယ် မြေဖုံးပစ္စည်းသည် မြေဆွေးဒါမှမဟုတ် တိရစ္ဆာန်ချေးများဖြစ်ပါက
ပိုမိုကောင်းမွန်ပါတယ်အခြားဘူးဖရုံမျိုးနွယ်များ ကဲ့သို့ပင် ဖရဲ ပင်များသည် မြေဆွေးနှင့် တိရစ္ဆာန်
ချေးများကို ကောင်းစွာ စုပ်ယူနိုင်ပါတယ် ထို့အပြင် ဖရဲပင် များကို လုံးထားသော သစ်စိမ်းမြေသြဇာ
တွေနဲ့ဒါမှမဟုတ်အခြား အော်ဂင်းနစ် မြေသြဇာများကို ပုံမှန်ကျွေး ပေးသင့်ပါတယ်အပင်ငယ်စဉ်မှာတော့ ပုလဲမြေသြဇာ
များများကျွေးနိုင်ပြီး အသီးအပွင့်ဝင်ချိန် တွင် ပုလဲမြေသြဇာလျှော့ကာ ပိုတက်မြေသြဇာကို များများကျွေးသင့်ပါတယ်
ဖရဲပင်များ ခြောက်ပေခန့်ရှိလာတဲ့အခါမှာအညွန့်များကို ညှပ်ပေးခြင်းဖြင့် ကိုင်းဖြာခြင်းကို အားပေးတာတွေ့ရပါသည်
ဖရဲပင်သည် ကြီးထွားလာသည်နှင့်အမျှ အကိုင်းနှင့်အညွန့်များက နေရာယူလာကြပါတယ်အပင် ပတ်ဝန်းကျင်ရှိ
အခြားအရာများဖြစ်သောအပင်များကို ဖုံးအုပ်လာနိုင်ပါက အညွန့်များကိုတော့ငုတ်တိုင် စိုက်ပြီးတော့ကြိုးဖြင့်ချည်ပေးခြင်းဖြင
့် ဦးတည်ချက်ကို ပြောင်းပေးနိုင်ပါသေးတယ်ပလက်စတစ် အိတ်အမဲဖြင့် ဖုံးအုပ်ပေးခြင်းသည် မြေကိုပိုမိုနွေးစေပါတယ်
ပေါင်းပင်ကြီး ထွားမှုကို နှောင့်နှေးစေခြင်းအသီးများမြေနှင့် မထိသဖြင့် သန့်ရှင်းစေတဲ့ စသည့်အကျိုး ကျေးဇူးများကိုလည်း
ရရှိစေပါတယ်သေချာစိုက်ပျိုးသင့်ပါတယ်အပင်ဖြစ်အောင်လုပ်ရတာပါအသီးကနောက်ကလာမှာပါ
Author : @bobolin
Photos credit; Google Image