အသေအချာတွေးဆကြည့်မိသည်အရင်းစစ်တော့အမြစ်မြေကဆိုသောစကားသည်အလွန်မှန်လေသည်
ဒီလိုသာယာသောကမ္ဘာပေါ်တွင် နေထိုင်ကြသူများအားလုံးတို့အတွက် စားဝတ်နေရေးသု့းပါးတို့တွင် အဓိကဖြစ်
သည့် စားရေးကို နေ့စဉ် မှီဝဲနေကြရပေလေ၏ထိုသို့သောစားရေးခေါ် ရိက္ခာလုံခြုံရေးအတွက် ကမ္ဘာကုလသမဂ္ဂ
အပါအဝင် နိုင်ငံအသီးသီးတို့က နှစ်စဉ် အောက်တိုဘာလဆယ့်ခြောက်ရက်နေ့ကို ကမ္ဘာ့စားနပ်ရိက္ခာနေ
အဖြစ်ကျင်းပလေ့ရှိပါလေ၏သို့အတွက်မို့် သီးနှံပင်များရဲ့အရေးကြီးသောအဓိက အခန်းကဏ္ဍမှ ပါဝင်သော အမြစ်
များသည် မည်ရွှေ့ မည်မျှ အရေးကြီးကြောင်းကိုတော့ ယနေ့ စိုက်ပျိုးရေး လုပ်ငန်း အကောင်အထည်ဖော်နေကြသူများက
အသိဆုံးပင်ဖြစ်လိုနေချေ၏မြေဆီလွှာပြဿနာရပ်များပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးတွင် မြေမျိုးကြီး
နှစ်ဆယ့်လေးမျိုးရှိပြီး ထိုနှစ်ဆယ့လေးမျိုးတို့အထဲမှ အဓိက ကိုးမျိုးမျိုးအပေါ်တွင် စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်
လျှက်ရှိကြပါလေ၏ထိုမြေကိုးမျိုးမှာ နီညိုတောမြေ ဝါညိုတောမြေနှင့် ဂဝံမြေဟုခေါ်သော မိုးရေချိန်များသောဒေသများတွင်
တွေ့ရှိရေသာ မြေ သုံး မျိုးမြေနီသဲဝန်း မြေဝါသဲဝန်းနှင့် စနယ်မြေခေါ် မိုးရေချိန်နည်းသော အပူပိုင်းဇုံဒေသမျ
ားတွင်သာ တွေ့ရှိရသော မြေမျိုးသုံမျိုးတို့နှင့် မြေနီမြေဝါ လယ်မြေသုံးမျိုးတို့ဖြစ်ကြပြီး စုစုပေါင်းမြေမျိုးကိုး မျိုးကို သေချာစွာ
မှတ်သားထားသင့်ပါလေ၏ထိုမြေအမျိုးအစားများတွင် မြေဆီလွှာ ပြဿနာရပ်များကိုမြင်တွေ့ကြရသော်လည်းဘဲ
ယခုဖော်ပြမည့် မြေဆီလွှာ ပြဿနာများ ဆားပေါက်မြေနဲ့ဆပ်ပြာပေါက်မြေနှင့် ဆားဆပ်ပြာပေါက်မြေများ တွေ့ကြုံနေ
ရလေသော အပူပိုင်းဇုံ ဒေသ မိုးနည်းသောဒေသများအကြောင်းကို တော့ရေသားတင်ပြလိုကရပါလေ၏
အပူပိုင်းဇုံရှိ မြေဆီလွှာပြဿနာသုံးမျိုးမှာကတော့ဆားပေါက်မြေများ ဆားဆပ်ပြာပေါက်မြေများနှင့် ဆပ်ပြာပေါက်မြေတို့
ဖြစ်ကြလေ၏ကွင်းဆင်းအတွေ့အကြုံများအရ အညာဒေသသီးနှံစိုက်ပျိုးထုတ်လုပ်သူများ၏ မြေများသည်
မြေဆီလွှာတစ်ခု တွင် ရှိသင့်ရှိထိုက်သော ဂုဏ်သတ္တိသုံး မျိုးတို့မှာကား အားနည်းချို့ယွင်းနေသောကြောင့် ဆွေးနေ
ွးပွဲများတွင် ထိုကဲ့သို့ ကြားသိခဲ့ရပြီးနောကမှ် ဖြေရှင်းပေးခဲ့ရပါလေသည်ဟုဆိုထားပါသည် မြင်းခြံမြို့နယ်ကန်ချောရွာ
ကျေးရွာအုပ်စုမှ ဦးဇော်လွင် သိန်း မေးမြန်းသောမေးခွန်းကို ဖော်ပြထားပါလေ၏ သူ၏မေးခွန်းများမှာစပါးစိုက်ပျိုးရာ
တွင်မြေဆီလွှာ အချဉ်ဓါတ်လွန်ကဲနေခြင်းအချို့သောမြေများတွင် အငန်ဓါတ်များလာခြင်းများ သီးထပ်စိုက်ပျိုးခြင်းကြောင့်
မလို လားအပလ်ေသော ရောဂါနှင့် ပိုးမွှားများလာခြင်းများ ရေသိုလှောင်မှုကြောင့် မြေဆီလွှာနှင့် သီးနှံများပျက်စီးရခြင်း
များကြောင့် မိမိတို့၏မြေဆီလွှာများထုတ်လုပ်မှု မကျဆင်းစေရန်အတွက် မည်သို့ပြုပြင်ပြီးတော့မြေသြဇာထည့်သွင်း
နည်းများနဲ့မြေဆီလွှာထိန်းသိမ်းခြင်းနည်းများကိုသိလိုပါသညဟုမေးလေသည်အလားတူ တောင်သူများမှဂွေးချို ကျေးရွာ
ဓူဝံရွာ လေးရွာဆုလယ်သစ ကံပေါက ပေတေ ကံဦးကျီးပင်ကန်ဆားခါးဆုံရွာ ကျောက်ကန် ရွှေပေါ်ကျွန်
နဘူးအိုင ကျေးရွာအုပ်စုများတွင်လည်း မြေဆီလွှာပြဿနာရပ်များ တွေ့ကြုံနေကြရကြောင်းကိုဝိုင်းလို့မေးမြန်းထားပါ
လေ၏
Author : @bobolin