တစ်နှစ်ဟောင်းလို့ တစ်နှစ်ပြောင်းတော့မည်ဖြစ်လေသည်။ အချိန်တို့သည် အကုန်မြန်လွန်းနေပါသည်။
ကိုယ်တိုင်လည်း အသက်တစ်နှစ်ကြီးလာပြီပေါ့လေ။ နှစ်သစ်ကူးသည့် အချိန်ကာလတစ်ခုကို ဖြတ်ကျော်
ရပေဦးတော့မည်။ အတွေးတို့သည်လည်း လွင့်စဉ်လျှက်ရှိသည်။ လေရူးတို့လည်း တိုက်ခက်လျှက်ရှိသည်။
မိုးပြေးလေးတွေလည်း ရွာလျှက်ရှိပါသည်။ အခုလိုအချိန်ကာလတွေကို ငယ်စဉ်တုန်းကတည်းက သတိထား
နှစ်သက်တက်ခဲ့သည်။ လွမ်းမောဖွယ်ကောင်းသော ရာသီကာလပေတည်း
နေခွင့်ရှိသေးသည့်အတွက် နေနေရပါသည်။ ရှင်ခွင့်ရှိလို့ ရှင်သန်နေရသည်။ မိတ်ဆွေအချို့လည်း အပြီးတိုင်
နှုတ်ဆက်ခွဲခွာသွားကြသည်။ ကြီးသူ ငယ်သူ ရွယ်တူ အတော်များများရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်
ပေးခဲ့ဖူးသည်။ အခုလိုနှစ်သစ်ကူး အချိန်ကာလကို ကိုယ်တိုင်လည်း ဘယ်နှစ်ကြိမ် ထပ်မံကြုံဆုံခွင့် ရလေဦးမည်လည်း
အတိအကျမတွေးတက်ပါဘူး။ မသိနိုင်ပါဘူး။ စိတ်ထဲမှာတော့ အကြိမ်ရေ များစွာ ကြုံဦးမယ်လို့သာ တစ်ထစ်ချ
မှတ်ယူထား မှတ်ထင်နေမိပြန်သေးသည်။ ထိုအကြိမ်ရေသည်။ နောက်ထပ် အကြိမ်သုံးဆယ်လား လေးဆယ်လား
လေးငါးကြိမ်တည်းလား အကြိမ်ဘယ်လောက်လဲ...........
ဒီနှစ်ဟောင်းက အဆင်မပြေခြင်းတွေကို သယ်ဆောင်သွားခွင့်မရှိသလို အဆင်ပြေခြင်းတို့သည်လည်း နောက်နှစ်သစ်တွင် လိုက်ပါလာဦးမည်လား မသိနိုင်သေးပါ
သေချာတာကတော့ အကျင့်ဟောင်းတွေ မကောင်းသော အကျင့်တွေ အစွဲတွေ အတွေးများစွာတို့ကိုတော့
ဒီနှစ်ဟောင်းမှာ အပြီးတိုင် ထားခဲ့ချင်သည် နှစ်သစ်တွင် စိတ်သစ် အားသင် အင်သစ် အတွေးသစ်များဖြင့်
နှစ်သစ်ကို ဖြတ်သန်းချင်ပါသည်။
ဒီနှစ်မှာ မလုပ်ဖြစ်ခဲ့သော အလုပ်များကိုတော့ နောင်နှစ်မှာ အပြီးသပ်အကောင်အထည်ဖော်နိုင်အောင် ကြိုးစားရမည်
ကောင်းမွန်သော အကျင့်များကိုလည်း ဆက်လက် မွေးမြူထားရပေဦးမည်။
ဒီနှစ်က အလုပ်ဆိုတော့ စတီးမစ်ကြီးသည်လည်း မပါမဖြစ် ပါလာရပေဦးမည်။ သူ့အတွက်တော့ အထူးပြောရန်မရှီပါ
နောင်နှစ်တွင် ဘယ်လိုလုပ်ကိုင်ရမည်လည်း ဆိုတာတော့ အမှန်တိုင်းပြောရမည်ဆိုလျှင် မီးစင်ကြည့်လို့ ကကြရပေဦး
မည် ဖြစ်ပါလေသည်။ ဘယ်အရာမှ အတိအကျမှန်းဆထားလို့ မရခြင်းများထဲတွင် စတီးမစ်လည်းထိပ်ကပါလေသည်။
အမြဲပြောင်းလဲနေပါသည်။ ထိုပြောင်းလဲခြင်းနောက်ကို လိုက်ပါပြောင်းလဲရင်းဖြင့်သာ အောင်မြင်မှု တိုးတက်မှု
အသစ်များကို ပိုင်ဆိုင်နိုင်ရန်အတွက် ကြိုးစားအားထုတ်ရပေဦးတော့မည်။
@bobokyaw
phot- google image