ငွေနှင်းမှုန်တို့အလည်လာလေသည်

bobokyaw(72)
Published in
#life
Words
108
Reading
1 min
Listen
Play
5y

ဒီရက်ပိုင်းတွေမှာ အအေးဓါတ်လေးက မသိမသာလေးတိုးလို့လာပါတယ်
အေးသည်ဆိုရုံလေး စအေးလာတယ် မနက်ခင်းအစောပိုင်းတွေမှာ မြူနှင်းမှုန်တို့ကျစ ပြုနေပြီ သိပ်တော့ အေးနေသေးသည်မဟုတ် တစ်မိုးလောက်တော့ လာဉီးမယ်ထင်တယ် နှုက်ဆက်ခြင်းတစ်မိုးပြီးရင်တော့ ဆောင်းကို အပြည့်အဝကြိုဆိုလိုက်လို့ရပြီပေါ့ အေးချမ်းခြင်းတွေ စတင်လေပြီလို့ မှတ်ယူမည်။

ဆောင်း ငွေနှင်းမှုန်တို့နဲ့ နေရာအနှံ့အေးချမ်းခြင်းတွေသယ်ဆောင်ဖြန်းပါတ်လိမ့်မယ်ပေါ့ ရာသီသုံးမျိုးလုံး သူ့ရာသီနဲ့သူ အလှကိုယ်စီရှိလိမ့်မည် ဒီထဲမှာဆောင်းကလည်း အလှထူးသည်ဟု ဆိုရမည် ခြောက်သွေ့နေတဲ့ဝန်းကျင်တစ်လျှောက် မှုန်ရီဝေဝိုးတဝါး မြူနှင်းများကြား လမ်းလျှောက်ရသည်ကအရသာထူးလှသည် အာငွေ့တွေမှုတ်ထုတ်ရင်း ငယ်စဉ်ခါ ဆောင်းအတိတ်တွေကို တဖန်သတိရစေမည် ဆောင်းသည် အတိတ်တွေကို ပြန်သတိရစရာ အကောင်းဆုံးရာသီ ဖြစ်ခဲ့သည်။

သည်တစ်ဆောင်းပြီးရင်တော့ အဖြေကောင်းတစ်ခုရမည်ဟု ထင်မြင်မိသည် အရာရာအေးချမ်းသော နေ့သစ်သည် ဆောင်းနဲ့အတူရောက်လာမည်ဟု မှတ်ယူချင်သည် ရောဂါဘယတွေ ကင်းစင်ပြီး ဘေးဘရာတွေ ဝေးကွာလို ဟိုတုန်းက အချိန်တွေကို တစ်ဖန် ပြန်ရောက်လိုလေပြီ မွန်းကြပ်တဲ့နေ့ရက်တွေ ခက်ခဲတဲ့ အချိန်တွေ ကုန်လွန်ဖို့ သင့်ပါပြီ ဒီထက်လည်း အဆိုးတွေ မကြုံချင်တော့ လူတိုင်းလည်း မောပန်း နွမ်းနယ်ကြပြီလေ ခြေကုန် လက်ပန်းကျနေလေပြီ ရှင်သန်ရေးတွေ ခက်လေပြီ အဆိုးတွေ ရပ်တန့်လိုက်ပါတော့ဟု တောင်းဆုပြုပါသည်။

ဆောင်းညတွေတိုင်းမှာ hive ပေါ်သို့ စာတွေရေးပို့မည် တစ်ရက်တစ်ပုဒ်ရေးလျှင်တော့ ပို့စ်ပေါင်း တစ်ရာဝန်းကျင် ရောက်လေမည် နေ့တိုင်းရေးဖို့တော့လိုပါမယ် ရေးနိုင်မည်လားဆိုတာကတော့ အတိအကျ မသိနိုင်သော်လည်း ရေးမည်ဟု စဉ်းစားရပါသည် ရေးရပါမည် ဆောင်းညတွေက စာရေးစာဖတ်လို့ ကောင်းသည် တိတ်ဆိတ်သည် အေးချမ်းသည် စိတ်ငြိမ်သည်။

ယခုလည်း တစ်ရက်တစ်ပုဒ်ဖြစ်မြောက်ရေးအတွက် လှည့်ပါတ်ရေးနေရသည် အတည်တကျတော့ မလုပ်နိင်သေး ရောက်တက်ရာရာ ပို့စ်ဖြစ်လေရာ ရေးတင်ရလေသည် ဘယ်လောက်ရမည်တော့ မသိနိုင် ဆိုခဲ့သလို ရသလောက်တော့ လုပ်ရပါလေမည်။

bobokyaw@bobokyaw

ငွေနှင်းမှုန်တို့အလည်လာလေသည် | Ecency