မင်္ဂလာပါဗျာ
ကဲ ဘာလိုလိုနဲ့ အပိုင်းငါးတောင် ရောက်လာပြီပေါ့လေ။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ခုလို ရေးစရာလေးရှိနေတော့လဲ
နေရထိုင်ရ အဆင်ပြေတာပေါ့။မဟုတ်ရင် ခေါင်းကုတ်ပြီး ဟိုဟာကောင်းနိုးနိုး ဒီဟာ ကောင်းနိုးနိုးနဲ့ နိုးနိုးပြီး ဘာမှ
မရေးရဘဲ တစ်ညကုန်သွားရတာတွေ မနည်းဘူးရယ်။ အခုတော့ ရေးမိရေးရာ တွေးမိတွေးရာ ဟိုစပ်စပ် ဒီစပ်စပ်လေး
ရေးနေပြီဗျာ။ ဒါတောင် မုန့်ဆီကြော်ဘဲရှိသေးတာနော် နောက်ဆက်တွဲ နှုတ်ခမ်းအနာအကြောင်းမရေးရသေးဘူး
အလုပ်ကလည်း များတယ်ဗျို့ မအားဘူး နဲနဲမှမအားဘူး။ကိုယ်တစ်ယောက်တည်း အလုပ်များနေတာမဟုတ်တာကိုလည်း
သိပါတယ် ။ဒါပေမယ့် ကိုယ့်အဖြစ်က သူများနဲ့မတူဘူးဗျို့ စတီးမစ်ကို ရူးသွပ်နေလို့သာ အခုလို စာတွေရေး ပို့စ်တွေတင်
နေနိုင်တာပါ ကိုယ့်နေရာမှာ အခြားတစ်ယောက်သာဆိုရင် ကိုပြေတီဦးစကားငှားပြောရရင် ရူးတောင်သွားဦးမယ် လေနော
တကယ်ပါ မလောက်မင လစာမဟုတ်ပါဘူး မလောက်မင အချိန်လေးတွေထဲကနေ စတီးမစ်ကို ဘ၀တစ်ခုလို ထင်နေတာ
လုပ်နေတာပါ။ အိပ်ရမယ့်အချိန်လေး စားရမယ့်အချိန်လေးတွေထဲက ဖဲ့ပြီး စတီးမစ်ကို အသက်သွင်းနေတာပါ။ထင်သာမြင်
သာအောင်ပြောရရင်တော့ စတီးမစ်မှာ အသက်ဆက်နိုင်ဖို့အတွက်ကို ကိုယ့်အသားကိုယ်ဖဲ့စားပြီးအဟာရ ဆက်နေရတာ
ပါ ဒီလိုလုပ်နေလို့လည်း ယခုချိန်ထိ စတီးမစ်မှာ ရှိနေနိုင်တာပါဘဲ။ ကိုလေးဖြူတော့ကြိုက်တယ်ဗျို့ ဘာတဲ့........... ယုံကြည်ရာ
တစ်ခုအတွက် အသက်ကိုတောင် စတေးကြတာဘဲ................ ဟုတ်ပါတယ် ကိုယ်ယုံကြည်ရာအတွက် သတ်တိရှိပါတယ်။
ပြောချင်တာတွေက များသွားတယ် ကျွန်တော့်ရဲ့ မုန့်ဆီကြော်လေးဘက် ပြန်လှည့်ပါမယ်။ မနေ့က ပြောခဲ့သလိုပေါ့ စတီးမစ်မှာ
ကိုယ့်နာမည် အရင်းဓါတ်ပုံအစစ် နောက်တစ်ခုက ကိုယ့်အကြောင်း အမှန်တွေ ရေးတဲ့ သူတွေ တွေးစရာပေါ့။ဒါနဲ့ဆက်နွယ်ပြီး
အွန်လိုင်းငွေကြေး အင်တာနက်ငွေကြေးဆိုင်ရာ မူဝါဒက ဘယ်လိုလာမယ် မသိသေးပါဘူး။သူဘယ်လိုလာလာ ကိုယ်တွေက
လုပ်ပြီးနေပါပြီ ခုချိန်မှ နောက်ပြန်လှည့်လို့လည်းမရတော့ပါဘူး။ ဒါတွေမလုပ်ရဘူးဟေ့...... လုပ်ခွင့်မပေးဘူးဟေ့........ ခွင့်မပြု
ဘူးဟေ့.....တရားမ၀င်ဘူးဟေ့......စသဖြင့် အသံတွေထွက်လာရင်တော့ ခေါင်းကိုက်ရမယ်လေ။ နောက်တစ်နည်းကတော့
ခွင့်ပြုတယ်ဆိုပါစို့ ဘယ်လိုကန့်သက်ချက်တွေနဲ့လဲ ဆိုတာလဲ ရှိဦးမယ်။ ၀င်ငွေခွန်တွေဘာတွေ ဆောင်ရမယ်ဆိုတာမျိုးတွေဖြစ်
လာနိုင်ပါတယ်။ ရာခိုင်နှုန်းကဘယ်လောက်သက်မှတ်မှာလဲ။ အခွန်ဆောင်ရမှာ နိုင်ငံသား တာဝန်ပေါ့။ ဒါလဲဟုတ်ပါတယ်။
တာဝန်တော့ကျေချင်ပါတယ် ဆောင်ရမှာ သတ်မှတ်ချက် များနေရင်တော့ မလွယ်သေးဘူးနော်။ အခုကားတွေယဉ်တွေကို ဆယ့်ငါး
ရာခိုင်နှုန်းနဲ့ကောက်တယ်။ သိန်းတစ်ရာကို ဆယ့်ငါးသိန်းသွားပြီ ။ ဆောင်နိုင်တဲ့သူ အတော်နည်းသွားတာတွေ့ရတယ်။
ဒီလိုဘဲ ကိုယ်တွေ စတီးမစ်ဝေါလက်ကြီးကြည့်ပြီး မင်းတော့ ဘယ်နှစ်ရာခိုင်နှုန်းနဲ့ ဘယ်လောက်ဆောင်ပါဆိုပြီး နို့တစ်စာ ရောက်လာ
ရင်တော့ ဒွတ်ခဘဲဗျ။
ကျေးဇူးတင်ပါတယ်ဗျာ ဒီနေ့တော့ ဒီလောက်နဲ့နားပါပြီ
စတီးမစ်လုပ်ကိုင်သူအားလုံး ကြီးပွားတိုးတက်ချမ်းသာကြပါစေဗျာ