ဒီနေ့က နေသာလေသာရှိတဲ့ နေ့တစ်နေ့ပါ ကောင်းကင်မှာ မိုးသားတိမ်လိပ်တွေ အနည်းငယ်ရှိနေလည်း နေရောင်ရတဲ့နေ့လေးပေါ့ အေးမြမြလေပြေလေညှင်းလေးတွေကလည်း တဖြူးဖြူးတိုက်ခက်လျှက်ရှိနေပါတယ် စိမ်းစိုနေတဲ့
တောတန်းကြီး တိတ်ဆိတ်ငြိမ်သက်နေတဲ့ ပါတ်ဝန်းကျင် ကျေးငှက်တို့ရဲ့ ဘာသာဘာဝ တေးသီသံတို့က တလွင်လွင်ပေါ့။
ကားဟွန်းသံတွေ ကင်းရှင်းတဲ့နေရာ ဆီနံ့ လူနံ့ အမှိုက်နံ့တို့နဲ့ ဝေးရာ တစ်နေရာပေါ့ လိမ်ညာမှုတွေ ဟန်ဆောင်မှုတွေ ရက်စက်မှုတွေ လောဘ ဒေါသ မောဟတို့ ရဲ့ဝေးရာပေါ့
ဟုတ်ပါတယ် မွန်းကြပ်ပူလောင် အိုက်စပ်သော မြို့ပြရဲ့ အဝေးတစ်နေရာကို
ရောက်လို့နေပါတယ် ရာသီဥတုကလည်းသာယာတယ် တိတ်ဆိတ်အေးချမ်းတဲ့ ပါတ်ဝန်းကျင်လေးရဲ့ အလယ်မှာ ရောက်လို့နေသည်ပေါ့ စိတ်တွေကလည်း ကြည်လင်လို့နေပါတယ်
အချို့ကတော့ အားလပ်ရက် နားနေချိန်လေးမှာ လူစည်ကားရာ အထင်ကာရနေရာတွေ သွားတက်ရောက်တက်ကြပါတယ် ကိုယ်ကတော့ အများနဲ့မတူဘဲ တောထဲရောက်လို့နေသည်ပေါ့
မနေ့က မိုးတွေမပြတ်ရွာနေခဲ့သော်လည်း ယနေ့လိုသာယာနဲ့ နေ့တစ်ရက်မှာ အသစ်အဆန်းတွေ ရှာဖွေနေမိတယ် ဒီနေရာက နောင်တစ်ချိန် ဖွံ့ဖြိုး စည်ကားလာမယ် နေရာလေးတစ်ခုပါ နောက်သုံးနှစ် ငါးနှစ်ဆို ဒီမြင်ကွင်းတွေ
ဒီနေရာမှာ မရှိနိုင်တော့ပါဘူး
များပြားလာတဲ့ လူဦးရေ တိုးတက်လာတဲ့စီးပွားရေး ဖွံ့ဖြိုးလာတဲ့ နယ်မြေဒေသ ဒီအရာတွေပေါင်းစုမိတဲ့အခါ တောတောင်တွေက အိမ်ခြံမြေတွေ ဖြစ်သွားတော့မယ့် နေရာလေးတစ်ခုမှာပေါ့
@bobokyaw