ဒီနေ့တော့ အပျော်လွန်ရတဲ့နေ့တစ်နေ့ပါဘဲ ဒုတိယအကြိမ်အဖြစ် ချန်ပီယံလိဒ်ကို ရောက်ရှိခဲ့ပါပြီ အရင်တစ်ခါရောက်တုန်းကတော့ စည်းကမ်းပြောင်းလိုက်တဲ့အတွက် ဘာမှအရာမထင်ခဲ့ပါဘူး လွယ်လွယ်ကူကူလဲတက်နိုင်ခဲ့ပါတယ်
ဒီတစ်ကြိမ်တော့ ခက်ခက်ခဲခဲတိုက်ယူပြီးတော့ ထိုက်ထိုက်တန်တန်ရရှိခဲ့ပါပြီ
ဒီဂိမ်းစဆော့ကတည်းက တစ်ခုတည်းသော အိပ်မက်ကချန်ပီယံ ရောက်ရှိရေးပါဘဲ အခုတော့ ဒါဟာ အမြန်ဆုံးဖြစ်လာခဲ့ပါပြီ
ဒီရာသီလိဒ်ကတော့ လှပလို့သွားပါပြီ
ပြီးခဲ့သောရာသီလိဒ်များမှာတော့ ဂိုး အဆင့်တောင် မဝင်နိုင်ခဲ့ပါဘူး
နေ့စဉ်စာရေးတာအာရုံစိုက်နေတာလည်း အကြောင်းရင်းတစ်ရပ်ပါဘဲ
အခုတော့ ဂိမ်းဘက်ကို ပိုအာရုံစိုက်နေပါတယ်
ရာသီလိဒ် တစ်ခုနဲ့တစ်ခုက သတ်မှတ်စည်းကမ်းတွေ မတူပါဘူး
ကိုယ်က အဆင်ပြေပြေတိုက်လို့ လွယ်နေတယ်ဆိုရင်တော့ ရောက်နိုက်ငလောက် ဖလားကို တင်သင့်ပါတယ်
နောက်လာမယ့် ပွဲစဉ်တွေက ပိုမိုခက်ခဲလာမှာဖြစ်ပါတယ်
နောက်တစ်ကြိမ် ပြန်တက်လာနိုင်ဖို့က မသေချာပါဘူး
စတင်းမွန်းစတားဂိမ်းကို စိတ်ဝငိစားသူတွေလည်း တစ်နေ့တစ်ခြားများပြားလို့လာနေပါပြီ စတီးမစ်အသုံးပြုသူတိုင်း မဖြစ်မနေ ကစားရသော ဂိမ်းတစ်ခု ဖြစ်လာစေတော့မှာပါ
ခင်လို့ သတိပေးပါရစေ ယခုအချိန်က သိပ်နောက်မကျသေးပါဘူး
စတီးမစ်မှာ ရှေ့ကျသူနဲ့ နောက်ကျသူက ဘယ်လိုကွာဟ သလဲဆိုတာ သိမြင်ခံစားဖူးကြပြီဘဲ ဘာကိုတွေဝေနေဦးမှာလဲ ယခုဘဲ ဆယ်ဒေါ်လာ အကုန်ခံလိုက်ပါ ဆယ်ဒေါ်လာထက် အဆပေါင်းများစွာ သာလွန်သော အကျိုးအမြတ်တွေ
ပြန်လာပါလိမ့်မယ်
Photo Credit : https://steemmonsters.com/#
Author : @bobokyaw