📅📝

blay(37)
Published in
#artzone
Words
360
Reading
2 min
Listen
Play
8y

📝✏📖
သားတို့ သမီးတို့ဖတ်ဖို့ အင်္ဂလိပ်စာ

Changing our vision
အမြင်သစ်

There was a very wealthy man who was bothered by severe eye pain.
တစ်ခါတုန်းက မျက်လုံးနာကျင်ခြင်းဝေဒနာကို ဆိုးဆိုးရွားရွား ခံစားနေရတဲ့ သူဌေးကြီးတစ်ဦးရှိတယ်ကွဲ့။

He consulted many physicians and was being treated by several.
သူဟာ သမားတော်ကြီးများစွာနဲ့ ပြသပြီး ကုသမှုခံယူနေရတာပေါ့။

He did not stop consulting a galaxy of medical experts; he consumed heavy loads of drugs and underwent hundreds of injections.
သူဟာ ဆေးပညာရှင်တွေအမြောက်အမြားထံမှာ ကုသမှုဆက်တိုက်ခံယူနေကာ၊ ဆေးတွေလည်း အများကြီးသောက်ရ၊ အကြိမ်ပေါင်းများစွာ ဆေးထိုးခံရနဲ့ပေါ့ကွယ်။

But the ache persisted with more vigor than before.
ဒါပေမဲ့လည်း ကိုက်ခဲတာဟာ မပျောက်ဘဲ အရင်ထက်သာ ပိုဆိုးလာသတဲ့လေ။

At last, a monk who was supposed to be an expert in treating such patients was called for by the suffering man.
နောက်ဆုံးတော့ ဒီလိုလူနာတွေကို ကုသရာမှာ အလွန်တော်တယ်လို့ပြောကြတဲ့ ရဟန်းတစ်ပါးကို သူ ပင့်ဖိတ်လေတယ်။

The monk understood his problem and said that for some time he should concentrate only on green colors and not to let his eyes fall on any other colors.
ရဟန်းဟာ ဒီလူဘာဖြစ်တယ်ဆိုတာကို သိနားလည်လို့ ခုလောလောဆယ်မှာ လူနာဟာ အစိမ်းရောင်တွေကိုသာ အဓိကထားကြည့်ရမယ်၊ သူ့ရဲ့မျက်လုံးတွေ တခြားအရောင်တွေကို မကြည့်မိပါစေနဲ့လို့ မိန့်မှာသတဲ့။

It was a strange prescription, but he was desperate and decided to try it.
ဒီဆေးညွှန်းဟာ ဆန်းနေပေမဲ့ သူဟာ အသည်းအသန်ပျောက်ချင်နေတာမို့ စမ်းကြည့်မယ်လို့ ဆုံးဖြတ်လိုက်တယ်။

The millionaire got together a group of painters and purchased barrels of green paint and directed that every object his eyes were likely to fall to be painted green just as the monk had directed.
သန်းကြွယ်သူဌေးကြီးဟာ ဆေးသုတ်သမားတွေကိုခေါ်၊ အစိမ်းရောင်ဆေး ပီပါတွေအများကြီးဝယ်ပြီး၊ ရဟန်းမှညွှန်ကြားထားတဲ့အတိုင်း သူ့မျက်စိနဲ့မြင်တွေ့နိုင်လောက်မဲ့ ပစ္စည်းမှန်သမျှကို အစိမ်းရောင်ဆေးသုတ်ခိုင်းလေတယ်။

When the monk came to visit him after few days, the millionaire's servants ran with buckets of green paint to pour it on him since he was in red robe, lest their master see any other color and his eye ache would come back.
ရက်အနည်းငယ်အကြာ ရဟန်းက သူ့ဆီကိုကြွလာတော့ သန်းကြွယ်သူဌေးကြီးရဲ့ အစေခံတွေဟာ သင်္ကန်းအနီရုံထားတဲ့ ရဟန်းပေါ်ကိုလောင်းချရအောင် အစိမ်းရောင် ဆေးပုံးတွေနဲ့ အပြေးသွားကြသတဲ့။ သူတို့ရဲ့ သူဌေးကြီး အခြားအရောင်တွေကိုကြည့်မိရင် မျက်လုံးကိုက်ခဲတဲ့ ဝေဒနာပြန်ဖြစ်မှာကို စိုးရိမ်ကြလို့တဲ့ကွယ်။

Hearing this, the monk laughed and said "If only you had purchased a pair of green spectacles, worth just a few dollars, you could have saved these walls and trees and pots and all other articles and also could have saved a large share of your fortune. You cannot paint the world green."
အဲဒါကိုကြားတော့ ရဟန်းက ရယ်မောပြီး မိန့်လိုက်တာက "ဒေါ်လာနည်းနည်းလေးပေးရတဲ့ မျက်မှန်စိမ်းတစ်လက်သာ ဒကာကြီးဝယ်ခဲ့လိုက်ရင် ဒီနံရံတွေ၊ သစ်ပင်တွေ၊ အိုးတွေနဲ့ အခြားပစ္စည်းတွေအားလုံး ဘာမှပျက်စီးကုန်မှာမဟုတ်ဘူး၊ ပိုက်ဆံတွေအများကြီးလည်း ဒီလိုဆုံးရှုံးမှာ မဟုတ်ဘူးကွဲ့။ ဒကာကြီးရယ် ကမ္ဘာကြီးကို အစိမ်းရောင်ဆေးသုတ်ပေးလို့ ဘယ်ရနိုင်ပါ့မလဲ" တဲ့ကွယ်။

သားတို့ သမီးတို့လည်း ဒီပုံပြင်လေးကို ဖတ်ပြီးတဲ့အခါမှာ ကိစ္စတော်တော်များများကို ဖြတ်ထိုးဉာဏ်သုံးပြီး စဉ်းစားဖြေရှင်းတတ်ဖို့လိုတာကို ဆင်ခြင်ကြည့်နိုင်ကြပါစေလို့....ကမ္ဘာကြီးကို အစိမ်းရောင်သုတ်မဲ့ ဒကာကြီးလိုမဖြစ်စေဖို့ပေါ့ကွယ်။
image

With love,
blay@blay

📅📝 | Ecency