📝📝📗📗

blay(37)
Published in
#artzone
Words
406
Reading
2 min
Listen
Play
8y

Dummy pronoun ဘာလဲ
_______======
Dummy pronoun ​တွေဆိုတာက grammar အရ pronoun ​တွေဖြစ်​​ပေမယ့်​ ဒီ Dummy pronoun ​တွေက အခြား pronoun ​တွေလို noun ကိုအစားသုံးတာမဟုတ်​ဘူး
ဆိုလိုတာက Dummy pronoun ​တွေမှာ သူတို့ညွှန်းတဲ့ noun မရှိဘူး
ဘာကိုမှ ညွှန်းတာမဟုတ်​​ပေမယ့်​ဝါကျတစ်​​ကြောင်းကို grammar အရမှန်​ကန်​​စေဖို့ သူတို့ကိုသုံးရတယ်
Dummy pronoun နှစ်​လုံးပဲရှိမယ်​.
There နဲ့ it

There

There ကို dummy pronoun အဖြစ်​အဓိကအ​နေနဲ့ တည်​ရှိမှု​တွေမှာ သုံးတယ်
ဥပမာ-

There is a ship in the harbour.
ဆိပ်​ကမ်းမှာ သ​င်္ဘောတစ်​စီးရှိတယ်

ဒီဝါကျမှာ There ကဘာကိုမှ အစားသုံးထားတာမဟုတ်​ဘူး
a ship ဆိုတဲ့ သ​င်္ဘောရဲ့တည်​ရှိမှုကို ပြဖို့သုံးထားတာ

There is a book on the table.
စားပွဲ​ပေါ်မှာ စာအုပ်​တစ်​အုပ်​ရှိတယ်

ဒီဝါကျလဲအတူတူပဲ
a book ဆိုတဲ့စာအုပ်​ရဲ့တည်​ရှိမှုကို there ကပြတယ်

Singular vs. Plural

There ကို singular ​ရော plural ​ရောသုံးလို့ရတယ်
There ကို singular အ​နေနဲ့သုံးရင်​ သူရဲ့​နောက်​ကလိုက်​တဲ့ verb ​ရော noun ​ရော singular ဖြစ်​ရတယ်
ဥပမာ-

There is a canoe on the lake.
ကန်​ထဲမှာ​လှေတစ်​စီးရှိတယ်

ဒီဝါကျမှာ there က singular ဖြစ်​လို့ သူရဲ့​နောက်​က singular verb (is) လိုက်​ပြီး singular noun (a canoe) လိုက်​တယ်

There are many canoes on the lake.
ကန်​ထဲမှာ ​လှေ​တွေအများကြီးပဲ

ဒီမှာကျ plural verb (are) နဲ့ plural noun (canoes) လိုက်​လို့ there က plural ဖြစ်​တယ်

Adverbial there vs. Dummy pronoun there

There ကို adverb အ​နေနဲ့လဲသုံးလို့ရတာမလို့ ဥပမာ​လေးကြည့်​ပါ

They swam in the water.

ဒီဝါကျမှာ in the water က prepositional phrase အ​နေနဲ့ adverb အလုပ်​ကိုလုပ်​တယ်
ဒီ​တော့ ဒီ in the water ​နေရာမှာ there ကိုအစားသုံးလို့ရတယ်

They swam there.

ဒါဆို ဒီ there က in the water ဆိုတဲ့ adverb ​နေရာမှာ အစားသုံးတာမလို့ သူက dummy pronoun မဟုတ်​ဘူး

There were fish where they swam.

ဒီဝါကျမှာကျ​တော့ there က fish ရဲ့တည်​ရှိမှုကိုပြတာဖြစ်​တဲ့အတွက်​ dummy pronoun ဖြစ်​တယ်

It

It ကိုလဲ ဘာကိုမှအစားသုံးတာမဟုတ်​ပဲ dummy pronoun အဖြစ်​သုံးလို့ရတယ်
It ကို dummy pronoun အဖြစ်​သုံးတဲ့ အဓိကအ​ခြေအ​နေ သုံးမျိုးရှိတယ်
Weather
Distance
Time

Weather

It was very sunny at the beach last week.
အရင်​တစ်​ပတ်​က ကမ်း​ခြေမှာ အရမ်းသာယာတာပဲ

ဒီဝါကျမှာ it က ဘာကိုမှအစားမသုံးဘူး
သာယာတယ်​ ဆိုတဲ့ ရာသီဥတု ရဲ့အ​ခြေအ​နေ(weather)ကို ပြဖို့သုံးတယ်

Distance

It is farther than you think to drive to Magway.
မ​ကွေးကိုသွားဖို့က မင်းထင်​တာထက်​ ပို​ဝေးတယ်​​နော်

ဒီဝါကျမှာလဲ it က ဘာကိုမှ အစားမသုံးဘူး
မ​ကွေးကိုသွားရမယ့်​ ခရီးအကွာအ​ဝေး(distance)ကိုပြဖို့သုံးတယ်

Time

It is 4:30.
လေးနာရီခွဲပြီ

ဒီမှာဆိုလဲ it ကဘာကိုမှအစားသုံးတာမဟုတ်​ပဲနဲ့ ​လေးနာရီခွဲဆိုတဲ့အချိန်​(time)ကိုပြဖို့သုံးတယ်

Other use

အ​ပေါ်က အ​ခြေအ​နေသုံးခု မဟုတ်​ပဲ it ကို dummy pronoun အဖြစ်​သုံးတာ​လေး​တွေ ဆက်​​လေ့လာကြည့်​ပါ

It does not matter what you say.
မင်းဘာ​ပြော​ပြော ကိစ္စမရှိဘူး

ဒီဝါကျမှာ it ကဘာကိုမှအစားသုံးတာမဟုတ်​ဘူး
ဒီလို dummy pronoun အဖြစ်​သုံးထားတဲ့ it ကို
ဝါကျကိုမိတ်​ဆက်​​ပေးတဲ့စကားလုံးအ​နေနဲ့သုံးလို့ introductory "it" လို့လဲ​ခေါ်တယ်
ဝါကျမှာသုံးထား​ပေမယ့်​ သူ့မှာ ဘာအဓိပ္ပါယ်​မှမရှိလို့ empty "it" လို့လဲ​ခေါ်တယ်

နောက်​တစ်​ခုက it ကို cleft sentence ​တွေမှာ dummy pronoun အဖြစ်​သုံးတယ်
ဥပမာ-

Aung Aung seems to be hungry.

ဒါကို cleft sentence အဖြစ်​ it ကိုသုံးပြီး ပုံစံ​ပြောင်းလို့ရတယ်

It seems that Aung Aung is hungry.

Dummy pronoun "it" ကို object ​နေရာမှာလဲသုံးလို့ရတယ်
ဥပမာ-

Watch it,pal!
ထမင်းဝ​အောင်​စားထား ​ဟေ့​ကောင်
မင်း​စောင့်​ကြည့်​လိုက်​ ​ဟျောင့်

ဒီဝါကျမှာဆိုရင်​ it က dummy pronoun အဖြစ်​ object မှာ သုံးပါတယ်

Cool it down.
စိတ်​ငြိမ်​ငြိမ်​ထားစမ်းပါ

ဒီဝါကျမှာလဲ it က object ​နေရာက dummy pronoun ပါ

မှတ်​ရမှာ တစ်​ခုက dummy pronoun "it" က အမြဲတမ်း singular အ​နေနဲ့ပဲသုံးပါတယ်
ဘယ်​​​တော့မှ plural မဖြစ်​ပါဘူး
×××××××××××××××××××××××××××××××××××
...
image

blay@blay

📝📝📗📗 | Ecency