လွမ်းဒဏ်သင့် မိုး

Words
54
Reading
1 min
Listen
Play
8y

လွမ်းဒဏ်သင့် မိုး ...

အလွမ်းတွေ ရွာနေလိုက်တာ
ကြည့်လိုက်စမ်း တသွင်သွင်စီးလို့
သမုဒယတွေပဲ တဖွဲဖွဲကျလို့
သောကမိုးကောင်းကင်မှ နှင်းခါးတွေလည်းပါ
တရှိုက်ရှိုက် တုန်ရင်မောဟိုက်
အသက်ငင်နေတာများလား
ဗျာများတွေဝေ ပူဆွေး
ရဲဆေး တစ်ခွက် ပေးစမ်းပါ
အား...!!!
ဘဝ...
အရမ်း ခါးပြင်းတယ်
တစ်ကျိုက်တည်းနဲ့ လဲပေါ့
ဓားသွားထက်က ပျားရည်တစ်စက်
တမ်းမက်မှုနဲ့ လျှက်ခဲ့မိတယ်
ခုများတော့...
ဒုက္ခတွေ့ခိုက် ကျားနာမရှေ့ ခလုပ်တိုက်လဲခဲ့
နာကျင်မှုတွေ တရစပ်နဲ့
ရက်စက်မှုတွေ ရပ်စဲဖို့
မတောင်းဆိုတော့ပါဘူး
အလွမ်းတွေပဲ ရွာချလိုက်တော့မယ်
ဟိုး.. ဝေးဝေး တစ်နေရာမှာ...။ ။

....... Hein Khant Maung ........

billionairehein@billionairehein

လွမ်းဒဏ်သင့် မိုး | Ecency