Hive onboarding guide in myanmar language

Words
323
Reading
2 min
Listen
Play
5y

There are posts about how to onboard in english so I will not bother writing about this in english. My plan is to bring a lot of people from Myanmar to Hive blockchain. So I will write about this in myanmar language.

1

ဒီပိုစ့်မှာတော့ အပိုင်း ၄ ပိုင်းခွဲပြီး ရှင်းပြသွားမှာ ဖြစ်ပါတယ်။

၁။ အကောင့် ပြုလုပ်ခြင်း
၂။ စကားဝှက်တွေကို သေသေချာချာ သိမ်းဆည်းခြင်း
၃။ Leofinance.io ကို စတင်အသုံးပြုခြင်း
၄။ Leofinance.io မှာ ပိုစ့်တစ်ခု စတင်ရေးသားခြင်း တို့ပဲ ဖြစ်ပါသည်။

အကောင့်တစ်ခုပြုလုပ်ခြင်း

ဒီနေရာကို နှိပ်ပါ

အပေါ်မှာ ရေးထားတဲ့ လင့်ခ်ကို နှိပ်လိုက်မယ်ဆိုရင် အောက်ကပုံမှာ ပြထားသလိုမျိုး မြင်တွေ့ရမှာ ဖြစ်ပါတယ်။

၁။ အကောင့်နာမည်ကို ရွေးချယ်ပါ။

2

username ဆိုတဲ့ နေရာမှာ နာမည်တစ်ခုကို ထည့်ပေးပါ။ ကိုယ်ရွေးထားတဲ့ နာမည်က အခြားသူ အသုံးပြုနေတယ်ဆိုရင် ပြန်လည်ရွေးချယ်ပေးဖို့ လိုအပ်ပါတယ်။
Terms of Services ဘေးမှာ ရှိတဲ့ လေးထောင့်ကွက်လေးကို အမှန်ခြစ် လိုက်ပါ။ ပြီးတာနဲ့ Continue ဒါမှမဟုတ် Create Account ကို နှိပ်ပြီး နောက်တစ်ဆင့်ကို သွားလိုက်ပါ။

image.png

တကယ်လို့ အခုလိုမျိုး ပြနေရင်လဲ စိတ်မပူပါနဲ့။ ဒါက hiveonboard မှာ အကောင့်လုပ်လို့ မရနိုင်သေးတာကို ပြသနေခြင်းပဲ ဖြစ်ပါတယ်။ အောက်ကလင့်ကို နှိပ်ပြီး Ecency နဲ့ အကောင့်ဘယ်လိုလုပ်သလဲ ဆိုတာကို သွားကြည့်လို့ရပါတယ်။ အဲဒိနည်းနဲ့ အကောင့်လုပ်လို့လဲ ရပါတယ်။ ဒါမှမဟုတ် ၃ hive ပေးပြီး အကောင့်လုပ်လို့လဲ ရပါတယ်။

Ecency ကို အသုံးပြုပြီး အကောင့်တစ်ခု ပြုလုပ်ခြင်း

၂။ သင့်ရဲ့ username နဲ့ စကားဝှက်ကို သေသေချာချာ သိမ်းဆည်းထားပါ။

3

username နဲ့ စကားဝှက်ကို အွန်လိုင်းမှာ ဒါမှမဟုတ် အခြားနေရာ တစ်ခုမှာ သိမ်းဆည်းထားပါ။ ပြီးတာနဲ့ Download backup ဆိုတာကို နှိပ်လိုက်ပါ။ အဲဒါဆိုရင် မိမိရဲ့ စက်ထဲမှာ စကားဝှက်နဲ့ username ကို သိမ်းဆည်းထားပြီးသား ဖြစ်သွားပါမယ်။
အကောင့် username နဲ့ စကားဝှက်ပျောက်သွားရင် မိမိအကောင့်ထဲက ငွေကြေးတွေကိုပါ ဆုံးရှုံးရမှာ ဖြစ်ပါတယ်။

၃။ သင့်ကို အစစ်ဆေးခံပါ။

4

ဒီအဆင့်မှာကတော့ အကောင့်အတုတွေ မလုပ်နိုင်အောင် ကာကွယ်ထားတဲ့ အဆင့်ပါ။ မိမိရဲ့ ဖုန်းနံပါတ်ကို ထည့်သွင်းရမှာ ဖြစ်ပြီး အဲဒီ ဖုန်းဆီကို ပို့ပေးလာတဲ့ ကုတ်နံပါတ်ကို ပြန်လည်ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ အကောင့်လုပ်တဲ့အဆင့်က ပြီးဆုံးသွားပါပြီ။
လွယ်တယ် မဟုတ်လား။
နောက်တစ်ဆင့်မှာကတာ့ Leofinance.io ကို ဝင်ရောက်ပြီးတော့ ပိုစ့်တစ်ခု ရေးသားမှာပဲ ဖြစ်ပါတယ်။

Leofinance.ioကို စတင်အသုံးပြုခြင်း

အပေါ်က လင့်ခ်ကို နှိပ်လိုက်တာနဲ့ အောက်ကပုံမှာပြသထားသလိုမျိုး မြင်ရမှာပဲ ဖြစ်ပါသည်။

6

အပေါ်ကပုံမှာ ပြသထားတဲ့ Login ဆိုတဲ့ နေရာကို နှိပ်ပြီး ဝင်ရောက်ရမှာပဲ ဖြစ်ပါတယ်။ ဒီလိုဝင်ရောက်တဲ့နေရာမှာ posting key ကို အသုံးပြုရင် လုံလောက်ပါတယ်။ Active key ကိုကတော့ ငွေကြေးလွှဲပြောင်းတဲ့ ‌နေရာမှာ အသုံးပြုရမှာပဲ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ မိမိရဲ့ စကားဝှက်ကို အသုံးပြီးတော့ ဝက်ဆိုက်ထဲကို ဝင်ရောက်လိုက်ပါ။ အထဲရောက်တော့မှ posting နဲ့ active key တွေကို ခွဲခြားထုတ်ယူ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

သင့်ရဲ့ ပထမဆုံး ပိုစ့်ကို စတင်ရေးသားလိုက်ပါ။

7

အပေါ်ကပုံမှာ ပြသထားတဲ့ နေရာကို နှိပ်လိုက်မယ်ဆိုရင် အောက်ကပုံမှာ ပြထားသလိုမျိုး မြင်တွေ့ရမှာပဲ ဖြစ်ပါသည်။

image.png

ပိုစ့်တင်တဲ့နေရာမှာ အဆင့် ၃ ဆင့်ကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။

  1. ခေါင်းစဉ်တပ်ခြင်း
  2. စာကိုယ်ရေးသားခြင်း
  3. Tag တွဲခြင်း

1 နေရာမှာ ခေါင်းစဉ်တပ်၊ 2 နေရာမှာစာကိုယ်ရေးပြီးတော့ 3 နေရာကို နှိပ်ပြီးတော့ tag တွဲပေးရမှာပဲ ဖြစ်ပါတယ်။ အကုန်လုပ်ပြီးသွားရင်တော့ Publish ကို နှိပ်လိုက်ပါ။ သင့်ရဲ့ ပထမဆုံးပိုစ့် အောင်မြင်စွာ ရေးသားလိုက်နိုင်ပါပြီ။

သင့်ရဲ့ ပထမဆုံး ရေးသားတဲ့ ပိုစ့်မှာ ကိုယ့်ကိုယ်ကို အရင်ဆုံး မိတ်ဆက်ပေးဖို့ လိုပါတယ်။ အဲဒိအခါမှာ “introduceyourself” ဆိုတဲ့ tag ကို ထည့်ပေးဖို့ လိုပါတယ်။

Disclaimer: Images are taken from the reference post.
Reference Link: https://leopedia.io/onboard/

Hive onboarding guide in myanmar language | Ecency