ဗဟိုဘဏ် လုပ်ငန်း
❀ ❀ ❀ ❀ ❀ ❀
ဗဟိုဘဏ် သည် နိုင်ငံတနိုင်ငံရှိ ငွေကြေးအဖွဲ့ အစည်းများအားလုံး တို့၏ ဦးစီး ဖြစ်သည်။ ချေးငွေနှင့် ငွေကြေး
ဆိုင်ရာ ကိစ္စအ၀၀တို့အား ကြီးကြပ်ထိန်းချုပ်သော
တာဝန်သည် ဗဟိုဘဏ်၏ အဓိက တာဝန် ပင်ဖြစ်
သည်။ နိုင်ငံ့အစိုးရ က ချမှတ်ထားသော ငွေကြေး
ပေါ်လစီကို အကောင်အထည် ဖော်ယင်း ငွေကြေး
ဆိုင်ရာ အဖွဲ့ အစည်းများတို့ကို ထိန်းကျောင်းပေး
လေသည်။ပြည်တွင်သုံးငွေစက္ကူများကို ဗဟိုဘဏ်
က ထုတ်ဝေပြီး၊ နိုင်ငံ့အစိုးရ၏ ဘဏ်အဖြစ် ရပ်
တည်ပေးပြီး၊ ငွေကြေးဆိုင်ရာ အဖွဲ့ အစည်းများ
နှင့် တခြားသော ဘဏ်များအား ငွေထုတ်ချေး
ပေးခြင်းနှင့် ပြည်တွင်းသုံးငွေကြေးပမာဏ ကို
သင့်တင့်မျှတအောင် လုပ်ဆောင်ခြင်း နှင့် ငွေ
ကြေးဖောင်းပွမှူ့ ကို ချိန်ဆ ထိန်းကွပ်ခြင်း
စသည့် ငွေကြေးဆိုင်ရာ လုပ်ငန်းကိစ္စ အ၀၀
တိုအား တာဝန်ယူ လုပ်ဆောင်ပေးလေသည်။
ပြည်တွင်းဘဏ်များ၏ အခက်အခဲ များကို ကူ
ညီဆောင်ရွက်ပေးပြီး၊အစိုးရ၏ငွေရေး၊ကြေးရေး
ကိစ္စ များကို အစိုးရ ကိုယ်စား ဆောင်ရွက်ပေး
သည်။ ဗဟိုဘဏ် အကြောင်း ပိုစ့်တစ်ခု အကျယ်
ရေးထားပြီးဖြစ်၍ ၎င်းပို့စ်၌ ဖတ်ကြပါရန်•••••••
ကူးသန်းရောင်းဝယ် ရေးဘဏ်။ ။
ဗဟိုဘဏ် မှအပ ကျန် တခြားသော ဘဏ်များတို့
၏ လုပ်ငန်း ဆောင်တာများတို၏ အခြေ ခံလုပ်ငန်း
များသည် ကူးသန်းရောင်းဝယ် ရေးဘဏ်၏ လုပ်
ငန်းများဖြစ်သည်။၎င်းဘဏ်သည် အပ်ငွေများကို
လက်ခံခြင်း၊ ငွေထုတ်ချေး ခြင်း၊ငွေလွှဲ စာတမ်းများ
ကိစ္စဆောငိရွက်ခြင်း၊ရွှေနှင့်ငွေ ကိုဝယ်ခြင်း၊ရောင်း
ခြင်း၊ ဘဏ်မှ တခြားသူများထံမှ ငွေချေးယူခြင်း၊
ငွေချေးသက်သေခံ လက်မှတ်များနှင့် အစုရှယ်
ယာ များတို့ရောင်းဝယ်ခြင်းတွင် ကိုယ်စားလှယ်
အဖြစ်ဆောင်ရွက်ပေးခြင်း၊ပြည်တွင်း၊ပြည်ပသို့
ငွေများလွှဲပြောင်းတင်ပို့ပေးခြင်း၊ပြည်တွင်း၊ပြည်ပ
ငွေကောက်ခံခြင်းစသည့် လုပ်ငန်းများကို
ဆောင်ရွက်ပေးလေသည်။
ဗဟိုဘဏ်အတိုး နှူန်း ပေါ်လစီ။ ။
ဗဟိုဘဏ် အတိုးနှူနိး အပြောင်းအလဲလုပ်ခြင်းသည်
ကူးသန်းရောင်းဝယ်ရေး ဘဏ်များက ချေးငွေအပေါ်
ယူသော အတိုးနှူန်းနှင့် ငွေကြေးဈေးကွက် ရှိကာလတို
ချေးငွေ အပေါ် ယူသော အတိုးနှူန်း အသီးသီးအပေါ်
သက်ရောက် မှူ့ ရှိစေသည်။ဗဟိုဘဏ်အတိုးနှူန်းအတက်
အကျ ကိုလိုက်၍ တခြားသော အတိုးနှူန်းများ အတက်
အကျ လုပ်လေ့ရှိကြသည်။ဗဟိုဘဏ်အတိုးနှုန်းကို
မြှင့်လိုက်ပါက ငွေကြေးဈေးကွက်ရှိ အတိုးနှုန်းများ
ပါလိုက်၍ မြှင့်ကြသည်။အလားတူ ဗဟိုဘဏ်အတိုး
နှူန်းကိုချလိုက်ပါက တခြားသောအတိုးနှူနိးများကို
လည်း လိုက်၍ ချလေ့ရှိတတ်ကြပြီး၊ထိုအခါ၌
ကုမ္ပဏီများတို့သည် အတိုးနှူန်းနိမ့်သညိ့အတွက်
ကြောင့် ချေးငွေ များစွာကို ချေးငှါးပြီး လုပ်ငန်း
တိုးချဲ့မှူ့ လုပ်ကြသည်။
အတိုးနှူန်းများ။ ။
`အတိုး´ဆိုသည်မှာ ချေးငှါးသည့်ငွေကြေးအပေါ်အတိုး
ယူခြင်းနှင့် အပ်နံ စုဆောင်းငွေအပေါ် အတိုးပေး
ခြင်းတို့ဖြစ်သညိ။အတိုးယူသည့်ပုံစံသည် တနိုင်ငံ
နှင့်တနိုင်ငံ ၊ တဘဏ်နှင့်တဘဏ်၊ငွေကြေးဈေးကွက်
တခုနှင့်တခုတို့ မတူညီကြဘဲ ကွဲပြားမှူ့ ရှိကြလေသည်။
နိုင်ငံတနိုင်ငံ ၏ဗဟိုဘဏ်မှ ချေးယူသည့် ငွေကြေးအ
ပေါ် အတိုးယူခြင်းကို Discount Rateဟုခေါ်သည်။
ဘဏ်အချင်းချင်း တို့ကြား ငွေကြေး အပေါ်ချေးယူသည့်
အတိုးကို Inter Bank Rateဟုခေါ်သည်။ ကူးသန်း
ရောင်းဝယ်ရေးဘဏ်များမှ ချေးယူသည့်ငွေကြေးအ
ပေါ် အတိုးယူခြင်းကို Prime Rateဟုခေါ်သည်။
ဘဏ်အပ်ငွေအပေါ် အတိုးပေးခြင်းကို Deposit Rate
ဟုခေါ်သည်။ဘဏ်စုဆောင်းငွေအပေါ် အတိုးပေးခြင်း
ကို Saving Rate ဟုခေါ်သည်။ချေးငှါးသည့်သက်တမ်းအပေါ်မူတည်ပြီး ကာလတို၊ကာလရှည် စသဖြင့်ခေါ်
သည်။ ကာလတို ချေးငွေ အတိုးသည် ကာလရှည်
ချေးငှါးအတိုးထက် ရာခိုင်နှူန်း ပိုများလေ့ရှိပါသည်။
ခက်ဆစ်အဓိပ္ပါယ် ဖွင့်ဆိုချက်။ ။ Bank ဟူသော
အင်္ဂလိပ် ဝေါဟာရသည် Banco ဟုခေါ်သော
အီတလီ စကားလုံးမှ ဆင်းသက်လာခြင်းဖြစ်သည်။
Banco ၏ အဓိပ္ပါယ် မှာ ခုံငယ် ဟု အဓိပ္ပါယ် ရပြီး
၎င်းခုံငယ်လေးများဖြင့် ငွေကြေးလုပ်ငန်းလုပ်ဆောင်
လာရာမှ စတင်ပေါ်ပေါက်လာခြင်းဖြစ်သည်။အင်္ဂလိပ်
ဝေါဟာရ Bank ကို မြန်မာတို့က ဘဏ်ဟူ ၍မြန်မာ
မှူ့ ပြု ထားသည့် စကားလုံးဖြစ်သည်။
Credit###