ငြိမ်းချမ်းပါစေမြန်မာပြည်..

Words
114
Reading
1 min
Listen
Play
8y

image

ဟိုမှာ ဒီမှာ လူတွေသိပ်များလွန်းလို့ မျက်စိနားတွေသိပ်ရှုပ်နေ
မင်းလာမရှုပ်နဲ့ လာမရှုပ်နဲ့ မင်းလာမရှုပ်နဲ့ ငါ့မှာတစ်ယောက်ထဲ
မေတ္တာတရားတွေ ပွားများချင်သေးတယ် ဘုန်းကြီးပါစေ အသက်ရှည်စေ အားလုံးဆုတောင်းကျန်းမာစေ ငါဆုတောင်းပေးရင်း
မေတ္တာတရားတွေပွားများ ဒါဒါဒါဒါဒါဒါ လူသားတွေတောင်းဆုချွေ အိုးဒို့ကမ္ဘာကြီးမှာ လှပဖို့ ငြိမ်းချမ်းဖို့ ဒို့တတွေဆုတောင်းမှာ။ လူသားများအားလုံး ငြိမ်းချမ်းဖို့အတွက်ကို ပျော်ရွှင်ပါစေ သောကမရှိရအောင် လောဘ ဒေါသ စိတ်တို့ကင်းဝေးကာ တကယ်ပါရင်မှာသောက မရှိရအောင် အကြင်နာမေတ္တာဆေးဟာ လူတိုင်းအတွက်တည့်ပါတယ်။

image
photo credit

ဟုတ်ပါတယ်ရှင့်။ဒါအမှန်ပါပဲ။ခုဆိုရင် ကမ္ဘာကြီးဟာ ပျက်စီးနေပါပြီ။စစ်ပွဲတွေဖြစ်ကြတယ်။ပြည်သူတွေ အထိနာတယ်။ရာသီဥတုတွေ မမှန်ျတာ့ဘူး။ကပ်တွေစိုက်နေတယ်။နွေရာသီဟာ တစ်နှစ်ထက်နစ်နှစ် ပိုပူလာတယ်။ဆောင်းရာသီဟာတစ်နှစ်ထက်တစ်နှစ် အအေးလျော့လာတယ်။မိုးရာသီမှာ မိုးဟာပုံမှန်မရွာတော့ဘူး။မြန်မာပြည်ဟာ ဆန်ရေစပါး အဓိကထားတာဆိုတော့ တောင်သူလယ်သမားတွေအဆင်မပြေတော့ရင် စီးပွားရေးဟာ စပျက်စီးလာတော့တာပါပဲ။တောင်သူတွေဟာ မြန်မာနိုင်ငံရဲ့ အခြေခံကျတဲစီးပွားရေးပါပဲ။ဒါတွေအားလုံးဟာ အခုဆိုရင်တစ်စထက်တစ်စပျက်စီးနေပါပြီ။အားလုံးဆုတောင်းပေးကြပြီးတော့ ချစ်ခြင်းမေတ္တာတွေနဲ့ လူလူချင်းမေတ္တာထားကြမှ ကမ္ဘာလောကကြီးက သာယာလာမှာ မဟုတ်လားရှင်။

image
photo credit

ခေါင်မိုးကမလုံတော့မိုးဒါဏ်ကို ကိုယ်ခံနေရတာ အမှန်ပဲ။ဒါပေမယ့်ပြဿနာဖြစ်တိုင်းဟာ ကိုယ်တစ်ယောက်ထဲကြောင့်တော့မဟုတ်ဘူး။ဟုတ်ပါတယ် မိသားစုတစ်စုမှာ ခေါင်ဖြစ်တဲ့မိဘတွေရဲ့အရိပ်ဟာ မလုံခြုံတော့ဘူးဆိုရင် သားသမီးတွေဟာ လောကရဲ့ဒါဏ်က်ုခံကြရတာပါပဲ။ဘ၀ဟာတိုက်ပွဲပါ။မသျေသးသ၍ ခက်ခဲတဲ့တိုက်ပွဲတွေကို တိုက်နေရမှာပါပဲ။နိုင်ငံတော်အကြီးအကဲတွေကလဲလိုပါတယ်။သူကတော့အကြီးမားဆုံးခေါင်မိုးပေါ့လေ။သူမလုံရင်ျတာ့ တစ်တိုင်းပြည်လုံးခံရတာပါပဲ။ဒါကြောင့်ဒီသီချင်းစာသားလေးဟာ တော်တော်လေး အဓိပ္ပာယ်ရှိပါတယ်။ခုဆိုရင် မြန်မာနိုင်ငံဟာစုတ်နေတဲ့ ခေါင်မိုးကို ပြန်ဖာနေရတဲ့အဆင့်ပဲရှိပါသေးတယ်။အကုန်ဖာလို့မပြီးသေးပါဘူး။စစ်ပွဲတွေကလဲ ဖြစ်ျနကြတုန်းပါ။လမ်းပန်းဆက်သွယ်ရေးဟာလဲ မကောင်းတဲ့နေရာတွေ အများကြီးဖြစ်နေပါတယ်။

image
photo credit

လောကရဲ့ အရာရာပြောင်းလဲခြင်းအောက်မှာ ချစ်ခြင်းရဲ့အရာရာလိုက်လျောမှုသဘောနဲ့ အဆင်ပြေအောင်နေနိုင်ဖို့ပဲ။သူပြောချင်တာကတော့ လောကကြီးရဲ့ပြောင်းလဲနေတဲ့ အရာအားလုံးအောက်မှာ လိုက်လျောညီထွေစွာနေနိုင်အောင်ကြိုးစားဖို့တိုက်တွန်းတာပါ။ဘာကြောင့်လဲဆိုရင် နစ်ယောက်ထဲအားနဲ့ ပြောင်းလဲလို့မရဘူး အားလုံးကလိုက်ပြီးပြောင်းလဲပေးမှ အဆင်ပြေမှာလို့ပြောတာပါ။ချစ်သောသူများနဲ့ ချစ်ချစ်ခင်ခင်မေပြီးတော့ ပြောငါးလဲနေတဲ့လောကကြီးမှာ အဆင်ပြေအောင်နေထိုင်ဖို့ပါပဲ။အညိုရောင်အဆင့်ဖြစ်နေတဲ့အခြေအနေမှာ အမဲရောင်ဖြစ်ဖို့ လွယ်ပေမယ့် အဖြူရောင်ဖြစ်ဖို့ဆိုတာဝေးပါသေးတယ်ရှင်။အားလုံးစည်းစည်းလုံးလုံးနဲ့နေကြရင်း မေတ္တာတရားကိုရှေ့ထားပါ။လောကကြီးသာယာအောင် တစ်ယောက်နဲ့တစ်ယောင် ဆုတွေတောင်းပေးကြပါလို့တိုက်တွန်းရင်း မရေးတတ်ရေးတတ်နှင့်နိဂုံးချုပ်လိုက်ရပါတယ်ရှင်။

image
photo credit
babysister@babysister
in myanmar
4/28/2018
11:50pm
I love all steemit friends.Thank you.

ငြိမ်းချမ်းပါစေမြန်မာပြည်.. | Ecency