Myanmar Active News

Words
121
Reading
1 min
9y
Listen to this post
~1 min

သတင်းစာရှင်းလင်းပွဲအပြီး ရဲတပ်သားတဦး အချုပ်ကျနေ
image image
မန္တလေးမြို့အောင်မြေသာစံမြို့နယ် အမှတ် (၄)နယ်မြေ ရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင် အချင်းချင်း ဖိနှိပ်မှုများ၊ ကိုယ်ထိလက်ရောက်ပြုလုပ်မှုများနှင့် ပတ်သက်၍ ရဲအရေးမပိုင်ဟုဆိုကာ အမှုဖွင့် မပေးခြင်းကြောင့် မန္တလေးမီဒီယာစင်တာတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည့် ရဲတပ်သားအား ဇန်နဝါရီ ၂၆ ရက်နေ့ ညပိုင်းက ဖမ်းဆီးချုပ်နှောင်ထားသည်ဟု ၄င်း၏ဇနီးဖြစ်သူက ပြောသည်။

"ဒီနေ့ သတင်းစာရှင်းလင်းပွဲကအပြန် စခန်းကိုရောက်တော့ ကျွန်မယောကျာင်္းကို စစ်ဆေးမေးမြန်းစရာတွေရှိတယ်ဆိုပြီးမြို့နယ်မှူးကိုယ်တိုင် လာခေါ်သွားပါတယ်။"ဟု ရဲတပ်သားသန်းဖြိုးအောင်၏ ဇနီးဖြစ်သူ မပွင့်ဖြူခိုင်က ပြောသည်။

မန္တလေး အောင်မြေသာစံမြို့နယ်အတွင်းရှိ အမှတ်(၄)ရဲစခန်းတွင် ဇန်နဝါရီ ၂၀ ရက်နေ့ ညပိုင်းက ရဲတပ်သားနှစ်ဦး၏ ဇနီးများ အချင်းများရန်ဖြစ်ပွားခဲ့ပြီးနောက်ရဲအုပ် ရဲကျော်သူ နှင့် ဇနီး ၊ ရဲတပ်သား စိုင်းအာကာဖြိုး နှင့် ဇနီး တို့က ကိုယ်ထိလက်ရောက် ထိုးကြိတ် ကန်ကြောက်မှုများ ၊ ဆဲဆိုမှုများ ပြုလုပ်ခဲ့ကြခြင်းများကြောင့် ရဲတပ်ဖွဲ့ဝင်အချင်းချင်း ဖိနှိပ်မှုများနှင့် ကိုယ်ထိလက်ရောက်ကျုးလွန်မှုများရှိနေသည့်အတွက် နစ်နာသူရဲတပ်ဖွဲ့ဝင်မိသားစုက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

"ကျမယောကျာင်္းကို မြို့နယ်မှူးခေါ်သွားတုန်းက တွေ့ချင်လိုက်ခဲ့လို့ပြောတာကြောင့် မြို့နယ်မှူးရုံးခန်းကို ည ၇ နာရီခွဲလောက်မှာ လိုက်သွာပါတယ်။ ဟိုရောက်တော့ အမှတ် ၅ ရဲစခန်းမှာ ချုပ်ထားတယ်လို့ပြောလို့ လိုက်သွားတော့ ည ၆ နာရီကျော်ရင် ဧည့်တွေ့လို့မရဘူးပြောတာကြောင့် တွေ့ခွင့်မရခဲ့ပါဘူး။ ဘာကြောင့်အခုလိုချုပ်ထားတာလဲမေးတော့ အထက်က ချုပ်ခိုင်းထားလို့ ချုပ်ထားရတာပါလို့ အမှတ် ၅ စခန်းတာဝန်မှူးပြောပါတယ်"ဟု ရဲတပ်သားသန်းဖြိုးအောင်၏ ဇနီးဖြစ်သူ မပွင့်ဖြူခိုင်က ပြောသည်။

ယခုချိန်တွင် ရဲတပ်သား သန်းဖြိုးအောင်မှာ အမှတ် ၅ နယ်ရဲစခန်းအချုပ်တွင် ဖမ်းဆီးချုပ်နှောင်ခံထားရပြီး မည်သည့်ပြစ်မှုကြောင့် ဖမ်းဆီးထားမှန်းမသိရသေးပေ။

"ရဲတပ်သားသန်းဖြိုးအောင်ကို အခု အမှတ် ၅ စခန်းမှာ ချုပ်ထားတာမှန်ပါတယ်။ဒါက တပ်ဖွဲ့တွင်း အတွင်းရေးကိစ္စဖြစ်တဲ့အတွက် ဘာကြောင့်ဆိုတာပြောလို့ မရသေးပါဘူး။ တပ်ဖွဲ့တွင်းကိစ္စဆိုတော့ ဘာကြောင့်ဆိုတာ ပြောဖို့စောပါသေးတယ်"ဟု အောင်မြေသာစံမြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ်မှုးရဲမှူးဇော်နိုင်က ပြောသည်။

Myanmar Active News | Ecency