...မိုးတော မယ်ဘွဲ့ရတု(.နတ်သျှင်နောင်)
တပေါင်းကစင် ၊ခုန်ကြွရိုက်ကြူး ၊ကွန့်ချင်မြူးခဲ့၊တန်ခူးကဆုန် နယုန်လနွေ ၊ယွန်းပါစေလော့ ၊ပြတ်ကြွေသည်းအူ၊ရှိသည့်သူလည်း ၊မပူပြန်ကောင်း၊ ခြိမ်းမောင်းမိုက်မဲ၊ ခါမှုတ်ပဲလျှင်၊လွမ်းမြဲကိုလျက် ၊ တံ့နိုင်ခက်ခဲ့ ၊သုံးဘက်အလွတ်၊ ကြိမ်းလွှတ် စက်ဟုန်၊ တသုန်သုန်လျှင်၊ပဇ္ဇုန်မျက်သန်၊ရေးကိုလွန်၍၊ မချန်မြမြ၊ဝန်းလှာပြသည်။ ။
....... သည်မျှနှင့်သာ တန်လေတုံ ။
နှာမောင်းမြသွင်၊ ညွန့်ကြဆင်၍၊ရင့်လျှင်တချို့၊ ရွှေသို့တပိုင်း ၊ ပင်တိုင်းစုံသာ ၊ဝေသောခါမှ၊ စစ်မှာပျောင်းရိ ၊ရှိမှန်းသိလိမ့်၊ မညှိရွာခန့်၊စိတ်တို့လွန့်၍၊မိုးညွှန့်လုလင်၊ဆင်ခြင်တန်လျက်၊ ရေးကိုဖက်ခဲ့၊စုံမက်သသူ၊ မပူစေရ၊သို့မှဖြေတည့်၊ပျော်နေလွန်းရှာ၊တရံခါမျှ၊မြော်ပါမထင်၊မေ့ကျန်ရွှင်သည်။ ။
..........နောင်လျှင်လွမ်းရပြန်ချေတုံ။
မပျောင်းပျချင်၊ သည်နှယ်ပင်တည့်၊မရွှင် မပျော် ၊မဖျော် မမြည် ၊ လွမ်းသည်အပ၊နေ့ညရောက်လှာ၊ကြားကာ ကြားပြန့်၊ မမှန်တို့ဘူး၊နွေဦးကိုမျှ ၊နေ့ညမပြည့်၊ထင်တုံလှည့်ရှင့်၊ဘယ်သည့်ရေးရာ၊စစ်မြေတာဝယ်၊ကြောင်းချာရှိထွေ၊မြင်မောလေဟု၊မင်းနေ့မှာသတ်၊မမေ့ရက်သည့်၊ရွှန်းစက်ခြိမ့်မျှ၊မဟုတ်ကကို၊စိုးရဟန်ချည်း၊ရွှန်းတင့်ရည်းသည်။ ။
...........နတ်လည်းကာလ မှန်စေတုံ..။
#နတ်သျှင်နောင်