#ကျေးစေရတု
** သီတာလုံရေ၊ သွန်းလောင်းစေဟု၊ ဘုံနေသိကြား၊ ရည်ခန့်ထား၍၊ ညွန့်ထွားမြသွင်၊ ပေါ်လျှင်ပင်တည့်၊ သည်တွင် သည်ဟူ၊ သည်မူ သည်က၊ ခြေချမအား၊ ကင်းထားကင်းနေ၊ ခွဲဝေစုံဝက်၊ စွယ်ရှက်ဘီလူး၊ ရူးမူးသဏ္ဌာန်၊ စီဘန် ထက်ကြပ်၊ မလပ်ပင်မြေ၊ ပုံဖြီးထွေ၍ ၊ လူမွေကိုထား၊ ပျံလွှားငှက်မျှ၊ လက်ကမအား၊ ပိတုံးပျားလည်း၊ ရှောင်ရှားမစပ်၊ အထပ်ထပ်သည်။ ။
နေတပ်ဝင်ချ ပတ်ထူလှ။
** ဂီဝါမုံ့ရွေ၊ ပွင့်လှထွေကို၊ ကြောနေစွမ်းခေါင်၊ ဖြူရောင်စွယ်မြှေး၊ မကြုပ်သေးတည့်၊ တောင်မွေးညိုမွတ်၊ ယဉ်စီမှတ်ကို၊ ထွတ်ထွတ်ကြိုးနွယ်၊ ချယ်လှယ်တင့်စုံ၊ ဆင်ပြီးတုံမှ၊ ကိုယ်ယုံကြုံးဝါး၊ ဆီးတည့်သွား၍၊ တန့်နားကင်းထောက်၊ တိုင်လေရောက်သော်၊ လန့်ကြောက်ဘနန်း၊ ရံဝန်းဆီးဆ၊ ကြိုးနှင့်ကြလည်း၊ နရသနင်း၊ စကြာမင်း၏၊ ရင်တွင်းသည်းချာ၊ ကျော်စွာမင်းရဲ၊ ရန်ကဲဘုန်းဝှန်၊ နန်းလောင်းကျွန်ဟု၊ ဆံစွန့်မရွံ၊ ရွပ်ရွပ်နွံက၊ နှိုင်းစံရန်သူ၊ ဘက်မပြူသည်။ ။
မဉ္ဇူပွင့်စ ဆွတ်ယူရ။
** နီလာဘုံနေ၊ နှိုင်းသင့်ထွေဖြင့်၊ ချစ်ပေစဘွယ်၊ လွန်ဆန်းကြယ်သား၊ ဘုန်းကြွယ်ထွတ်တင်၊ မြင်းမိုရ်သျှင်လျှင်၊ သဘင်ခါပွဲ၊ ဆင်စမြဲတည့်၊ ထူးကဲတင့်လွန်း၊ ထိုနတ်ပန်းနှင့်၊ ဝင်းထွန်းကြယ်ဝါ၊ ဆင်းကလျာ၏၊ ကေသာခေါက်ကျိုက်၊ ထုံးမြိတ်၌လျှင်၊ လိုက်လိုက်ဆင်စိမ့်၊ ဆင်းရောင်ငြိမ့်ကို၊ နှစ်သိမ့်ထွေလာ၊ လျှောက်သောခါမူ၊ ပျူငှါမရော၊ တိုင်းသဘောဖြင့်၊ လိုက်လျောဆင်ခြင်၊ နောင်ကိုလျှင်လည်း၊ ကျွမ်းဝင်မှတ်ယူ၊ မိန့်တော်မူသည်။ ။
ကြည်ဖြူညွတ်ခ နတ်တူမျှ။
#နတ်သျှင်နောင်.