တည်​ကိန်း

Words
46
Reading
1 min
8y
Listen to this post
~1 min

*** တည်ကိန်း ***

ကိုယ်တို့မှာ
နာရီတွေကို ပိုင်ဆိုင်နိုင်ကြပေမဲ့
အချိန်တွေကိုတော့ မပိုင်ဆိုင်ကြဘူး..
မရှိခြင်းတွေများလွန်းတဲ့အထဲ
ထင်ယောင်ထင်မှားတွေကို
လိုက်ရှာရချိန်တွေမှာ
ရယ်မောမိရင်ပဲ
ပျော်စရာ မဟုတ်ဘူးလား..
အနာရောဂါမရှိတဲ့
နာမ်တရားတွေရဲ့ ဒဏ်ရာတွေက
ပိုပြီး ကြီးကျယ်လွန်းကြတယ်..
ဘာမှ မရှိခြင်းကို
ပိုင်ဆိုင်ကြသူများ ကိုယ်စား..
ကိုယ်ပိုင်ဆိုင်သမျှလေးကို
ကမ္ဘမြေအနှံ့အပြားကို
ကြဲချလိုက်တဲ့အခါ
ကန္တာရတွေ အိပ်ရေးပျက်သွားပေမဲ့
ရွှင်လန်းသွားကြပါစေ..
မြင်နိုင်ခွင့် ကြားနိုင်ခွင့်.ထိကိုင်နိုင်ခွင့် ရှိနေတဲ့
အရာတွေထက်
သဘောတရားရေးရာတွေမှာ
ပိုပြီး တိကျတဲ့ အဖြေလွှာတွေ
တည်တည်ခန့်ခန့်ကြီး ရှိနေခဲ့မယ်ဆိုရင်
ကိုယ်တို့ အိုင်စတိုင်း နဲ့အတူ
ဦးညွှတ်ရဲသွား ပါလိမ့်မယ် လေ....

I'm ATM. image

တည်​ကိန်း | Ecency