တမာ​ညောင်​​စောင်း

Words
44
Reading
1 min
Listen
Play
8y

#တမာ​ညောင်​​စောင်း

စိတ်​ကြမ်းဝင်​​​နေတဲ့အခိုက်​အတန့်​အတွက်​ ကမ္ဘာပျက်​တွက်​ကိန်း​တွေ ကြာတယ်​..
မြူခိုးအူသံ​တွေနဲ့ ရစ်​​ခွေထားတဲ့ ငါ့ကြမ္မာကို ပုံ​တော်​တစ်​ဖက်​ စီး​ပေးလိုက်​တယ်​..
နိမ့်​ချည်​မြင့်​ချည်​ စီးလို့​ကောင်းတာ လှိုင်း​တွေပဲရှိမယ်​..
သမိုင်းရဲ့ဝှက်​ဖဲတစ်​ချက်​ကို အက်​စစ်​ပက်​ပြီး ပြန်​နမ်းလိုက်​တယ်​..
ဒူးအစုံကို ညွတ်​​ကွေးပြီး အရှိန်​ယူလို့ ​ပြေးတယ်​..
မောပန်းဟိုက်​မှုနဲ့ ကြိုးကြိုးကုပ်​ကုပ်​ ​ခေါ်သံ​တွေ ဆုတ်​ယုတ်​လာတယ်​...
ငါ ​ပြောပြမယ့်​ အဖြူ​ရောင်​ စကားလုံး​တွေ ​တောင်​တစ်​စ ​မြောက်​တစ်​စနဲ့ ပါးစပ်​ထဲ အညှီနဲ့ ​ရောမျိုလိုက်​ရတယ်​...
ဟစ်​​အော်​ဖို့ ကြိုးစားတိုင်း ပြန်​ပြန်​ပြီး မျိုချ​နေရတဲ့ အလင်းညစ်​ညစ်​​တွေဆီမှာ ကပ်​ပါးတစ်​​ကောင်​လို့ ​မှေးရင်း မှိန်​ရင်း တိုးလျ​ဖျော့​တော့...
ဟော...​နေဝင်​လုပြန်​ပြီ..

I'm ATM. image

တမာ​ညောင်​​စောင်း | Ecency