Time war

Words
109
Reading
1 min
Listen
Play
8y

အချိန်ဆိုတာ နာရီမဟုတ်ဘူး။ နာရီဆိုတာလည်း အချိန်​မဟုတ်​ဘူး
နာရီဆိုတာ အချိန်ကို သတ်မှတ်ပေးတဲ့ သတ်မှတ်ချက်တစ်ခုပဲဖြစ်တယ်။

အချိန်ဆိုတာ အချိန်ပဲဖြစ်တယ်။နာရီမဟုတ်ဘူး။ အချိန်ကသူ့ဖာသာရွေ့လျားကုန်ဆုံးနေပေမဲ့ နာရီတော့ လည်ပတ်နေခြင်းဖြစ်တယ်။နာရီက ချွတ်ယွင်းချက်တွေကြောင့် ရပ်တန့်နေတတ်ပေမဲ့ အချိန်ကတော့ အမြဲတစေရွေ့လျားနေတယ်။နာရီရဲ့နံပါတ်တွေကို နောက်တစ်နေ့မှာပြန်ရနိုင်ပေမဲ့ အချိန်ရဲ့ကုန်ဆုံးခြင်းတွေကိုတော့ ပြန်မရနိုင်တော့ဘူး။

လူတွေက ဈေးကြီးနာရီတွေကိုပဲတန်ဖိုးထားကြလေ့ရှိပြီး အချိန်တွေကိုတော့ တတိတိနဲ့ ဖြုန်းတီးနေလေ့ရှိတယ်။အချိန်ကို ဖြုန်းတီးမနေပဲ သုံးပြီးစစ်ထုတ် အမြတ်တစ်ခုခုရကိုရအောင်လုပ်နိုင်ကြရင်ပိုကောင်းမှာပေါ့။

အချိန်​ကို သိဖို့ နာရီကိုကြည့်​ပြီး စကား​ပြောကြ​ပေမယ့်​ နာရီကိုကြည့်​တိုင်း ကိုယ့်​ရဲ့ကုန်​လွန်​သွားတဲ့အချိန်​​တွေကို​တော့ သတိမရကြဘူး။
ဘယ်​အချိန်​ရှိပြီဆိုတဲ့ အသိတစ်​ခုမှာပဲ ကိုယ့်​ရဲ့ စားဝတ်​​နေ​ရေးဆိုတဲ့ နိစ္စဓူဝ​တွေ​အောက်​မှာ နာရီကို အသုံးချ​နေကြတယ်​။
အချိန်​​တွေကို ဖြတ်​​ကျော်​​နေလိုက်​ကြတယ်​..

အချိန်​နာရီဆိုပြီး တွဲလို့ ​ပြောတန်​ကြ​ပေမယ့်​ အချိန်​က လူတိုင်းအတွက်​ ​ရွေ့လျား​နေတဲ့သက်​တမ်းဖြစ်​ပြီး​တော့ နာရီက ရုပ်​ဝတ္ထုပစ္စည်းတစ်​ခုဖြစ်​တယ်​ဆိုတာ ကျွန်​မတို့ ​မေ့ထားခဲ့ကြတယ်​။ ​မေ့ထား​နေကြတယ်​။

ဈေးကြီး​ပေးဝယ်​ရတဲ့ နာရီကို လူကြားသူကြား ထုတ်​ထုတ်​ကြွားတတ်​ကြ​ပေမယ့်​ တန်​ဖိုးကြီးလွန်းတဲ့အချိန်​​တွေကို​တော့ ဖြတ်သန်းမှန်းမသိ ဖြတ်​သန်းကြရင်း ကုန်​ဆုံးမှန်းမသိကုန်​ဆုံး​စေရင်း ဖြုန်းတီးမှန်း မသိ ဖြုန်းတီး​နေမိကြတယ်​။

အချိန်​​တွေကို အကျိုးရှိရှိအသုံးချပါလို့ လမ်းညွှန်​နိုင်​​ပေမယ့်​ ဘာအတွက်​လုပ်​ပါ လို့ သူတပါးရဲ့အချိန်​​တွေကို စီမံခန့်​ခွဲ​ပေးဖို့​တော့ ခက်​ပါတယ်​။ အချိန်​ဆိုတာ ကိုယ်​တိုင်​ စီမံခန့်​ခွဲရမယ့်​ လူတစ်​​ယောက်​ရဲ့ ပိုင်​ဆိုင်​​နေမှာတစ်​ခုဖစ်​လို့ပါပဲ..

အချိန်​​တွေကို တန်​ဖိုးထားဖို့ နာရီကြည့်​​နေဖို့ထက်​ ကိုယ့်​ရဲ့ အသိ သတိ​တွေကို ပိုပြီး ဆင်​ခြင်​ကြည့်​​နေကြဖို့ လိုတယ်​လို့ပဲ သတ်​မှတ်​ချင်​ပါတယ်​။

နာရီဆိုတာ အချိန်​ကို သိဖို့ သတ်​မှတ်​ချက်​ ရုပ်​ဝတ္ထုပစ္စည်းတစ်​ခုသာဖြစ်​ပြီး အချိန်​က​တော့ဘဝရဲ့ ရှင်​သန်​​နေတဲ့ သက်​တမ်းတစ်​ခု ဖြစ​နေလို့ပါပဲ..

လွတ်​လပ်​စွာ သ​ဘောထား ကွဲလွှဲနိုင်​ပါတယ်​..
I'm ATM.
Msu 021
Photo credit. image1. item

Time war | Ecency