** ဟင်းလင်းပြင်
အိမ်မက်တွေထဲ စာအုပ်တွေထဲက ခေါင်းထောင်ကြည့်မိ..
နွေခေါင်နေဆဲ
မိုးရှောင်နေဆဲ..
မတတ်နိုင်...
ဒုတိယအိမ်မက်ထဲ လက်ပစ်ကူးပစ်လိုက်တော့မယ်...
ထင်ရာမြင်ရာတွေက ထိတွေ့ဖို့ ရှားတယ်..
အလင်းရောင်ဟာ ကိုယ်တိုင်ဖြစ်လာတဲ့အခါ
အမှောင်ဆုံးအရပ်အတွက် ဖြစ်စေမယ်....
ဒီလိုနည်းနဲ့
ပါးလျမှုတွေဆီမှာ ကျမ
ပျော်ရွှင်စွာ အငွေ့ပျံရုံမှ လွှဲ၍
ဘာကိုမှ ရေစက်မချလိုတော့...
ဒုတိယအိမ်မက်ထဲက ကျမကို
လက်ကုန်နှိုပ်ပြီးလည်း မရှာပါနဲ့.
ရေရွတ်ပြီးလည်း မတမ်းတပါနဲ့.
မျှော်လင့်ရာအတိုင်း ဝေး.......
ကိုယ့်ဘာသာ ထွက်ပြေးနေခွင့်ပေးပါ...
ကိုယ့်ကိုယ်ကိုယ်က ပိုကြောက်ဖို့ကောင်းလို့...
I'm ATM.