*** ခြေရာကိုသာရှာသူသည် မြေကြီးအား မမြင်ပေ***
I'm ATM.
အခက်ထန်ဆုံး ညကို ဆုပ်ဖြဲပစ်လိုက်ဖို့ ကြိုးစားတိုင်း
ပန်းနုရောင် အလှတစ်စက်ကို နှမြောတက်မက်လို့ နောက်ဆုတ်ခဲ့ရတာချည်းပဲ ...
ဆန်းကြယ်တဲ့ အလှတရားဆိုတာ စိတ်စေစားရာအတိုင်း ထူးဆန်းဖွယ် ပွင့်လှစ်ကြတယ် ....
ဘယ်ညနေခင်းမှာမှ အလှတို့ သီးသန့်အခစားမဝင်ဘူး...
စိတ်ကူးတို့်ချိုမြိန်ရာမှာ လိုက်လွှင့်မျှောပါရတာချည်း.....
အာရုဏ်တက် မနက်ဆိုးတို့ကို မဖွဲ့သီမိကြရင် နူးညံ့တဲ့ ညနေခင်းကိုလည်း မတင်စားသင့်တော့ဘူး ......
ရှင်သန်နေချိန်ရဲ့ ဖြစ်ပျက်သမျှ စိတ် ဆီမှာ သက်ရောက်ခြင်းက တဆင့်.......
လူသတ်လို့သေရတဲ့ အသက်ထက် စိတ်သတ်လို့ သေရတဲ့ ဘဝတွေက များသထက် များလာကြတယ်
ဒါပေမဲ့ ဘယ်မလဲ စိတ်ကုဆေးဝါး...??? လောကကြီးကမာယာများတယ်တဲ့ ... မတိကျ မခိုင်မာတဲ့ စိတ်ဓာတ်တွေ အလယ်မှာ ကျရှုံးရတာတော့ ထည့်မပြောတော့ဘူး.....
ငါ့ရဲ့ ဘဝနဲ့ ခန္ဓာဟာ ကြယ်တာရာ တစ်လုံးဖြစ်ခဲ့မယ်ဆိုရင် ငါ့ရဲ့စိတ်ဟာ နက်စွေးတဲ့ ကောင်းကင်ပြင်ဖြစ်မယ်....
{} ကြည့်တတ်သူတို့ မြင်နိုင်စေ....{}
I'm atom.