Poem

Words
90
Reading
1 min
8y
Listen to this post
~1 min

#ပြတင်းတစ်​ချပ်​ရဲ့ရုပ်​ကြွင်း

နောက်​ဆုံးအိမ်​မက်​​လေးထဲ ဆုပ်​ကျစ်​ဖို့
အခမ်းနားဆုံး ​ဗီလိန်​တစ်​​ယောက်​ဆီမှာချည်းပဲ ဝတ္တရားမရှိဘူးလို့ နားလည်​ခဲ့ပြီး​နောက်​ နှင်းစက်​​ခြောက်​​လေး​တွေကို အသက်​ရှူသံများစွာနဲ့ သနားရင်းပဲ အဝါ​ရောင်​ သစ်​ရွက်​​တွေကို ​ကောက်​​နေခဲ့မိတယ်​...

အမှတ်​တရကြီးကြီးမားမား​တွေနဲ့ သုခဘုံသို့လို့ လမ်းညွှန်​မှု​တွေကို လိုက်​ရှာရင်း အပျက်​အစီး​တွေကြားမှာ ဝမ်းလျားထိုးဖို့​တောင်​ မ​သေချာခဲ့ဘူး..

တမလွန်​တစ်​ဖက်​က ကိုင်းညွှတ်​ထားတဲ့ ရှင်​သန်​မှုမျိုး အချိန်​မ​ရွေး သုတ်​ဆွဲသွားနိုင်​တဲ့ ငါးစာ​နောက်​မှာ အသာယာဆုံး​လောကရှိတယ်​လို့ ထင်​မှတ်​လိုက်​မိခဲ့ချိန်​​တွေဟာ ကျွန်​မရဲ့​ရောဂါဆိုး​ ပူးသတ်​မှု​တွေပါပဲ...

ကျရှုံးခန်းမရှိတဲ့ အိမ်​မက်​မျိုး​နောက်​ ကြား​ယောင်​ကားနဲ့လိုက်​ရင်းမှာမှ ခရီးကြမ်း ခရီးရှည်​အ​ပေါ် သံသယ​တွေ မထားခဲ့မိ​တော့ဘူး....

ညှိယူရမယ့်​ လက်​ဆွဲနှုတ်​ဆက်​မှုမျိုးမှာ တစ်​ဖက်​လူက ​သေမင်းဆိုရင်​ ကျွန်​မ ​သူနဲ့​နောက်​ထပ်​ မ​တွေ့နိုင်​​တော့တဲ့​နေရာဆီမှာ ရှာ​ဖွေပုန်းခို​နေလိုက်​ချင်​ပါတယ်​ ....

အဖြစ်​မှန်​​တွေ အပြည့်​အသိပ်​နဲ့ ပုံပြင်​အို​တွေ ​ဆွေး​မြေ့သွားစတမ်းဆိုတဲ့အထဲမှာ ထုထည်​ ကျစ်​လျစ်​ကြီးမားတဲ့အရာ​တွေ​တော့ မပါဘူး​ပေါ့...

ကျွန်​မတို့ ခိုးယူထားခဲ့တဲ့ အရိပ်​​တွေက အိပ်​မ​နေတတ်​ခဲ့တာကို သမင်​လည်​ပြန်​တဲ့တစ်​​နေ့ဆီက​နေ ကြည့်​ဖြစ်​မယ်​လို့ ယုံကြည်​နိုင်​သလားဟင်​....

စူးစိုက်​ရာ လမ်းမှားကြီး​တွေမှာ ကြီးကြီးကျယ်​ကျယ်​​တွေ အနားသတ်​ထားတဲ့ ​ခြေလှမ်းကျဲကြီး​တွေကို ကိုယ်​စားပြုမှုတစ်​ခု​တော့ ရှိခဲ့​စေချင်​သား...

ဘယ်​ယုံကြည်​ရာကိုပဲ ​ရွေးချယ်​မှုကို အတည်​ပြုခဲ့ပါ​စေ မနက်​ဖြန်​​တွေရဲ့ အိမ်​မက်​ထဲမှာ ကိုယ်​တိုင်​ ​ရေး​ရေး​​လေးပါဖို့​တောင်​ က​ယောင်​ကတမ်းဖြည့်​စွက်​ရင်း......

ကိုယ့်​ရဲ့ ​နောက်​ဆုံးအိမ်​မက်​​လေးကို ဆုပ်​ကျစ်​ထားလိုက်​ဖို့ ဘယ်​တံခါးအဝင်​မှာ ကျွန်​မကို သုတ်​ချည်​ဆွဲတင်​ပစ်​လိုက်​မှာလဲ.....ဟင်​ !!!
ဘယ်​လိုပဲ ဖြစ်​ဖြစ်​​ပေါ့​လေ အဲ့ဒီမတိုင်​ခင်​ အိမ်​မက်​​ငွေ့​ငွေ့​လေးရဲ့ အသက်​မျှင်းသံကို​တော့
ကျွန်​မ...........

I'm ATM.
image

Poem | Ecency