Poem

Words
35
Reading
1 min
Listen
Play
8y

အလင်း​ရောင်​ကို ရှိုက်​နိုးပြီး တိတ်​တခိုး မိုး​စွေခဲ့တယ်​...
စည်​​တော်ဖြစ့်​မယ့်​ သစ်​လုံးကြီးကို မှီလို့ ခိုး​ကြောင်​ ခိုးဝှက်​​တွေအ​ကြောင်း စကား​ကောင်းရတာ​တော့ ဘယ်​​ကောင်းပါ့မလဲ...
လက်​ခုပ်​တီးတိုင်း ​ကွေး​နေ​အောင်​ ကဖြစ်​ခဲ့တဲ့ ဘုံ​မြှောက်​ရာမှာ ကိုယ့်​အပါးက ရယ်​သံ​တွေက ချစ်​လို့ ဖြစ်​တည်​မှုလို့ သတ်​မှတ်​မိ​သေး...
အ​မှိန်​ဆုံးအ​ရောင်​ကို အလင်းနဲ့တိုက်​ အရိပ်​ဆိုက်​ရာအရပ်​မှာ နားခိုရင်း စကားအက်​အက်​​တွေကို ကြဲပက်​ပစ်​ခဲ့တဲ့ ည​နေမှာ သန်းခေါင်​ယံဟာ တ​စ္ဆေ​အော်​သံ​တွေနဲ့ မြူးလို့ ထူးလို့...

I'm ATM.
Photo crd. image

Poem | Ecency