Nutral

Words
122
Reading
1 min
8y
Listen to this post
~1 min

ပြောပြမယ်​...

လူသား​​ပေါက်​စ​သေး​ကွေး​ကွေး ​မွေးစက​နေ က​လေး​လေးအရွယ်​အထိ က​လေးတိုင်းဟာ ချစ်​ဖို့​ကောင်း​နေတတ်​ကြ​လေ့ရှိတယ်​​နော်​..
က​လေး​လေး​တွေရဲ့ အတွင်းစိတ်​​တွေဟာ ကြည်​လင်​​နေတတ်​တာမို့ သူတို့​လေး​တွေရဲ့ လိုချင်​တက်​မက်​မှု ​လောဘ​တွေ ​ဒေါသ​တွေဟာလည်း နည်းပါး​နေမှန်း သိသာ​နေတတ်​ကြတယ်​​လေ...
အဲ့ဒီ​တော့ သူတို့​လေး​တွေဟာ လိုချင်​တက်​မက်​မှု​တွေ နည်းပါးစွာနဲ့ ဖြူဖြူစင်​စင်​ ​အေး​အေး​ချမ်းချမ်း​လေး​တွေ ဖြစ်​​နေကြ​တော့ သူတို့​လေး​တွေဟာ ချစ်​ဖို့ ​ကောင်း​နေကြ​တော့တာ​ပေါ့..

လိုချင်​တက်​မက်​မှု များလာတာနဲ့အမျှ လူသားအချို့​တွေဟာ မုန်းဖို့​ကောင်းလာတတ်​ကြတယ်​​လေ.။သူ့ရဲ့ အလို​လောဘ ကြီးမားလာတာနဲ့အမျှ သူ့ အလို​လောဘနဲ့ ဆက်​စပ်​ရာ ပတ်​ဝန်းကျင်​နဲ့ သဟဇာတမဖြစ်​ခြင်းနဲ့အတူ အဲ့ဒီ ပတ်​ဝန်းကျင်​မှာ သူဟာ ဂျို​ကောင်​ တစ်​​ကောင်​ ဖြစ်​​နေ​တော့မှာပါပဲ​လေ..

က​လေးဘဝဆိုတာ အဲ့ဒီအလို​လောဘ​တွေ ကြီးထွားမလာခင်​ ဖြူစင်​​အေးချမ်းမှု​လေး​တွေနဲ့ဆို​တော့ သိပ်​ချစ်​စရာ​ကောင်း​နေ​တတ်​​တော့တာ​ပေါ့.။

အချို့ လူ​တွေဟာ အဲ့ဒီလိုချင်​တက်​မက်​မှု​တွေ ကုန်​ဆုံးချိန်​ ..မာန်​မာန​တွေ ​လျော့ကျချိန်​ ခွန်​အား​တွေ ဆုတ်​ယုတ်​လာချိန်​​တွေမှာလည်း က​လေးငယ်​​လေး​တွေကို ချစ်​ဖို့ ​ကောင်း​နေတတ်​ပြန်​ရဲ့...

ပါး​ရေရွတ်​တွ နား​တွေ ​လေးပင်​ သွားဆိုလည်း မရှိ​တော့တဲ့ ခါးကိုင်း နားထိုင်း​နေတဲ့ ဘဝ​နေဝင်​ချိန်​အရွယ်​က လူသား​အဖြစ်​ မလှပ​တော့တဲ့ ရုပ်​ရည်​​တွေနဲ့မှာ်အရာက ချစ်​ဖို့ ​ကောင်း​နေ​စေ​သေးတာလဲ..
အဲ့ဒီအဖိုးက ​ချောလိုက်​တာ..ဟိုအဖွားကြီး လှလိုက်​တာ လို့ ချီးကျူးသူ မရှိ​တော့တဲ့ အရွယ်​မှာ အဖိုးက ချစ်​ဖို့​ကောင်းလိုက်​တာ အဖွားက ချစ်​စရာ​ကောင်းလိုက်​တာဆိုတဲ့ စကား​တွေကို​တော့ လက်​ခံရရှိနိုင်​ပါ​သေးတယ်​..။

အလို​လောဘ​တွေ ​လျော့နည်း​နေတဲ့ လူတစ်​​ယောက်​ရဲ့ ​အေးချမ်းမှု​တွေဟာ ရုပ်​ရည်​​တွေ ပိုင်​ဆိုင်​မှု​တွေ ပကာသန​တွေ ဂုဏ်​​တွေ ဒြပ်​​တွေ မပါပဲနဲ့ ချစ်ဖို့ ​ကောင်း​နေ​စေတတ်​တဲ့ လူတစ်​​ယောက်​ရဲ့ ပကတိ အရှိတရား​တွေမို့ပဲ​ပေါ့...။

အချို့ သဘာဝတရား​တွေက မွမ်းမံပြင်​ဆင်​ထားတဲ့ အလှတရား​တွေထက်​ ပိုပြီး ချစ်​မြတ်​နိုးဖွယ်​ ဖြစ်​​နေတတ်​တယ်​ မဟုတ်​လား...။
က​လေးငယ်​​လေး​တွေနဲ့ ဘဝ ​နေဝင်​ချိန်​နားကပ်​ကပ်​က လူသား​တွေဟာ သဘာဝတရားနဲ့ နီးနီးကပ်​ကပ်​မှာ ရှိ​နေကြလို့ ချစ်​ဖို့ ​ကောင်း​နေကြတာပဲ ဖြစ်​လိမ့်​မယ်​ ထင်​ပါရဲ့...​နော်​...။

I'm ATM.
Msu 021. image

Nutral | Ecency