ငြိမ်

Words
45
Reading
1 min
Listen
Play
8y

*** ငြိမ်​ ***

်​ဖြတ်​သန်းရမယ့်​ အလင်းတံခါးဝမှာ
ဓားပါး​တွေကို ​စောင့်​ရတဲ့ နတ်​သမီးအ​ကြောင်း သဲ့သဲ့ကြားရတယ်​..

မ​နက်​ဖြန်​ထဲ ကိုယ်​ပိုင်​ လက်​နက်​ပုန်းကို ပစ်​သွင်းပစ်​လိုက်​တယ်​...
မ​နေ့က ပစ်​ထည့်​ထားခဲ့တဲ့ လက်​နက်​ပုန်းကို​တော့ ဒီ​နေ့ရှာမ​တွေ့​သေးဘူး...

မိုက်​ရူးရဲဆန်​တဲ့ အရံအတား​တွေကြားကို
သိမ်​​မွေ့တဲ့လက်​ခတ်​သံနဲ့ ညှို့ယူလိုက်​တယ်​..
ပဉ္စလက်​ကကွက်​​တွေအတွက်
မှော်​ဆရာဆီက ပတ်​ပျိုးတစ်​ချက်
ငှါးခဲ့ရတယ်​....

လေဆန်ရဲ့ အညာ​ဒေသဆီကို
ခရီးထွက်​ရင်း ခြေ​တော်​ရင်း​တွေ
လောင်​ကျွမ်း​နေခဲ့တာ မီးမဲ့....

အခု​တော့ အချိန်​ပဲ့ ဝိုးတဝါးနဲ့
ကွဲအက်​​နေတဲ့ ပုံရိပ်​​တွေကို​တောင်
လက်​သင့်​ခံရဲမယ့်
လက်​ကြား​တွေကို ကုပ်​ကပ်​သနားရင်း....
ငြိမ်​.........

I'm ATM.
Msu 021
Photo crd. image

ငြိမ်​ | Ecency