ငါ့ဟီးရိုး

Words
89
Reading
1 min
Listen
Play
8y

" ​ခေါင်းထဲမှာ များများစားစားမရှိသူဟာ အဝတ်​အစား​တွေနဲ့ ဖုံးဖိဖာ​ထေးရတယ်​ " တဲ့...။

ရူပေ​ဗဒပညာရှင်​ကြီး ဆာအဲလ်​ဘက်​အိုင်​စတိုင်း ​ပြောခဲ့ဖူးတဲ့ စကား​လေးတစ်​ခွန်း​ပေါ့။
အမြဲတ​စေ ​ခေါင်းစုတ်​ဖွား ညစ်​ပတ်​​နေတဲ့အဝတ်​အစားနဲ့ သမိုင်းတစ်​​ခေတ်​ရဲ့ ကြီးကျယ်​လွန်းတဲ့ လူသားကြီး အိုင်းစတိုင်းက ဦး​ခေါင်းထဲမှာ အမြဲတ​စေ အ​တွေး​တွေထည့်​ပြီး အလုပ်​လုပ်​​နေတတ်​တဲ့လူစား။
ထမင်း​မေ့ ဟင်း​မေ့ ပတ်​ဝန်းကျင်​ကို ​မေ့တဲ့အထိ အလုပ်​​တွေလုပ်​​နေခဲ့သူကြီးရဲ့ ​နောက်​ဆုံးအ​ဖြေကို စာရွက်​အပိုင်းအစ​လေးတစ်​ခုထဲမှာ ထည့်​ပြီး ယူလာခဲ့တယ်​တဲ့..။
ရိုးရှင်းတဲ့ ရိုးစင်းတဲ့ ပညာရှင်​ကြီးရဲ့ ရီ​လေသီ​ဗတစ်​ သီအိုရီကြီး ​အောင်​မြင်​ပြီး​နောက်​မှာ.. အဲ့ဒီ ပညာရှင်​ကြီးရဲ့ သီအိုရီ​တွေနဲ့ တစ်​ကမ္ဘာလုံးက သိပ္ပံသ​ဘောတရား​တွေကို ​ဇောက်​ထိုးလှန်​ပစ်​ခဲ့တယ်​။
ဦး​နှောက်​ထဲ များများစားစားထည့်​ထားတတ်​တဲ့ ပညာရှင်​ကြီးက စကားကို အများကြီးမ​ပြောခဲ့ဘူး ငါ ဘာကြီးကိုဝတ်​မယ်​..ခန္ဓာကိုယ်​ကို ဘယ်​လိုအမျိုးနဲ့ တန်​ဆာဆင်​မယ်​လို့ မ​ပြောခဲ့ဘူး..။
ဒါ​ပေမယ့်​ လူသား​တွေရဲ့ ​ခေတ်​သမိုင်းတစ်​ခုလုံးကို​တော့ သူ့ဦး​နှောက်​က ကြီးကျယ်​တဲ့ တန်​ဆာ​တွေ ဆင်​​ပေးခဲ့တယ်​..။
လူတစ်​​ယောက်​ရဲ့ အားအ​ပေါ် သက်​​တောင့်​သက်​သာစီးနင်းရတဲ့ လန်​ချားကို ငြင်းဆန်​ခဲ့တယ်​။လမ်းမက​နေ ​ခြေလျင်​​လျောက်​ ​ခေါင်းစုတ်​ဖွားနဲ့ အင်္ကျီအစုတ်​နဲ့ အိတ်​အစုတ်​တစ်​လုံးကိုဆွဲလို့ ဘုရင်​မကြီးနဲ့ ( ဘယ်​နိုင်​ငံဘုရင်​မမှန်း ​သေချာမမှတ်​မိ) ​တွေ့ဆုံခဲ့တယ်​..
သူ့ဦး​နှောက်​ရဲ့ ပြည့်​ဝမှုက သူ့နှလုံးသား​​တွေပါ ပြည့်​ဝခဲ့တယ်​။

ကိုယ့်​အတွက်​​တော့ အဲ့ဒီလူကြီးဟာ အခုထိ ကိုယ်​ဦးညွှတ်​မိတဲ့ ဟီးရိုးပဲ..။
အဝတ်​အစားနဲ့ဖာ​ထေးမထားတဲ့ ဦး​နှောက်​ထဲ များများစားစားရှိတဲ့ လူကြီး​ပေါ့.....

I'm ATM. image

ငါ့ဟီးရိုး | Ecency