နားခိုချိန်​တစ်​ခဏ၌

Words
40
Reading
1 min
8y
Listen to this post
~1 min

*** နားခိုချိန်​ တစ်​ခဏ၌ ***

ငါ့ကိုယ်​ပိုင်​ ငါကိုယ်​တိုင်
ထာဝရပိုင်​ဆိုင်​ခွင့်​ရခဲ့သည်​ရှိ​သော်
ခြောက်​​ပေအိမ်​တစ်​လုံးကို
အပ်​နှင်းဖို့မသင့်​ ။

ရှင်​သန်​လတ်​​ဆတ်​​နေဆဲ
နှလုံး​သွေးတို့
အမြဲတ​စေနုပျို​နေခဲ့သည်​ရှိ​သော်
ဇရာ၏ ကခုန်​​ပျော်​မြူးခြင်းတို့
ငါ့ခန္ဓာမှာ သက်​​ရောက်​ဖို့မသင့်​ ။

ပျော်​ရွှင်​ခြင်းတို့ အိပ်​စက်​ခြင်းမဲ့
နာရီတိုင်းမငိုက်​မြည်းခဲ့သည်​ရှိ​သော်
မျက်​ရည်​စက်​တို့
နှလုံး​သွေးမှ
ဖြတ်​သန်းစီးဆင်း​စေဖို့မသင့်​ ။

သမုဒယတို့ သွယ်​ယှက်​ခြင်းမှ
အ​ဖြေရှာခက်
ဝင်္ကပါအလယ်​အထိ နက်​ရှိုင်းခဲ့သည်​ရှိ​သော်
မီးပင်​လယ်​​လောက်
ရင်​သို့ဝင်​​ရောက်​ ​နှောက်​ယှက်​​စေဖို့မသင့်​။

မွေးဖွားခြင်းနှင့်​​သေဆုံးခြင်းကြားမှာ
ငါဟာ ခဏ နားခိုခွင့်​ရသူဖြစ်​​ခဲ့သည်​ရှိသော်
ခရီးဆက်​ရန်​​မေ့ဖို့မသင့်​ ။

I'm ATM. image

နားခိုချိန်​တစ်​ခဏ၌ | Ecency