My freedom

Words
57
Reading
1 min
8y
Listen to this post
~1 min

*** ငါ့......လွတ်​လပ်​​ရေး ****
---------------------+------------------

ချော့ယူရမယ်​..
ချော့ယူလို့မရရင်
တောင်းယူမယ်​..
တောင်းလို့မရရင်​ တိုက်​ယူမယ်​...
တိုက်​လို့မှ မရရင်
သတ်​ပြီးယူသင့်​ ယူရလိမ့်​မယ်​...

အဲ့ဒီ​နောက်
စာရွက်​ဖြူဖြူ​ပေါ်မှာ
ငါ့နာမည်​ကို
မှင်​နီနဲ့​ရေးထားလိုက်​ပါ...

တစ်​ဖက်​တစ်​ချက်​မှာ
ချည်​​နှောင်​ထားတဲ့ အရာ​တွေထဲမှာ
လွတ်​လပ်​​ရေးတမ်းချင်းကို
ငါ မြတ်​နိုး​နေမိတယ်​...

ပိတ်​​လှောင်​နံ​ဟောင်​​နေတဲ့
အချို့ နှစ်​​ဟောင်းနှစ်​ချို့​တွေက
ပုတ်​သိုး​နေပြီဆိုတာ နားမလည်​တတ်​​ပေမဲ့
စံပယ်ြ​ဖူတစ်​ပွင့်​ကိုစိုက်​ပျိုးပြီး
ရှိခိုး​နေရတာကိုပဲ
အဓိပ္ပါယ်​ ပြည့်​ဝ​နေတတ်​​လေ့ရှိရဲ့...

အလိမ္မာသတ်​လို့
သေဆုံးသွားတဲ့ ရူးမိုက်​ခြင်း​တွေ.....

ခြံ​လှောင်​အိမ်​မက်​တစ်​ချို့ရဲ့
ရဲရင့်​​နေတတ်​တဲ့ တိမ်​စီးပုံပြင်​​​တွေ....

အတ္တတချို့အလယ်​မှာ
ချို့တဲ့လန်းစွင့်​ခွင့်​ရတဲ့
နေမဝင်​ စိတ်​ကူး​တွေ

ထိခိုက်​ရှနာ များလွန်းတဲ့
ဘယ်​တိုက်​ပွဲကိုမှ
မကြုံချင်​​တော့ဘူး..

ကိုယ်​တို့ ​တိုက်ပွဲေ​တွက​နေ
ရှောင်​လွှဲနည်းတချို့ကိုရှာ​ဖွေရင်း
ကိုယ်​တို့ ..
ဖက်​လှဲတကင်း နှုတ်​ဆက်​ကြရ​အောင်​...
အဲ့ဒီအခါ
ငြိမ်းချမ်း​ရေးဂီတကို
တိုးတိုး​လေးဖြစ်​ဖြစ်​ ရွတ်​ဆိုကြမယ်​​လေ...။

I'm ATM. image

My freedom | Ecency