This content got low rating by people.

လူငယ်

Words
76
Reading
1 min
Listen
Play
8y

ကျွန်​မ မိန်းက​လေးတစ်​​ယောက်​ဖြစ်​သည်​။
သို့​သော်​ မိမိကိုယ့်​ကို မိန်းက​လေးတစ်​​ယောက်​ကဲ့သို့ခံယူရခြင်းထက်​ လူငယ်​တစ်​​ယောက်​ဟု ခံယူရခြင်းကို ပိုပြီး နှစ်​သက်​မိသည်​။
မိန်းက​လေးတစ်​​ယောက်​ဟု ဆိုလိုက်​လျှင်​အားနွဲ့တတ်​​သော မှီခိုလိုတတ်​​သော​ထုံးတမ်းဓ​လေ့များစွာထဲတွင်​ ပိတ်​​လှောင်​ခံ​နေရ​သော လူသားတစ်​​ယောက်​ကို သာ ယေဘုယျအားဖြင့်​ မြင်​​နေမိကြ​လေ့ရှိ​သော ဤလူ့​ဘောင်​အဖွဲ့အစည်းထဲတွင်
လူငယ်​တစ်​​ယောက်​ဆိုလိုက်​လျှင်​ လွတ်​လပ်​ခြင်း​၊စူးစမ်းခြင်း​​၊မျှော်​လင့်​ခြင်းတို့ဖြင့်​ အနာဂတ်​အ​ပေါ် မှီခိုမှု အားကြီး​သော ဖျတ်​လတ်​သည့်​ လူငယ်​တစ်​​ယောက်​ကို ပို၍ မြင်​​ယောင်​​ပေးတတ်​ကြ​လေသည်​။

မိန်းက​လေးဟု ​ပြောလိုက်​လျှင်​ ထိန်းချုပ်​ရခြင်း​တို့ဖြင့်​ အသားကျ​နေရပြီး လူငယ်​ဆိုသည့်​ တက်​ကြွမှု​တွေထဲမှ အချို့ကိုပါ ဖဲ့ထည့်​လိုက်​ရသကဲ့သို့ ဖြစ်​​နေရခြင်းကို ကျွန်​မ လက်​ခံ​နေရသည့်​တိုင်​ သိပ်​ပြီးမှ မကြိုက်​လှ​ပေ။ထို့​ကြောင့်​လည်း ကိုယ့်​ကိုယ်​ကိုယ်​ ပိုပြီး ​ရွေးချယ်​ခွင့်​များသည့်​ လူငယ်ဘဝကို ပိုပြီး ခံယူမိခြင်း ဖြစ်​သည်​။

လူငယ်​ဘဝတွင်​ ​ယောက်ျားမိန်းမ ခွဲခြားသတ်​မှတ်​ခြင်း အားနည်းသည်​။အနာဂတ်​တို့အ​ပေါ် စီးမိုး ​မျှော်​ကြည့်​​နေ​သော လတ်​ဆတ်​မှုမျိုးတို့ဖြင့်​ ပတ်​ဝန်းကျင်​၏ အားကိုးမှီခိုမှု အားကြီးသည်​။
အထူးသဖြင့်​ ​အရှိန်​အဟုန်​​ကောင်း​ကောင်းဖြင့်​ လွတ်​လပ်​​​ပေါ့ပါး​နေရတတ်​​သော ထိုလူငယ်​ဘဝကို ကျွန်​မ ပို၍ နှစ်​သက်​မိ​လေသည်​။

မိန်းက​လေးတစ်​​ယောက်​ပင်​ ဖြစ်​လင့်​ကစား လူငယ်​ဘဝသည်​ လူငယ်​ဘဝသာ ဖြစ်​​လေသည်။

I'm ATM.
Msu 021
Photo crd image

လူငယ်​ | Ecency