Life

Words
135
Reading
1 min
Listen
Play
8y

ဘဝဆိုတာ ရပ်​တန့်​​နေရမယ့်​ အရာမဟုတ်​ဘူး..
စူးစမ်းမှုရှာ​ဖွေမ၊ှု​ ​တွေ့ရှိမှု​တွေထဲက လူသား​တွေကို အကျိုးဖြစ်​ထွန်း​စေမယ့်​ အရာ​တွေကို ထမ်းပိုးသယ်​​ဆောင်​လာခဲ့ကြရတာသာ ဖြစ်​တယ်​။
သာမန်​ လူတစ်​​ယောက်​ရဲ့ ဦး​နှောက်​က ဆယ်​ရာခိုင်​နှုန်း နှိုးကြားပဲပါတယ်​တဲ့။ကျန်​ ကိုးဆယ်​ရာခိုင်​နှုန်းက ငြိမ်​သက်​​နေတယ်​..
အိုင်းစတိုင်းလို လူရဲ့ ဦး​နှောက်​​တောင်​မှ သာမန်​ထက်​ သုံး​လေး ရာခိုင်​နှုန်း​လောက်​ပဲ နိုးကြားတယ်​လို့ ဆိုပါတယ်​..။
အကယ်​၍များ လူသားတိုင်းရဲ့ ဦး​နှောက်​​တွေက ငါးဆယ်​ ရာခိုင်​နှုန်း​လောက်​ နိုးကြားလာမယ်​ဆိုရင်​​တောင်​ ကမ္ဘာကြီးရဲ့ ​ပြောင်းလဲမှု ​လောကကြီးရဲ့ ​ပြောင်းလဲသွားမှု​တွေက ဘယ်​လိုများ ရှိမလဲ မခန့်​မှန့်​တတ်​​အောင်​ပါပဲ။
ဦး​နှောက်​နိုးကြားတဲ့ လူတစ်​​ယောက်​ရဲ့ အ​တွေးအမြင်​​တွေက သာမန်​ထက်​ ပိုပြီး ဖွံ့ဖြိုး​နေ​လေ့ရှိပါတယ်​။
ဒါဆို အ​တွေးသစ်​ အမြင်​သစ်​​တွေရဲ့ ကုန်​ကြမ်းကို ဘယ်​ကယူမလဲ..။
ပတ်​ဝန်းကျင်​ကလား ။စာအုပ်​​တွေထဲကလား။ဒါမှ မဟုတ်​ ကိုယ်​တိုင်​ရဲ့ ဘဝအ​တွေ့အကြုံကလား..။
နိုးကြားတဲ့ ဦး​နှောက်​အတွက်​ ဖွံ့ဖြိုးတဲ့ အ​တွေး.. ဖွံ့ဖြိုးတဲ့အ​တွေး​တွေအတွက်​ ဖွံ့ဖြိုး​စေမယ့်​ ကုန်​ကြမ်း..
ကုန်​ကြမ်းရှာ​ဖွေမှုအတွက်​ ကိုယ်​တိုင်​ရဲ့ ကြိုးစားအားထုတ်​မှု...
ဒါ​တွေက တစ်​ခုနဲ့တစ်​ခု ချိတ်​ဆက်​ယှက်​နွယ်​​နေတဲ့ အပိုင်း​တွေပါပဲ။

"စာဖတ်​တဲ့ လူမျိုးသည်​ တိုးတက်​၍ တိုးတက်​​သော လူမျိုးတိုင်း စာဖတ်​ကြတယ်​ "တဲ့..။
ကုလသမဂ္ဂအ​ထွေ​ထွေ အတွင်း​ရေးမှူးချုပ်​​ဟောင်း ဦးသန့်​​ပြောခဲ့တဲ့ စကား​လေး..။
စာဖတ်​တဲ့အတွက်​ ​တွေးစရာ​တွေ ရလာတယ်​။ အဲ့ဒီ​တွေးစရာ​တွေက​နေ ​တွေ့ရှိမှု​တွေ ဖြစ်​လာတယ်​။ ​တွေ့ရှိမှု​တွေကို လက်​​တွေ့ အ​ကောင်​အထည်​​ဖော်​လာကြတယ်​။
ဦး​နှောက်​ရဲ့အလုပ်​လုပ်​မှု သို့မဟုတ်​ ဦး​နှောက်​ရဲ့ နှိုးကြားမှုအတွက်​ ဦး​နှောက်​ကို နှိုးထားတဲ့ စာ​ပေ​တွေအ​ကြောင်း သိလာကြတာက​နေ တဆင့်​ စာဖတ်​လာကြတယ်​..
စာဖတ်​မှုက​နေမှ အသိအမြင်​​တွေ အ​တွေးအ​ခေါ်​တွေ ပိုများပြားလာတဲ့အခါ လက်​​တွေ့စမ်းသပ်​မှု ရှာ​ဖွေမှု ​တွေ့ရှိမှု​တွေက​နေ ရုပ်​ဝတ္ထုတိုးတက်​မှု​တွေက ​ပြောင်​​မြောက်​လာကြတာပဲ ဖြစ်​ပါတယ်​..။

ဦး​နှောက်​ရဲ့ နိုးကြားမှုကို ရပ်​တန့်​ဖို့ ဘာကိုမှ မ​တွေး​ခေါ်ပဲ ၊ ဘာကိုမှ မစဉ်းစားပဲ ၊ဘယ်​အရာကိုမှလည်း မရှာ​ဖွေပဲ ​နေလိုက်​ပါ။
ဦး​နှောက်​ရဲ့ နိုးကြားမှု ရပ်​တန့်​သွားတာနဲ့ ဘဝရဲ့ တက်​လမ်းလည်း ​နှေး​ကွေးလာပါလိမ့်​မယ်​...။
အဲ့ဒီအခါ သက်​ရှိ​ကျောက်​ရုပ်​ဘဝကို အလိုလို ရရှိသွားမှာပဲ ဖြစ်​ပါတယ်​..။

#(ယုံချင်​ယုံ မယုံချင်​​နေ...)
ရေးချင်​လို့​ရေးတာ..
I'm ATM.

image

Life | Ecency