I'm ATM.

Words
40
Reading
1 min
8y
Listen to this post
~1 min

ငါလား..
သူ​တောင်းစားပါးပါး ဖြစ်​လာတယ်။
ရေနှစ်​ပက်​​လောက်​ချိုးပြီး တစ်​ရက်​လုံး ဖျားချင်​ဖျားမယ်​။
ဒါမှမဟုတ်​ တစ်​ခွက်​တစ်​ဖလားနဲ့​သောက်​ကြီး​သောက်​ကျယ်​ ​ပြောချင်​​ပြောမယ်​။
တောင်​ခြစ်​​မြောက်​ခြစ်​ စိတ်​​တွေ ပိုပြီး ယစ်​ချင်​ယစ်​မယ်​။
စကားမဲ့ ရင်​ခုန်​သံကို ​ကောက်​ဝါးချင်​လည်း ဝါး​နေမှာ​ပေါ့။
သောကဓမ္မာအ​ကြောင်း ​ကောင်း​ကောင်းတွက်​ချက်​ရင်း ​ဒေါသအမျက်​နဲ့လည်း အဆိပ်​တက်​ချင်​တက်​မယ်​။
ငါ့အတွက်​ ဖြစ်​ပျက်​တိုင်းကလည်း ​လေးနက်​တယ်​။
စိတ်​ပျက်​တိုင်းလည်း ​သွေးပျက်​တယ်​။
နှလုံးခုန်​သံကြမ်းကြမ်းနဲ့ ​စိတ်​သရမ်းပြီး ​လောကဝတ်​​ကျေဖို့ အပြင်းဆုံး ဒဏ်​ရာကို တ​ရေးနိုးပြီး မိုက်​တွင်းနက်​မယ်​...။
ငါ့ကိုယ်​ငါ ဆယ်​ယူဖို့ ဖြစ်​ပျက်​သူ​တောင်းစား လုံးလုံးလျားလျား ဖြစ်​လာနိုင်​တယ်​.။

I'm ATM. image