This content got low rating by people.
" လေဟာနယ် "
ကိုယ်တို့
အကြောင့်မဲ့သက်သက်
လွတ်မြောက်ပစ်လိုက်ကြရအောင်
နွေငြိမ်း
လွတ်လပ်စွာ ပွင့်လင်းစွာ
ပြီးတော့ အချုပ်အနှောင်မဲ့စွာနဲ့
လေဟုန်ဆီမှာ
စုံလုံးမှိတ် ကန်းပစ်လိုက်ကြတဲ့အထိ
မိုက်ရူးရဲဆန်ပစ်လိုက်ကြစို့ရဲ့...
တွဲလက်ပြုတ်သွားခြင်း အမှတ်တရ အပေါ်မှာ
ကိုယ်တို့ သီးသန့်စီ ခုံမင်ကြမယ်လေ...
ဗလာအခင်းအကျင်းနဲ့
စိတ်ဝပ်ကျင်းတွေထဲက
တောင်ပံဖြန့်ဖို့ သင့်ပြီလို့
ကိုယ်တို့ သဘောတူကြပြီးနောက်မှာ....
ဝေးကွာခြင်းလို့ သတ်မှတ်လို့မရတဲ့ လွတ်မြောက်ခြင်းနဲ့
ကိုယ်တို့ အကြောင်းမဲ့သက်သက်
လွတ်မြောက်ရင်း
ဗလာဆန်လိုက်ကြပါစို့...
နွေငြိမ်းရေ......။ ။
I'm ATM.
Photo crd