အရိပ်​ချို

Words
52
Reading
1 min
8y
Listen to this post
~1 min

*** အရိပ်ချို ***

အချစ်မပါပဲ
ဖွဲ့သီထားခဲ့ဖူးတဲ့
နေ့စွဲလေးတွေ
တလွန့်လွန့် ချိုမြလို့ ။

ထူးထူးကဲကဲ မဟုတ်ပါပဲ
စွဲမက်ခြင်းတွေမှာ
အစွဲအလမ်းကင်းတာ
ကိုယ်စီသိလို့ ။

လက်ခတ်သံအဆင့်မှာ
စောင်းကြိုးညှိရုံနဲ့
မှော်ရုံတောကို
ဝင်နှင့်ခဲ့ပြီးသား ။

ဖေးမကူထောက်ခြင်းက
အားပေးအားမြှောက်မဟုတ်ဘူးး
ဒါပေမဲ့
ရာဇဝင်တွေထက်
ထွဋ်မြတ်တဲ့ ကြိုးက
တိုးတိုးလို့ ရစ်ပတ်ခဲ့တယ် ။

ဆွတ်ဆွတ်ဖြူခဲ့ကြတုန်းကလည်း
အမုန်းမရှိဘူး ။

ဆေးစက်ကျရာမှာလည်း
မာနမထင်ဘူး ။

အရွက်ကျရာ အပင်ပေါက်ရတဲ့အချိန်မှာတောင်
တို့တွေ
ခုံခုံမင်မင် ပခုံးဖက်တတ်ဆဲ ။

တစ်ခါတစ်လေတော့လည်း
တမ်းတမ်းတတ
လွမ်းရတာကို
feeling ဆန်ဆန် ပြုံးမိရဲ့ ။

မှတ်မှတ်ရရ ငယ်ဘဝ

I'm ATM. image

အရိပ်​ချို | Ecency