Peaceful

Words
112
Reading
1 min
Listen
Play
8y

အိမ်ထောင် တစ်ခု အေးချမ်း
သာယာ တည်မြဲဖို့ . .

တော်တဲ့ မိန်းမ တစ်ယောက်က
အသိဥာဏ်ကို အမှီပြုပြီး
ကိုယ့် အိမ်ထောင်စုရဲ့
လိုအပ်တဲ့ နေရာကို လိုအပ်သလို
ပဲ့ပြင် ဆုံးမ ထိန်းကြောင်း ပြုပြင်
ဖာထေးပေးတတ် ပါတယ် . .

ညံ့တဲ့ မိန်းမ တစ်ယောက်က
ကိုယ့်အိမ်ထောင်ဖက် မိသားစု
ဝင်တွေ အပေါ်
နေ့ရှိသရွေ့ အချိန်ရသရွေ့
စောင်းလား မြောင်းလား ရွဲ့လား
ပြောဆို ခနဲ့ရင်း ရန်တွေ့ရင်း . .
ရှိရင်းစွဲ အချစ် သံယောဇဉ်တွေကိုပါ
လျော့ကျ ဖျက်ဆီးပစ်တတ် ပါတယ် . .

ပြီးရင်
ကိုယ်အသုံး မကျမှုကို
မမြင်တတ်ပဲ မဝန်ခံတတ်ပဲ
သူတပါးကို အပြစ် ပုံချရင်း . .
ကံတရားကိုပါ ရိုးမယ်ဖွဲ့တတ်ပြန်
ပါသေးတယ် .

မေတ္တာတရား ကို ရှေ့ထားဆက်ဆံမိတဲ့ အခါ
အရင်ဦးဆုးံ မိမိကိုယ်ကို အေးချမ်းတယ်လို့ ခံစားမိလာတယ်..

အပြုးံတွေပဲ ဆင်မြန်းပြီး သူတပါးကို
ပျော်ဖို့ ဖြည့်ဆည်းပေးလိုက်တဲ့အခါ
မိမိကိုယ်ကို အရင်းဆုးံ ပီတိဖြစ်ရတာပါပဲ..

စိတ်ချမ်းသာစေမယ့် စကားလေးတွေပဲ
ပြောဆို ဖေးမရင်း တွဲကူ ပေးလိုက်တဲ့အခါ
အရင်ဆုးံ မိမိကိုယ် ကို ယုံကြည်မိလာတော့တာပါပဲ..

ပေးဆပ်သူက ပိုင်ဆိုင်တယ်
ဖေးမထူသူက ကြံ့ခိုင်တယ်
အပြုးံပန်းဆင်သူက လူချစ်လူခင်ပေါတယ် ..

ကိုယ့်ကိုယ့်ကိုလည်း ရောင်းရဲတတ်လာပြီး လူပီသတယ်လို့
ခံစားမိလာတယ်..
လောက က အေးချမ်းပါတယ်..
ကျမတို့စိတ်တွေကသာ ပူလောင်ကြတာပါ..
အရာအားလုးံ နေသားတကျလည်ပတ်လို့နေပါတယ်..
တကယ်တော့ ဘဝဟာ နေတတ်ရင်အေးချမ်းပါတယ်..

ayenanda@ayenanda

Peaceful | Ecency