Hpakant

Words
207
Reading
1 min
Listen
Play
9y

Phar Kant Demowaiyen25.jpg_SAI6345 (1).jpg
နာမည်ကြီးသလောက် လူအသေအပျောက်များတဲ့ ဖားကန့် ။

မြေစာတစ်ခါပြို ရာဂဏန်းသေပေမဲ့ ဒါအဆန်းမဟုတ်ဘူးဆိုပြီး လက်ပိုက်ကြည့်နေတဲ့ ဖားကန့် ။

ဝန်ထမ်းတွေ ချမ်းသာ လမ်းတကာမှာ ဖိုးသမားပေါတဲ့ ဖားကန့်။

ဝ တွေက အနိုင်ယူ တိုင်းရင်းသား ကုမ္မဏီတွေ နလန်မထူနိုင်တော့တဲ့ ဖားကန့်။

ကျောက်စိမ်းနဲ့ မူးယစ်ဆေးဝါ ဆတူများ အလဲအထပ် လုပ်ထားသလား ထင်ရတဲ့ ဖားကန့်။

စာအုပ်ထဲက ဥပဒေ ရာသက်ပန် အိပ်နေတဲ့ ဖားကန့်။

စစ်ဗိုလ်ချုပ်တွေ ထင်သလိုလုပ် မျိုးပြုတ်တော့မဲ့ ဖားကန့်။

ပြည်သူ့ဘဝ လုံခြုံရေးဟာ မမြင်ရသေးတဲ့ လုပ်ကွက်ထဲက ကျောက်ခဲတစ်လုံးလောက်တောင် အစောင့်အရှောက်မခံရတဲ့ ဖားကန့်။

အရာရှိတွေ ဝင်ငွေကောင်းပြီး ခရိုနီတွေ ခေါင်းပေါင်းဖြူတဲ့ ဖားကန့်။

စစ်တပ်နဲ့ KIA ဝေလေလေ လုပ်ပြီး ဖာခန်း အခွန်ပါ ကောက်စားနေတဲ့ ဖားကန့်။

သေနတ် နှစ်လက်က အရပ်ဘက်ကို ရန်ဖြစ်ချင်ယောင် ဆောင်ပြီး ငွေရှာသူတွေ OK နေတဲ့ ဖားကန့်။

ကျောက်တွင်းကြီးတွေ နက်သလောက် ပြည်သူတွေ ဆင်းရဲတွင်း နက်နက်လာတဲ့ ဖားကန့်။

အစိုးရပြောင်းပေမဲ့ ဝန်ထမ်းတွေ ငွေရှာကောင်းနေဆဲ ဖားကန့် ။

ရေမဆေးတွေကို ထိန်းချုပ် ကုမ္မဏီတွေ ထင်သလို ခိုးလုပ်နေတဲ့ ဖားကန့်။

ငါးမန်းဂိမ်း လောင်းကစားရုံတွေကို ပြည်သူ့ရဲက လုံခြုံရေး ယူပေးနေတဲ့ ဖားကန့်။

ပြည့်တန်ဆာကို ချောဆွဲ လူကြီးဧည့်ခံပွဲ လုပ်နေတဲ့ ဖားကန့်။

မြို့ဆင်ခြေဖုံး ဖိုးသမားဂေဟာတွေနဲ့ နေရာတကာ ရာဘ ဆေးပြားဝယ်လို့ရတဲ့ ဖားကန့် ။

လိုင်စင်မဲ့ယဉ် ကိုးဆယ်ရာခိုင်နှုန်းနဲ့ ဝန်ထမ်းတွေပါ တရုန်းရုန်းစီးနေတဲ့ ဖားကန့်။

နေ့သခိုးပူ ညအိမ်ဖောက်ခံရ ရဲစခန်းတိုင်ကြပေမဲ့ တစ်ကြိမ်တစ်ခါမှ တရားခံဖမ်းမရတဲ့ ဖားကန့်။

တရုတ်သူဌေး ဝစ်သောက်တွေနဲ့ သောက်သောက်လဲ ဝင်ငွေကောင်းတဲ့ လဝက တွေရှိတဲ့ ဖားကန့်။

မြန်မာပြည်ဖွား တိုင်းရင်းသား ဖိုးသမားတွေ လမ်းတိုင်းရှိတဲ့ ဖားကန့်။

" ဖါးကန့်ဆိုတာ..... "

ဖုန်းလိုင်း မကောင်း တာကို
စိတ်ရှည်ပေးတဲ့ မြို့။

Internet သုံးရင်းမြို့ဦးစေတီမှာ
ဘုရားဖူးနေတဲ့မြို့။

ကျောက်စိမ်းနဲ့ လမ်းခင်း ရနေတာတောင်
ရွံ့ ဗွက် ထူထူ လမ်းတွေနဲ့  မာနကြီးတဲ့မြို့။

ကျောက်မျက်ကုမ္ပဏီများ စွန့်ပစ်မြေဇာတွေကြောင့်
ရေကြီးမှုကို သဘောဖြူ မနောဖြူ သည်းခံနေတဲ့မြို့။

လျှပ်စစ် မီတာခ တစ်ယူနစ် ရှစ်ရာကို
ကြည်ဖြူစွာပေးနေတဲ့မြို့ ။

လူဦးရေ သိန်းချီ နေတာကို ဆေးရုံ တခုနဲ့ 
ခပ်တည်တည် နေတဲ့ မြို့။

မူးယစ်ဆေးနဲ့  ရတနာကို ကြည်ဖြူစွာ
လှဲလှယ်ပေးနေတဲ့ မြို့။

ပေါက်ဖော်ကြီးတွေအလိုကျ ခရိုနီတွေ သွားရည်ကျ အောင်
မငြိုငြင် ဧည့်ဝတ်ကျေတဲ့ မြို့  ။

နဂါး နဲ့ ခြင်္သေ့ အို ကြီးတွေ
စွန့်ပစ်ထားတဲ့ မြေစာကို ခုံမင်စွာ ရှာဖွေစားသောက်နေတဲ့ မြို့။

တောင်ကို ရေကန် လျှိုမြှောင်ကို လွင်ပြင်
ချောင်း (ဥရု) ကို မြောင်း (ဥရု) အဖြစ်စွမ်းတဲ့
ဒေးဗစ်ကိုဗာဖီးတွေနေတဲ့ မြို့။

                                       Aung Zaw Htwe

FB_IMG_1500616618530.jpgFB_IMG_1500616627403.jpg

Hpakant | Ecency