ဒွိ

Words
41
Reading
1 min
Listen
Play
6y

လိုအပ်တဲ့အရာကို အရင်လုပ်ရင်
လိုချင်တဲ့အရာတွေ
တနေ့မှာ ပြည့်စုံလာလိမ့်မယ်။

တစ်ဘဝစာကို
ကြည့်မယ်ရည်ရွယ်ရင်
တခဏတာတွေကို
တခဏတာ မေ့ထားသင့်တယ်။

လိုချင်တက်မက်ဖို့ကောင်းတဲ့
တချို့အရာတွေဟာ
မင်းကို ငါးပါးသီလ
ကျိုးပေါက်စေအောင်
ဖျားယောင်ကြလိမ့်မယ်။

လူတစ်ယောက်ရဲ့
ဘဝကို ပုံဖော်တဲ့နေရာမှာ
စကားလုံးတွေ
အရေးအသားတွေဆိုတာ
အပေါ်ယံ ရွှေမှုံကြဲယုံပဲ
လုပ်ဆောင်ချက်တွေကသာ
ပြတ်သားတဲ့
ပုံရိပ်တွေကို ထပ်ဟပ်စေနိုင်မယ်။

အိပ်မက်တွေဟာ
လှပပေမဲ့ လက်တွေ့ဘဝမှာ
အခမဲ့ မက်လို့မရနိုင်ဘူး။

နေဝင်ချိန်ဆိုတာ
အလင်းပျောက်ကွယ်ဖို့
သတ်သတ်မဟုတ်ပါဘူး
မနက်ဖြန်အတွက်
အကောင်းဆုံး အလင်းပေးဖို့
အားယူတာပါ။

minca-sunsets-1200x675.jpeg

image from

ဒွိ | Ecency