"အတိတ်တစ္ဆေ"

Words
46
Reading
1 min
Listen
Play
7y

စိတ်အစဉ်က အရိပ်သွင်မြင်စဲရယ်မို့
သန်းခေါင်ယံတိုင်အောင် မမှေးစက်နိုင်ပဲ
အပြုံးတွေနဲ့ဝေနေတဲ့ လမင်းကြီးကို
ရင်ထဲက လွမ်းချင်းတစ်ပုဒ်
ရင်ဖွင့်လိုက်မိလေရဲ့။

ဥဩငှက်တွေ ကောင်းကင်ယံမှာ
ဖရိုဖရဲသံစဉ်တွေ ဆိုညည်းကြတဲ့ရာသီတစ်ခုတုန်းကပေါ့ သူနဲ့ကျွန်တော်
စတင်ဆုံစည်းခဲ့တယ်။

ကမ္ဘာဦးအစ အချစ်ဥယဉ်ထဲက
ထွက်လာတဲ့ လိပ်ပြာတွေရဲ့အတောင်ပံခတ်သံကြောင့်ထင်ရဲ့
ကျွန်တော့်နှလုံးသားတွေ အရည်ပျော်ကြကုန်တယ်။

စီးချင်းမထိုးရတဲ့ တိုက်ပွဲတစ်ခုမှာ
နှလုံးသားကို မြှားစွဲပြီး
သူမရဲ့ အရှေ့မှာ လက်မမြှောက်ပဲ
ဒူးထောက်ခဲ့ရတယ်ပေါ့။

အစိမ်းရောင်ရနံ့တွေ လွှမ်းထုံနေတဲ့
ပန်းဝတ်မှုန်မှာ အဆိပ်ရေတွေအပြည့်နဲ့ဆိုတာ နားမလည်ခဲ့မိဘူး။

လမင်းကြီးရယ် အပြုံးနဲ့တော့ မနှစ်သိမ့်ပါနဲ့ ကျွန်တော့်အဖြစ်က သွေးသားနဲ့ထုဆစ်ပေးခဲ့ပေမဲ့ ကိုယ့်ဂီတကို ကိုယ်တိုင်တီးခတ်ခွင့် မရလိုက်တဲ့ ဝက်သစ်ချ ပင်အိုပါရယ်လေ။past-lives-2-56a6ede63df78cf772910470.jpg
image source

"အတိတ်တစ္ဆေ" | Ecency