"အနာဂါတ်အတွက်"

Words
27
Reading
1 min
Listen
Play
7y

မနက်ဖြန်များစွာ ရှိနေသရွေ့တော့
မျှော်လင့်ချက်ဆိုတာလေး နဲ့အသက်ဆက်နေပါရစေ။
မျှော်လင့်ချက်ရှိနေသရွေ့လည်း
မြတ်နိုးတမ်းတစွာ ချစ်မိနေဦးမှာပါ။

ဘုရားမှာဦးချသစ္စာဆိုပြီး
ဆုတောင်းလို့ပြည့်မယ်ဆို ဆုတစ်ခုတော့တောင်းလိုက်ချင်ရဲ့။
ရင်ထဲက ခံစားချက်ကို ခံစားစာနာနားလည်နိုင်မဲ့ နှလုံးသားမျိုး မင်းမှာပါပါစေလို့လေ။

ဒါပေမဲ့လည်း ဒီဘဝမှာတော့
ကိုယ့်ရဲ့အချစ်တွေကို မင်းဆီကအသိအမှတ်ပြုခြင်းမခံခဲ့ရပါဘူး။
ဆိုင်သူရှိပြီးသားတဲ့လေ။
နောက်ဘဝဆိုတာ ရှိခဲ့ရင်တော့
သံသရာတကွေ့ ပြန်လာတွေ့တဲ့အခါ
ဆုံဆည်းပါရစေနော်။

106099582-1566942534804man-silhouette-overlooking-the-city-of-los-angeles-while-on-a-hike_t20_oekg7p.jpg
image source

"အနာဂါတ်အတွက်" | Ecency