Citicoline

Words
60
Reading
1 min
8y
Listen to this post
~1 min

image

Photo;Credit

Citicoline ​ဆေးသည်​ ဦး​နှောက်​​ဖော​ရောင်​ခြင်းကို ​လျော့ပါး​စေခြင်း၊​လေဖြတ်​ခြင်းနှင့်​ ဦး​နှောက်​ထိခိုက်​ဒဏ်​ရာရခြင်းတို့တွင်​ ​တွေ့ရတတ်​​သော ဦး​နှောက်​လုပ်​ငန်း​ပျက်​ပြားခြင်းကို သက်​သာ​စေ​သော​ဆေးတစ်​မျိုးဖြစ်​ပါသည်​။

ဆေးအသုံးပြုရန်​​ရောဂါ

လတ်​တ​လေဦး​နှောက်​ဒဏ်​ရာရခြင်းတို့တွင်​ အသုံးပြုကြပါသည်​။ဦး​နှောက်​​သွေး​ကြောပိတ်​၍ ​လေဖြတ်​ခြင်း၊ဦး​နှောက်​​သွေး​ကြော​ပေါက်​၍ ဦး​နှောက်​အတွင်း​သွေးယိုစီးမှု​ကြောင့်​ ​လေဖြတ်​ခြင်းစ​သော ဦး​နှောက်​​သွေး​ကြော​ရောဂါများတွင်​ အသုံးပြုရပါသည်​။

ဆေးအသုံးပြုပုံအညွှန်း

ထိုး​ဆေးနှင့်​စား​ဆေးဟူ၍ နှစ်​မျိုးရှိပါသည်​။ထိုး​ဆေးအဖြစ်​အသုံးမည်​ဆိုလျှင်​ ၁၀၀၀ မီလီဂရမ်​ကို တစ်​​နေ့တစ်​ကြိမ်​ အသား​ဆေး သို့မဟုတ်​ အ​ကြော​ဆေးအဖြစ်​ အသုံးပြုနိုင်​ပါသည်​။

ဘေးထွက်​ဆိုးကျိုးများ

ခန္ဓာကိုယ်​တစ်​ခုလုံး ပူရှိန်း​နေခြင်း ၊တံ​တွေးများခြင်း၊ကြွက်​တက်​ခြင်း၊နှလုံးခုန်​​နှေးခြင်း၊​သွေး​ပေါင်​ကျခြင်းတို့ ဖြစ်​တတ်​ပါသည်​။

သတိပြုရန်​နှင့်​​ရှောင်​ကျဉ်​ရန်

ဦး​နှောက်​​သွေးယိုစီးဆင်းမှု ရပ်​တံ့ခြင်းမရှိပါက ​ဆေးချိန်​ ၁၀၀၀ မီလီဂရမ်​ထက်​ ပိုမသုံးသင့်​ပါ။ကိုယ်​ဝန်​​ဆောင်​သည်​များနှင့်​ က​လေးနို့တိုက်​မိခင်​များ အလွန်​အ​ရေးကြီးမှ အသုံးပြုသင့်​ပါသည်​။
တစ်​ကိုယ်​လုံးကြွက်​သား ​တောင့်​တင်း​နေသူများ ​ဆေးနှင့်​ဓာတ်​မတည့်​သူများ ​ရှောင်​ကျဉ်​ရပါမည်​။

အားလုံးသိရှိနိုင်​ရန်​ ​ဆေးပညာဗဟုသုတအဖြစ်​ မျှ​ဝေ​ပေးလိုက်​ပါသည်​ခင်​ဗျာ။
ကျန်းမာခြင်းနှင့်​ပြည့်​စုံပြီး ကိုယ်​စိတ်​နှစ်​ဖြာ ရွှင်​နိုင်​ကြပါ​စေ​ကြောင်း ဆု​တောင်း​မေတ္တာ ပို့သအပ်​ပါသည်​ခင်​ဗျာ။

မြန်​မာ steemit ချစ်​သူအားလုံးအ​ပေါင်းကို အစဉ်​​လေးစားလျှက်​ပါ။

MSU
NO;017

Citicoline | Ecency