မူပိုင်ခွင့် ချိုးဖောက်မှု့နဲ့ Xiaomi ကို Coolpad မှ တရားစွဲမည်။
ဒီနှစ်ထဲမှာ တဒိုင်းဒိုင်း ဆက်တိုက်ဆိုသလို ဖုန်း Model အသစ်တွေ မိတ်ဆက်နေတဲ့ Xiaomi ဟာ များမကြာမီမှာ Coolpad နဲ့ တရားရုံးမှာ အမှု့ရင်ဆိုင်ရတော့မှာပါ။ ဒါကြောင့်မို့ Fans တွေအနေနဲ့ များမကြာခင် တရုတ်မှာ ပွဲကြီးပွဲကောင်းတော့ ကြည့်ရှု့ရပါတော့မယ်။
(တရုတ်အချင်းချင်း ထသတ်ကြပြီလေ။)
အခုလို Coolpad က Xiaomi ကို တရားစွဲရတဲ့ အဓိက အကြောင်းအရင်းက မူပိုင်ခွင့်ချိုးဖောက်မှု့လို့ သိရပါတယ်။ Coolpad ရဲ့ ဖော်ပြချက်ထဲမှာတော့ Xiaomi ဖုန်း Model 8 မျိုးပါရှိပြီး အဲ့ဒါတွေကတော့
- Mi Mix
- Redmi Note 4X
- Mi 6
- Mi Max 2
- Mi Note 3
- Redmi Note 5
- Redmi 5 Plus နဲ့
- Mi 5X တို့ပါ။
အဆိုပါ Model 8 မျိုးမှာ Coolpad ရဲ့ မူပိုင်နည်းပညာတခုခုကို ကူးယူအသုံးချထားတာကြောင့် တားမြစ်ပိတ်ပင်ဖို့ Coolpad က ဆိုထားပါတယ်။
(ဘာနည်းပညာကို မထားတာလဲကိုတော့ ရေရေရာရာ မသိရပါဘူး။)** သိတဲ့ ၊ ဘာသာပြန်နိုင်သူများ ပြောပြခဲ့ကြပါ။ **
Coolpad ကတော့ သူ့ရဲ့ နစ်နာဆုံးရှုံးမှု့အတွက် လျော်ကြေးကို ရယူလိုပုံရပြီး Xiaomi ကတော့ သူမဟုတ်သလို Products တစ်မျိုးပြီး တစ်မျိုး ဆက်လက်ထုတ်လုပ်ပြနေပါတယ်။
အခု ဖော်ပြပါ တရားစွဲဆိုမယ့်အကြောင်းကို Coolpad ရဲ့ လက်အောက်ခံ Company ဖြစ်တဲ့ Yulong Computer Technology က ဖော်ပြခဲ့တာဖြစ်ပြီး Shen Zhen တရားရုံးတော်ကိုလည်း အဆိုပါအမှု့ကို တင်ပြထားကြောင်း သိရပါတယ်။