True Bezel-Less Display နဲ့ ထပ်မံထွက်ရှိလာမယ်လို့ သတင်းထွက်ပေါ်လာတဲ့ Vivo NEX
တရုတ်နည်းပညာ Company ကြီး Vivo ဟာ ပြီးခဲ့တဲ့ Mobile World Congress (MWC 2018) မှာ True Bezel-Less Display နဲ့လို့ ဆိုနိုင်တဲ့ Vivo APEX Concept ဖုန်းကို ပွဲထုတ်ပြသခဲ့ပါတယ်။ အခု Vivo က အဆိုပါ Concept ဖုန်းဖြစ်တဲ့ Vivo APEX ဖုန်းနဲ့ Design ဆင်တူပြီး ဈေးကွက်ထဲကို ဖြန့်ချီတော့မယ့် Vivo NEX Smartphone ရဲ့ သတင်းထွက်ပေါ်လာပြီး ကြော်ငြာ Poster ပုံလည်း ထွက်ရှိလာပါပြီ။ ထွက်ရှိထားတဲ့ ကြော်ငြာ Poster ပုံက တရုတ်နိုင်ငံမှာရှိတဲ့ Vivo Retail Store မှာပါ။
99% Screen-to-Body Ratio ရှိမယ်လို့ ဆိုထားတဲ့ ဒီ Vivo NEX Smartphone ကို AI intelligent flagship လို့ Vivo က ဆိုထားပါတယ်။ MWC 2018 မှာ ပြသခဲ့တဲ့ APEX လိုပဲ Vivo NEX မှာ Pop-up Camera ပါရှိပြီး Chipset ကိုတော့ Snapdragon 845 Processor ကို အသုံးပြုထားမယ်လို့ သိရပါတယ်။ RAM 8 GB ပါရှိပြီး Android Version 8.0 နဲ့ မောင်းနှင်ကာ UI ကိုတော့ FunTouch OS 4.0 အသုံးပြုမယ်လို့ သိရပါတယ်။ ဒီတော့ True Bezel-Less Display နဲ့ Vivo NEX ကို စောင့်ကြည့်ကြပါစို့။