Sony products

Words
122
Reading
1 min
Listen
Play
8y

Smartphones နဲ့ Consumer Products တွေကို တဖြေးဖြေးချင်း လျှော့ချထုတ်လုပ်မယ်ဆိုလိုက်တဲ့ Sony

Japan နည်းပညာ Company တစ်ခုဖြစ်ပြီး တချိန်က Smartphone လောကမှာ နာမည်ရရှိခဲ့ကာ ယနေ့တိုင် အားပေးသူ Fans အမာခံတွေ ရှိနေသေးတဲ့ Sony က စိတ်မကောင်းစရာ သတင်းတစ်ခုကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲ့ဒါကတော့ Sony Company အနေနဲ့ လာမယ့် 3 နှစ်အတွင်း Smartphones နဲ့ အခြားသော Consumer Products တွေ ထုတ်လုပ်မှု့ကို လျှော့ချမှာ ဖြစ်တယ်လို့ ကြေညာခဲ့တာပါ။ ဒီကြေညာချက်ကို Sony ရဲ့ Chief Executive Officer ဖြစ်တဲ့ Kenichiro Yoshida က ပြောကြားခဲ့တာပါ။

Sony Company အနေနဲ့ Smartphones နဲ့ Consumer Products ထုတ်လုပ်မှု့ကနေ Gaming နဲ့ Entertainment ဘက်ကို အားစိုက်တော့မှာပါလို့ သိရပါတယ်။ ဒီလိုဆုံးဖြတ်ရတဲ့ အဓိက အကြောင်းတရားကတော့ တရုတ်နည်းပညာ Companies တွေရဲ့ တိုးတက်လာတဲ့ နည်းပညာနဲ့ ဈေးကွက်ဗျူဟာတွေကြောင့် ဖြစ်တယ်လို့လည်း သိရပါတယ်။ လက်ရှိမှာတော့ Sony ရဲ့ အခြားသော လုပ်ငန်းဖြစ်တဲ့ Semiconductor လုပ်ငန်းကတော့ ကောင်းမွန်နေတုန်းပါ။ အဆိုပါ လုပ်ငန်းကနေ iPhone, Xiaomi နဲ့ အခြားသော Smartphones Companies တွေအတွက် Camera Chips တွေကို ထုတ်လုပ်ပေးလျက်ရှိပြီး Sony ကလည်း အဆိုပါလုပ်ငန်းကိုတော့ ဆက်လက် လုပ်ကိုင်ဦးမှာပါလို့ ဆိုပါတယ်။ အခြားတစ်ဖက်မှာလည်း Play Station နဲ့ Network Gaming ဘက်မှာလည်း Sony က အမြတ်အစွန်း ရရှိနေပြီးတော့ အဆိုပါ လုပ်ငန်းအပိုင်းကို ဦးစားပေး ဆောင်ရွက်လုပ်ကိုင်တော့မှာလို့ သိရပါတယ်။ image

Sony products | Ecency