Mid-Range ဖုန်းဖြစ်မယ့် Galaxy J6 ကို Samsung မှ အိန္ဒိယတွင် ယနေ့ မိတ်ဆက်မည်။
အိန္ဒိယနိုင်ငံမှာ Smartphones Company တွေက အမြဲလိုလို အားပြိုင်လေ့ ရှိပါတယ်။ Xiaomi က Mid-Range ဖုန်းဖြစ်တဲ့ Redmi Note 5 pro ကို အိန္ဒိယမှာ မိတ်ဆက်ခဲ့ပြီးနောက်မှာ Oppo ကလည်း Realme 1 ဆိုပြီး Mid-Range ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ အခု Samsung ကပါ Galaxy J6 ဆိုပြီး ဒီနေ့မှာ မိတ်ဆက်တော့မှာဆိုတော့ အိန္ဒိယရဲ့ Mid-Range တန်း ဖုန်းနေရာမှာ ပွဲကြီးပွဲကောင်းတော့ ကြုံတွေ့ရတော့မှာပါ။
လက်တလော သိရတဲ့ Galaxy J6 ရဲ့ အချက်အလတ်တွေက
Display - Super AMOLED
(Infinity display)
Display Ratio - 18.5 : 9
RAM - 3/ 4 GB
Internal Memory - 32/ 64 GB
Chipset - Exynos 7870
Core - Octa-Core
SD Card - Yes
Rear Camera - 13 Megapixels
Front Camera - 8 Megapixels
OS - Android Version 8 (Oreo)
Battery - Unknown
ထွက်ရှိနေတဲ့ ခန့်မှန်းဈေးနှုန်းကတော့
RAM 3 GB နဲ့ Internal Memory 32 GB က
အိန္ဒိယငွေ 12990 ရူပီး (မြန်မာငွေ 2 သိန်း 6 သောင်း ဝန်းကျင်)RAM 4 GB နဲ့ Internal Memory 64 GB က
အိန္ဒိယငွေ 15990 ရူပီး (မြန်မာငွေ 3 သိန်း 2 သောင်း ဝန်းကျင်)