လက်ရှိရေပန်းစားနေတဲ့ Mi Note 3 နဲ့ ရောက်မလာသေးတဲ့ Mi 6x ကို အကြမ်းဖျင်း နှိုင်းယှဉ် သုံးသပ်ကြည့်ခြင်း။
Xiaomi က ပြီးခဲ့တဲ့ 2017 July မှာ Mi 5x ကို မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီအချိန်က တန်ဖိုးမြင့် Smartphones တွေမှာသာ ပါရှိတဲ့ Portrait Features ကို တန်ဖိုးအသင့်အတင့်နဲ့ လုပ်ဆောင်နိုင်တာကြောင့် Mi 5x ကို လူကြိုက်များခဲ့ပြီး ပစ္စည်းပြတ်သည်အထိ အားပေးမှု့ကို ရရှိခဲ့ပါတယ်။ ဒီလို အောင်မြင်ခဲ့မှု့ကို အခြေတည်ပြီး Mi 5x ရဲ့ နောက်မျိုးဆက်ဖြစ်တဲ့ Mi 6x ကို ပြီးခဲ့တဲ့ April မှာ ထပ်မံ မိတ်ဆက်ခဲ့ပါတယ်။
Mi Note 3 ကတော့ Xiaomi ရဲ့ Note Series ရဲ့ 3 ခုမြောက်ဖြစ်ပြီး တချိန်က အလွန်အောင်မြင်ခဲ့တဲ့ Mi Note/ pro ရဲ့ နေရာကို ပြန်လည် ရရှိခဲ့တဲ့ ဖုန်းလဲ ဖြစ်ပါတယ်။ သူ့အရင် Mi Note 2 တုန်းကတော့ အောင်မြင်မှု့ သိပ်မရခဲ့ပါဘူး။ ဒါပေမယ့် Mi Note 3 မှာ အားမရစရာတစ်ချက်က Mi 6 ကို Size အကြီးနဲ့ ပြန်လည် ထုတ်လုပ်ထားတဲ့ ပုံဖြစ်နေတာပါ။ ဒါပေမယ့် မျက်နှာပြင်အရွယ်အစားကြောင့် Mi 6 ထက် Mi Note 3 ကို လူကြိုက်ပိုများပါတယ်။ Mi Note 3 ကို Xiaomi က 2017 September မှာ မိတ်ဆက်ခဲ့ပါတယ်။
ကဲ ... ဒီတော့ လက်ရှိဈေးလည်း မတိမ်းမယိမ်းဖြစ်နေတဲ့ Mi Note 3 နဲ့ Mi 6x ကို အကြမ်းဖျင်းလေး လေ့လာကြည့်ရအောင်။
- Design
Design ပိုင်း ပြောပါဆိုရင်တော့ Mi Note 3 က အရှေ့အနောက် Glass ကို ဘေးပတ်ပတ်လည်က Aluminum ဘောင်ကွပ်လေးနဲ့ အချိုးကျ ပေါင်းစပ်ထားပါတယ်။ ဒီလို အရှေ့အနောက် မှန်သား Design လေးက ကိုင်ကြည့်တဲ့အခါ အထက်တန်းဆန်တဲ့ အထိအတွေ့ကို ရရှိစေနိုင်မှာပါ။ ဒါတင်မက အနောက်ဘက် Dual Camera က ဖုထွက်မနေပဲ တသားတည်းဖြစ်တဲ့အပြင် Fingerprint ကလည်း အရှေ့ဘက်မှာ ရှိတာကြောင့် အလွန်ရိုးရှင်းတဲ့ Design လေးပါ။
Mi 6x ကတော့ ရှေ့ဘက်မှန်ကိုမှ အနောက်ဘက်က Aluminum ကိုယ်ထည်က ငုံထားသလို Design နဲ့ပါ။ Mi 5x တုန်းက Apple ရဲ့ iPhone Design နဲ့ ခပ်ဆင်ဆင်ဖြစ်ခဲ့သလို အခု Mi 6x လည်း ထူးမခြားနားပါပဲ။ ဒါတင်မက နောက်ကျောဘက်က Camera ဒေါင်လိုက် Design က Redmi Note 5 pro နဲ့ နင်လားငါလားပါ။ Fingerprint ကတော့ နောက်ကျောဘက်မှာ ရှိပါတယ်။
Design ကို သုံးသပ်ပေးပါဆိုရင်တော့ အသုံးပြုမယ့်သူရဲ့ အကြိုက်ကို မေးရပါမယ်။
Glass နဲ့ Design ကို ကြိုက်လား ?
Metal နဲ့ Design ကို ကြိုက်သလား ?
ဒီလို ကြိုက်တာအပေါ်မူတည်ပြီး Mi 6x နဲ့ Mi Note 3 ရဲ့ Design ပိုင်းရလဒ် ပြောင်းလဲသွားပါမယ်။ တစ်ခုရှိတာက Glass Body ကတော့ အတော် ဂရုစိုက်ရပါတယ်။ လွတ်ကျရင် ခွပ်ပဲ။ Metal Body ကတော့ ပိန်သွားရုံမှတပါး အခြားမရှိ။Display
အချို့သော ဖုန်းအသုံးပြုသူတွေက Display ကို ဦးစားပေးကြည့်လေ့ ရှိပါတယ်။ Mi Note 3 ရဲ့ Display က 5.5 လက်မရှိပါတယ်။ Mi 6x ကတော့ 5.99 လက်မရှိပါတယ်။ ဒါက ထောင့်ဖြတ်တိုင်းတာပါ။ ဖုန်းနှစ်လုံးစလုံး LTPS IPS LCD Capacitive Touchscreen ကို အသုံးပြုထားပါတယ်။ Resolution အပိုင်းမှာတော့ Mi Note 3 က 1080 x 1920 Pixels ရှိပြီး Mi 6x က 1080 x 2160 Pixels ပါ။ Mi 6x က အနည်းငယ်များတယ်ဆိုပေမယ့် ထောင့်ဖြတ်အတိုင်းအတာအရ သိသာမှာ မဟုတ်ပါဘူး။ Display Ratio မှာတော့ Mi Note 3 က 16 : 9 ဖြစ်ပြီး Mi 6x ကတော့ နောက်ထွက်ပီပီ ခေတ်စားနေတဲ့ 18 : 9 ပါ။ Display မာကျောမှု့အပိုင်းမှာတော့ Mi 6x က Corning Gorilla Glass 3 ဖြစ်ပြီး Mi Note 3 က Corning Gorilla Glass 4 ပါ။
Display ကို သုံးသပ်ရရင် Mi Note 3 နဲ့ Mi 6x က မတိမ်းမယိမ်းပါပဲ။ ဒါပေမယ့် ခေတ်အရ ပြောရရင် Mi 6x က Full View 18 : 9 ဖြစ်တာမို့ ကောင်းမွန်သင့်တော်တယ်လို့ ပြောပါရစေ။
Chipset
ဖုန်းတစ်လုံးအကြောင်းကို စကြည့်ပြီဆို Chipset ကိုလည်း အလေးထားပြီး ကြည့်သင့်ပါတယ်။ Mi 6x ရော Mi Note 3 ရော နှစ်ခုလုံး Snapdragon 660 ကို အသုံးပြုထားပြီး Core ကလည်း နှစ်ခုလုံး Octa-Core မို့ Performance မှာတော့ သူလဲမသာ ကိုယ်လဲအသုဘပါ။ ဒါတင်မက Graphic ကလည်း နှစ်ခုလုံး Adreno 512 ပါပဲ။ ဒီတော့ စဉ်းစားရကြပ်သွားပြီပေါ့။ ဒါပေမယ့် တစ်ခုရှိတာက AIE ဆိုတဲ့ Artificial Intelligence Engine ပါ။ Mi Note 3 မှာက AI ဆိုလို့ Selfie မှာပဲ AI Beauty Features ပဲ ပါရှိတာပါ။ Mi 6x ကတော့ Camera အပြင် Power Management မှာပါ AI ပါရှိပါတယ်။ Mi Note 3 မှာတော့ AI မပါရှိပါဘူး။ ဒီတော့ Chipset အပိုင်းမှာတော့ Mi 6x နဲ့ Mi Note 3 က အတူတူပေမယ့် Mi 6x ကို အားရမိပါတယ်။ Graphic မှာတော့ Mi 6x ရော Mi Note 3 ရော နှစ်ခုလုံး Adreno 512 ကို အသုံးပြုထားကြပါတယ်။Camera
အခုခေတ်ဖုန်းတွေက ဖုန်းပြောရုံတင်မကတော့ပါဘူး။ Camera ပိုင်းကိုပါ အလေးပေးပြီး အဆင့်မြှင့်လာကြပါတယ်။ အခု Mi 6x မှာလည်း ထိုနည်းလည်းကောင်းပါပဲ။ Mi 6x ရဲ့ နောက်ကျော်ဘက်က Camera နှစ်ခုမှာတော့ တစ်လုံးက 12 Megapixels (f/1.8, 1/2.9", 1.25µm) ရှိပြီး နောက်တစ်လုံးက 20 Megapixels (f/1.8, 1/2.8", 1.0µm) ရှိပါတယ်။ ဒါတင်မက Mi 6x ရဲ့ နောက်ကျောဘက် Dual Camera ဟာ အင်္ဂလိပ် ၊ ပြင်သစ် ၊ ဂျာမန် ၊ ဂျပန် ၊ ကိုရီးယားနဲ့ အိန္ဒိယ စာလုံးတွေကို တချိန်တည်းမှာ (Real-Time Translations) အနေနဲ့ ဘာသာပြန်ပေးနိုင်ပါတယ်။ ဒါပေမယ့် စိတ်မကောင်းစရာက တရုတ်လိုပဲ ဘာသာပြန်ပေးမှာလို့ သိရပါတယ်။
Mi Note 3 ရဲ့ နောက်ကျောဘက်က Camera နှစ်ခုမှာ တစ်လုံးက 12 Megapixels (f/1.8, 27mm) နဲ့ နောက်တစ်လုံးက 12 Megapixels (f/2.6, 52mm) ရှိပါတယ်။ Camera ပိုင်းမှာတော့ Mi Note 3 က လက်ရှိ အားအရဆုံးလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် AI နည်းပညာ သိပ်ခေတ်မစားသေးတဲ့အချိန်မှာ ထွက်ရှိခဲ့တဲ့အတွက် AI Features တော့ မပါဝင်ပါဘူး။ အရှေ့ဘက် Selfie Camera မှာတော့ Mi 6x က 20 Megapixels (f/1.8, 1/2.8", 1.0µm) ရှိပြီး Mi Note 3 ကတော့ 16 Megapixels (2.0µm) ရှိပါတယ်။ ဒါတင်မက Selfie မှာတော့ Mi Note 3 က AI Beauty Features ပါရှိပါတယ်။ Mi 6xရဲ့ Selfie Camera ကတော့ တစ်လုံးတည်းပေမယ့် Portrait Selfie ရိုက်ကူးနိုင်ပါတယ်။ အဲ့ဒီ Portrait Selfie ကို Mi Note 3 မှာ မရပါဘူး။
Camera အပိုင်းကို သုံးသပ်ရရင် Mi 6x နဲ့ Mi Note 3 က အတူတူ ထူးမခြားနားပေမယ့် Selfie မှာတော့ Mi 6x က ပိုမိုသာလွန်ကောင်းမွန်ပါလိမ့်မယ်။
- Battery
Battery ကလည်း Smartphones တွေမှာ အရေးပါပါတယ်။ Mi 6x မှာ Battery 3010 mAh ပါရှိပြီး Mi Note 3 မှာတော့ 3500 mAh ပါရှိပါတယ်။ ဖုန်းနှစ်ခုလုံး USB Type-C ဖြစ်ပြီးတော့ အားသွင်းမြန်တဲ့ Quick Charge 3.0 လည်း ပါရှိပါတယ်။ ဒီတော့ကာ Battery မှာတော့ Mi Note 3 က Mi 6x ထက် ပိုကောင်းပါတယ်။ ဒါပေမယ့် Mi 6x မှာ ပါလာမယ့် AI Smart Powering Function ကိုတော့ စောင့်ကြည့်ရပါမယ်။
Gamer တွေအတွက်ကတော့ Mi 6x ကို လှည့်မကြည့်ပါနဲ့။ ဘာလို့လဲဆိုတော့ Mi 6x က CPU နဲ့ GPU ကောင်းမွန်နေသော်ငြား Aluminium Body နဲ့ Battery Capacity က Gaming အတွက် အဆင်ပြေမှာ မဟုတ်ပါဘူး။ AI Smart Powering Function နဲ့ Quick Charge 3.0 ပါတယ်ပဲဆိုဆို Online Gaming ဆော့တဲ့အခါ Charger ကြိုးတန်းလန်းနဲ့ ဆော့ရနိုင်ပါတယ်။ ဒါကြောင့် Gaming အပိုင်းမှာတော့ Mi Note 3 က Mi 6x ထက် အနည်းငယ်ပိုကောင်းတယ်လို့ ပြောပါရစေ။
- Audio
Audio အပိုင်းမှာတော့ Mi 6x ရဲ့ Speaker က Mono ဖြစ်ပြီးတော့ Mi Note 3 ရဲ့ Speaker က Stereo ပါ။ ဒါကတော့ သုံးမယ့်သူရဲ့ အကြိုက်အပေါ် မူတည်ပါမယ်။ နားကြပ်ပေါက် (3.5 mm Jack) ကတော့ ဖုန်းနှစ်ခုလုံးမှာ မပါရှိပါဘူး။ ဒါပေမယ့် နားကြပ်နဲ့ နားထောင်ဖို့ Type-C to 3.5 mm Audio Connector လေးကတော့ Original ပါလာပါမယ်။ ဒီတော့ နားကြပ်နဲ့ နားထောင်ရဖို့အရေး Mi 6x ရော Mi Note 3 ရော နှစ်ခုလုံးက Connector ဆောင်ထားရတဲ့ ဒုက္ခတော့ ပိုပါမယ်။
Audio အပိုင်းကို သုံးသပ်ရရင် အတူတူပါပဲ။ Mi 6x ရော Mi Note 3 ရော ဘယ်သူမှ ထူးသွားတာ မရှိပါဘူး။ နားကြပ်ပေါက် မပါပေမယ့် ဖုန်းနှစ်ခုလုံးက Water Resistance (ရေစိုခံ) ဖို့နေနေသာသာ Mi 6 လို Splash Resistance (ရေစင်ခံ) တယ်လို့တောင် Xiaomi က မပြောထားပါဘူး။ Mi 6x ကတော့ Body ပါးသွားတဲ့အတွက် နားကြပ်ပေါက်မပါတာကို နားလည်ပေးနိုင်ပေမယ့် Mi Note 3 ကတော့ ဂွကျပါတယ်။ Mi 6 ကို အကြီးချဲ့ထားတဲ့ပုံဖြစ်တာမို့ Mi Note 3 မှာလည်း နားကြပ်ပေါက် မပါတာ ဖြစ်လောက်ပါမယ်။
- အကျဉ်းချုပ်
Post လဲ ရှည်နေတော့ အကျဉ်းချုပ်ရအောင်။ Mi 6x နဲ့ Mi Note 3 ကို နှိုင်းယှဉ်ပါဆို အတူတူနဲ့ အနူနူပါလို့ ပြောရပါမယ်။ Battery မှာတော့ Mi Note 3 နည်းနည်းပိုများပြီးတော့ Power ခန့်ခွဲမှု့အပိုင်းမှာတော့ Mi 6x က ကောင်းမွန်ပါတယ်။ Selfie ကြိုက်တဲ့ ကိုကို ၊ မမ တွေအတွက်ကတော့ Mi 6x က အနည်းငယ် ပိုကောင်းပါမယ်။ (Portrait Selfie လဲ ရတာကိုး။)
Gaming မှာတော့ ဖုန်းနှစ်လုံးစလုံးက Gaming အတွက် ရည်ရွယ်ထားတာ မဟုတ်တာကြောင့် Cooling System မပါဝင်ပါဘူး။ Gaming အပိုင်းမှာ နှစ်လုံးစလုံး သဘောအကျကြီး မဟုတ်ပေမယ့် Mi Note 3 က ပိုကောင်းပါလိမ့်မယ်။ Mi 6x ရဲ့ ပါးလွှာပြီး Aluminum Body ဖြစ်နေတာက Mi Note 3 ထက် အပူအနည်းငယ် တက်နိုင်သလို အပူမြန်ပါလိမ့်မယ်။
ဒါကြောင့် နိဂျုံးခုတ်ရရင် Glass နောက်ဖုံး ၊ သာမန် Ratio နဲ့ Camera မဖုပဲ Battery အသင့်အတင့်အပြင် Fingerprint အရှေ့မှာပါတာကို ကြိုက်သူတွေအတွက် Mi Note 3 ကို ရွေးချယ်သင့်သလို ခေတ်မီ 18 : 9 နဲ့ Aluminum Body အပြင် Camera ပိုင်းအဓိကထားလိုပြီး Selfie ရိုက်ရတာ ဝါသနာပါသူတွေအတွက်ကတော့ Mi 6x ကို ရွေးချယ်သင့်ပါကြောင်း။