မိတ်မဆက်ရသေးတဲ့ Mi 8 ရဲ့ ဈေးနှုန်းပုံများ ထွက်ရှိလာ။
Xiaomi က Company 8 နှစ်ပြည့်အဖြစ် မိတ်ဆက်မယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ Mi 8 ရဲ့ Price List ပုံရိပ်တွေဟာ တရုတ်လူမှု့ကွန်ယက်ဖြစ်တဲ့ Weibo မှာ ထွက်ပေါ်လာခဲ့ပါတယ်။ ထွက်ရှိလာတဲ့ ပုံနှစ်ပုံမှာ ပထမပုံမှာ ပါရှိတဲ့ ဈေးနှုန်းက
RAM 6 GB နဲ့ Memory 64 GB ကို 2799 ယွမ် (မြန်မာငွေ 5 သိန်း 9 သောင်း ဝန်းကျင်) နဲ့
RAM 6 GB နဲ့ Memory 128 GB ကို 3199 ယွမ် (မြန်မာငွေ 6 သိန်း 7 သောင်း ဝန်းကျင်) ပါ။
ဒုတိယပုံမှာ ပါရှိတဲ့ ဈေးနှုန်းက
RAM 6 GB နဲ့ Memory 64 GB ကို 3599 ယွမ် (မြန်မာငွေ 7 သိန်း 6 သောင်း ဝန်းကျင်)
RAM 8 GB နဲ့ Memory 128 GB ကို 4099 ယွမ် (မြန်မာငွေ 8 သိန်း 6 သောင်း ဝန်းကျင်)
RAM 8 GB နဲ့ Memory 256 GB ကို 4499 ယွမ် (မြန်မာငွေ 9 သိန်း 5 သောင်း ဝန်းကျင်) နဲ့
RAM 8 GB နဲ့ Memory 512 GB ကို 4899 ယွမ် (မြန်မာငွေ 10 သိန်း 3 သောင်း ဝန်းကျင်) ပါ။
ထွက်ရှိလာတဲ့ ပုံအရ Mi 8 မှာ 6 လက်မ မျက်နှာပြင် ၊ 3D Face Recognition ၊ Snapdragon 845 Chipset နဲ့ AIE ဆိုတဲ့ Artificial Intelligence Engineတို့ ပါရှိပါတယ်။ ဈေးနှုန်းမှာတော့ Flagship ပီပီ ဈေးလည်း အတော်ကြီးမြင့်ပါတယ်။ (ဒုတိယပုံကဈေးက ပိုဆိုး 😁😁)
ဒါပေမယ့် Xiaomi က တရားဝင် မကြေငြာသေးတာမို့ အခု ပုံရိပ်တွေနဲ့ သတင်းဟာ ရာနှုန်းပြည့် မမှန်ကန်နိုင်ပါဘူး။ တကယ့် Mi 8 ကို Xiaomi က မိတ်ဆက်မှာလားနဲ့ ဈေးနှုန်းက ဒီအတိုင်း ဖြစ်လာမှာလားကတော့ မိတ်ဆက်ပွဲနေ့ကို စောင့်ကြည့်ရပါမယ်။