Mi 7 အပြင် 8 နှစ်ပြည့်အမှတ်တရ ဖုန်းကို မိတ်ဆက်နိုင်တဲ့ Xiaomi
ဒီနှစ် 2018 မှာ ခနခန ဖုန်း Model အသစ်တွေ မိတ်ဆက်လို့ Fans တွေ စိတ်ပျက်နေတဲ့ Xiaomi ဟာ Mi 7 Smartphone ကို လာမယ့် May 25 ရက်နေ့မှာ ထပ်မံမိတ်ဆက်ဆက်နိုင်တယ်လို့ ခန့်မှန်းသတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ကြော်ငြာ Poster တွေနဲ့ ခန့်မှန်းပုံရိပ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီလို ထွက်ရှိလာတဲ့ ခန့်မှန်းပုံရိပ်တွေမှာ Mi 7 Smartphone ဟာ မျက်နှာပြင်အပြည့်ဖြစ်ပြီး iPhone X လို Notch Design နဲ့ပါ။ Xiaomi Fans အများစုကတော့ ဒီ Design ကို မကြိုက်ကြပါဘူး။ ဒါပေမယ့် ဝမ်းသာစရာတစ်ခုက Xiaomi က ဒီသတင်းတွေကို မှတ်ချက်မပေးသေးပါဘူး။
လက်ရှိသိရှိရတဲ့ သတင်းတွေအရ Xiaomi ဟာ Mi 7 အပြင် သူ့ရဲ့ Company သက်တမ်း 8 နှစ်ပြည့် အထိမ်းအမှတ်အဖြစ် 8 နှစ်ပြည့်အမှတ်တရဖုန်းကိုပါ ထပ်မံ မိတ်ဆက်နိုင်မယ်လို့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေပါတယ်။ ဒါကြောင့် လာမယ့် May 25 ရက်မှာ Xiaomi က Mi 7 အပြင် 8 နှစ်ပြည့် အမှတ်တရဖုန်းကိုပါ မိတ်ဆက်မလားကတော့ စောင့်ကြည့်ရပါမယ်။ 2010 ခုနှစ် April 6 ရက်မှာ စတင်တည်ထောင်ခဲ့တဲ့ Xiaomi ဟာ ပြီးခဲ့တဲ့ April 6 ရက်နေ့မှာ Company သက်တမ်း 8 နှစ်ပြည့်မြောက်ခဲ့ပါပြီ။ တည်ထောင်သူက Lei Jun ဖြစ်ပြီးတော့ တွဲဖက်တည်ထောင်သူ 7 ဦးနဲ့ Xiaomi ကို စတင်တည်ထောင်ခဲ့တာပါ။